သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ခေါင်းဆောင် ရုရှားခရီးစဉ် အဆုံးသတ်


မြောက်ကိုရီးယားခေါင်းဆောင် ခြောက်ရက်ကြာ ရုရှားခရီးစဉ်အဆုံးသတ် (စက်တင်ဘာ ၁၇၊ ၂၀၂၃)
မြောက်ကိုရီးယားခေါင်းဆောင် ခြောက်ရက်ကြာ ရုရှားခရီးစဉ်အဆုံးသတ် (စက်တင်ဘာ ၁၇၊ ၂၀၂၃)

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာ ခြောက်ရက်ကြာ ရုရှားခရီးစဉ်အဆုံးသတ်ပြီးနောက် ဒီကနေ့ မြောက်ကိုရီးယားနိုင်ငံကို ပြန်လည်ထွက်ခွာလာပြီဖြစ်ပါတယ်။အနောက်နိုင်ငံတွေနဲ့ တင်းမာမှုတွေရှိနေပြီး ပိတ်ဆို့အရေးယူခံထားရတဲ့ ရုရှားနဲ့ မြောက်ကိုရီးယားကြား အခုခရီးစဉ်အတွင်း လက်နက်လွှဲပြောင်းရေး သဘောတူညီချက်တွေ ရရှိသွားမှာကိုလည်း နိုင်ငံတကာ အသိုင်းအဝန်းကြား စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့တာပါ။

မြောက်ကိုရီးယား ခေါင်းဆောင်ဟာ ရုရှားသမ္မတနဲ့ တွေ့ဆုံဖို့ ရုရှားအရှေ့ဖျား Primorye ဒေသကို ကျည်ကာရထားနဲ့ သွားရောက်ခဲ့တာဖြစ်ပြီး ဒီကနေ့ တနင်္ဂနွေမှာ ဘူတာရုံတခုမှာ နှုတ်ဆက်ပွဲပြုလုပ်ပြီးနောက် အဲဒီဒေသကနေ ပြန်လည်ထွက်ခွာသွားပြီဖြစ်တယ်လို့ ရုရှားသတင်းမီဒီယာတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။

လေးနှစ်အတွင်း ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ပြီးခဲ့တဲ့ အင်္ဂါနေ့က စတင်ခဲ့တဲ့ ခရီးစဉ်အတွင်း ရုရှား စစ်ရေးနဲ့ နည်းပညာဆိုင်ရာ အဓိကနေရာတွေကို သွားရောက်ခဲ့ပါတယ်။

မြောက်ကိုရီးယားမထွက်ခွာခင် တနင်္ဂနွေနေ့အစောပိုင်းမှာလည်း Kim Jong Un ဟာ ရုရှားတက္ကသိုလ်တခုကို သွားရောက်ကြည့်ရှုခဲ့သလို ရုရှားငါးပြတိုက်ကို သွားပြီး ပင်လယ်ဖျံကြီးတွေရဲ့ သရုပ်ပြပွဲကို ကြည့်ရှုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG