သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့ဒဏ်ခတ်မှု စောင့်ကြည့်မယ့် အဖွဲ့သစ်ဖွဲ့စည်းမှုအပေါ် မြောက်ကိုရီးယားဝေဖန်


မြောက်ကိုရီးယားနယ်စပ်မှာ လွှင့်ထူးထားတဲ့ မြောက်ကိုရီးယားအလံ
မြောက်ကိုရီးယားနယ်စပ်မှာ လွှင့်ထူးထားတဲ့ မြောက်ကိုရီးယားအလံ

မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာတွေကို စောင့်ကြည့်သွားမယ့် အဖွဲ့တဖွဲ့ကို အမေရိကန်က ဦးဆောင်ဖွဲ့စည်းလိုက်တဲ့အပေါ် ဥပဒေမဲ့ တရားဝင်မှုမရှိတဲ့ လုပ်ရပ်အဖြစ် မြောက်ကိုရီးယား ထိပ်တန်းသံတမန်က ဒီကနေ့ပဲ ဝေဖန်လိုက်ပါတယ်။

အဖွဲ့ထဲမှာ ပါဝင်တဲ့ နိုင်ငံတွေအနေနဲ့ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့လည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui ရဲ့ ကြေညာချက်မှာ သတိပေးခဲ့တာပါ။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တခြားလက်နက် လုပ်ငန်းတွေအပေါ် တားမြစ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်မှုတွေကို စောင့်ကြည့်မယ့် ကုလသမဂ္ဂ ကျွမ်းကျင်သူအဖွဲ့ နောက်ထပ်သက်တမ်းတိုးမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ မတ်လထဲ ရုရှားက ဗီတိုအာဏာသုံး ပယ်ချခဲ့ပြီးနောက်၊ အဖွဲ့ဝင် ၁၁ ဦးပါတဲ့ အဖွဲ့သစ်ကို ဒီလဆန်းမှာပဲ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

ရုရှားက ဗီတိုအာဏာနဲ့ ကန့်ကွက်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားအပေါ် အရေးယူဒဏ်ခတ်မှုတွေကို စောင့်ကြည့်နိုင်မယ့် တခြားနည်းလမ်းတွေကို တောင်ကိုရီးယားက မဟာမိတ်တွေနဲ့အတူ ရှာဖွေခဲ့ပြီး၊ အမေရိကန်အပါအဝင် အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်တာပါ။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကတော့ အဖွဲ့သစ်ဟာ တရားဝင်မှု မရှိကြောင်းနဲ့ ကုလသမဂ္ဂ ပဋိဉာဉ်ကို ဖောက်ဖျက်ရာရောက်ကြောင်း နိုင်ငံပိုင် KCNA သတင်းမှာ ဖော်ပြခဲ့တဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

ယူကရိန်းအပေါ် ကျုးကျော်တိုက်ခိုက်နေတဲ့ ရုရှားကို စစ်ကူအဖြစ် တပ်ဖွဲ့တွေ အလုံးအရင်းနဲ့ စေလွှတ်ထားပြီး၊ အထူးတပ်ဖွဲ့ဝင် ၁၅၀၀ လောက်ဟာလည်း ရုရှားမှာ လေ့ကျင့်နေပြီလို့ဆိုတဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးဌာန အစီရင်ခံစာ ထွက်ပေါ်လာချိန်မှာပဲ မြောက်ကိုရီးယားက ဝေဖန်လိုက်တာပါ။ တောင်ကိုရီးယား ထောက်လှမ်းရေး အစီရင်ခံစာမှာတော့ ရုရှားအတွက် မြောက်ကိုရီးယားက လက်နက်တွေ တင်ပို့နေတယ်လို့လည်း ဖော်ပြထားပါတယ်။

Forum

XS
SM
MD
LG