သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတပူတင် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံ


Russia North Korea
Russia North Korea

ရုရှားသမ္မတ ဗလာဒီမာပူတင်က မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေး (Choe Son Hui) ကို ကရင်မလင်မှာ အင်္ဂါနေ့ညနေက လက်ခံတွေ့ဆုံပါတယ်။ မော်စကိုနဲ့ ပြုံယမ်းကြား လက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရှိနေတယ်လို့ စွပ်စွဲကြပြီး ရတက်မအေးဖြစ်နေချိန်မှာ ခုလို တွေ့ဆုံကြတာဖြစ်ပါတယ်။

အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ မစ္စချိုဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ဗ်နဲ့တွေ့ဆုံခဲ့ပါသေးတယ်။ ကုလသမဂ္ဂမှာ မြောက်ကိုရီးယားကို ကျနော်တို့က အမြဲထောက်ခံခဲ့ပြီး ယူကရိန်းမှာ ကျနော်တို့ရဲ့ အထူးစစ်ဆင်ရေး အပါအဝင် ရုရှားကို အလားတူထောက်ခံတာအပေါ် ကျနော်တို့ အလေးထား အသိအမှတ်ပြုပါကြောင်း မစ္စတာ လက်ဗ်ရော့ဗ်က ပြောခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့အစီအစဥ်တွေနဲ့အညီ မိတ်ဆွေရင်းချာ ဆက်ဆံရေး ဖြစ်ပေါ်တိုးတက်နေတာကို ဒီ အစည်းအဝေးက ပြသတာဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။ ယူကရိန်းမှာအသုံးပြုဖို့ ရုရှား ကို လက်နက်တွေနဲ့ ဒုံးကျည်တွေ မြောက်ကိုရီးယားက ပို့ခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စွပ်စွဲထားကြတာပါ။ ယူကရိန်းကိုတိုက်ခိုက်ရာမှာ မြောက်ကိုရီးယားကပေးတဲ့ ပဲ့ထိန်းတပ်ဒုံးကျည်ကို ရုရှားက အသုံးပြုခဲ့ပြီးပြီလို့ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ ဂျွန်ကာဘီက ဒီလ အစောပိုင်းက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG