သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား-မြောက်ကိုရီးယား လုံခြုံရေးသဘောတူညီချက် ကန်သတိထားစောင့်ကြည့်

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kurt Campbell
အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kurt Campbell

ရုရှားနဲ့မြောက်ကိုရီးယားနိုင်ငံတို့ကြား အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်သစ်အပေါ် အမေရိကန်ပြည်ထောင်စုက ဂရုတစိုက်လေ့လာနေပါတယ်။ ဒီသဘောတူညီမှုစာချုပ်အရ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ တာဝေးပစ်မစ်ဇိုင်းဒုံးကျည် အစီအစဥ်တွေအပေါ် အထောက်အပံ့တွေဖြစ်လာနိုင်တယ်လို့ အမေရိကန်က ယုံကြည်နေပါတယ်။

ကာကွယ်ရေးသဘောတူညီမှုစာချုပ်လက်မှတ်ထိုးလိုက်ပြီးတဲ့နောက် မြောက်ကိုရီးယားနဲ့ သူ့ရဲ့ ရေရှည်မဟာမိတ် တရုတ်နိုင်ငံတို့ကြားမှာလည်း တင်းမာတဲ့လက္ခဏာတွေတွေ့နေရတယ်လို့ အမေရိကန်က ပြောပါတယ်။ အရှေ့မြောက်အာရှဒေသမှာ အကျပ်အတည်းတွေဆိုက်လာစေနိုင်တဲ့ ရန်လိုတဲ့ခြေလှမ်းတွေကို မြောက်ကိုရီးယားက စတင်လာမှာကိုတရုတ်နိုင်ငံက စိုးရိမ်ပုံရတယ်လို့ အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Kurt Campbell က တနင်္လာနေ့မှာပြောပါတယ်။ အင်ဒို-ပစိဖိတ်ဒေသတွင်း အမေရိကန်ရဲ့ မဟာဗျူဟာတွေတည်တံ့ရေး နိုင်ငံခြားဆက်ဆံရေးကောင်စီမှာကျင်းပတဲ့ အစည်းအဝေးမိန့်ခွန်းမှာ Mr Cambell ကအဲဒီလိုပြောဆိုသွားတာပါ။

ကာကွယ်ရေးသဘောတူညီမှုနဲ့ပတ်သက်လို့ နောက်ထပ်ဆောင်ရွက်ရမယ့်လုပ်ငန်းစဥ်တွေ ပိုမိုရှင်းလင်းသွားအောင် တောင်ကိုရီးယားအရာရှိတွေနဲ့ တနင်္ဂနွေနေ့ကဖုန်းနဲ့ ပြောဆိုဆွေးနွေးခဲ့တယ်လို့လည်း အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး Campbell ကပြောပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို ပြီးခဲ့တဲ့တပတ်မှာ သွားရောက်လည်ပတ်ခဲ့တာပါ။ ရုရှားနဲ့ မြောက်ကိုရီးယားတို့ကြား ပူးပေါင်းဆောင်ရွက်မှုတွေမှာ အကန့်အသတ်တွေရှိနေတယ်ဆိုပေမယ့် လျစ်လျူရှုထားလို့မရဘူးလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှား-မြောက်ကိုရီးယား လုံခြုံရေးသဘောတူညီချက် ကန်သတိထားစောင့်ကြည့်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

This item is part of

Forum

XS
SM
MD
LG