သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခေါင်းဆောင် ရုရှားစစ်လက်နက်တွေ လေ့လာ


ASI-GEN NORCOREA-RUSIA
ASI-GEN NORCOREA-RUSIA


မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ စနေနေ့မှာ ရုရှားရဲ့ ပစိဖိတ် ရေတပ်ဌာနချုပ်မှာ ရှိတဲ့ နျူကလီယား ထိပ်ဖူးတပ် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေနဲ့ တခြား စစ်လေယာဉ်တွေကို သွားရောက် စစ်ဆေး ကြည့်ရှုခဲ့ပါတယ်။

ရုရှားနိုင်ငံ အရှေ့ဖျားမှာရှိတဲ့ Artyom မြို့ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ရောက်လာပြီး နောက်မှာ ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu နဲ့ တခြား ရုရှားစစ်ဘက် တာဝန်ရှိသူတွေ က မြောက်ကိုရီးယား ခေါင်းဆောင်ကို ဒီ ဗုံးကြဲလေယာဉ်နဲ့ တခြား တိုက်လေယာဉ်တွေကို လှည့်လည်ပြသခဲ့တာ ဖြစ်ပါတယ်။

အခု မြောက်ကိုရီးယား ခေါင်းဆောင်ကို ရုရှားပြသတဲ့ လက်နက်ပစ္စည်းတွေဟာ ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော် တိုက်ခိုက်ချိန်မှာသုံးတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။ စနေနေ့ ညနေပိုင်းမှာတော့ ကင်မ်ဂျုံအွန်းနဲ့ Shoigu တို့ဟာ Vladivostok ကို သွားရောက်ပြီး စစ်သင်္ဘောသုံး လက်နက်တွေ အပါအဝင် တခြား လက်နက်ပစ္စည်းတွေကို ကြည့်ရှုခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ရဲ့ ရုရှားခရီးစဉ်အတွင်း ရုရှားသမ္မတ Vladimir Putin နဲ့ ၄ နာရီကျော်ကြာ ဆွေးနွေးပြောဆိုမှု ရှိခဲ့တာပါ။

အခုလို မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ်ကနေ ဒီ ၂ နိုင်ငံကြား တိုက်ခိုက်ရေးဆိုင်ရာ သဘောတူညီချက် ဘာတွေ ရနိုင်တယ်ဆိုတာနဲ့ ၂ နိုင်ငံ တဘက်နဲ့တဘက် ဘာကို လိုချင်နေတယ်ဆိုတာတွေကို နိုင်ငံအများအပြားက ဆန်းစစ်လာကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG