သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ကန်စိုးရိမ်


APTOPIX North Korea Russia
APTOPIX North Korea Russia

ရုရှားနဲ့မြောက်ကိုရီးယားကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အလားအလာတွေကို အမေရိကန်ကစိုးရိမ်ကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ရုရှားနဲ့ မြောက်ကိုရီးယားကြား အဆက်အသွယ်တွေကို အမေရိကန်က ဂရုစိုက်စောင့်ကြည့်နေကြောင်း Kirby က ပြောပါတယ်။

"အပြစ်မဲ့ ယူကရိန်း ပြည်သူတွေကို မစ္စတာပူတင်က သတ်ဖြတ်နေတာမှာ ကမ္ဘဘာပေါ်က ဘယ်နိုင်ငံကမှ ဘယ်သူကမှ မကူညီသင့်ပါဘူး။ တကယ်လို့ လက်နက်ဆိုင်ရာသဘောတူညီချက်မျိုးနဲ့ ရှေ့ဆက်လုပ်ဖို့ဆုံးဖြတ်ရင်တော့ အမေရိကန်ဘက်က သင့်တော်သလို ကိုင်တွယ်ဆောင်ရွက်မှာ ဖြစ်ပါတယ်" လို့ ပြောပါတယ်။

လက်နက်လွှဲပြောင်းမှုဖြစ်လာနိုင်ခြေနဲ့ပတ်သက်လို့ အမေရိကန်နဲ့တောင်ကိုရီးယားတို့က သတိပေးနေတဲ့ကြားမှာပဲ ရုရှားရဲ့အာကာသလွှတ်တင်ရေးဌာနမှာ ရုရှားသမ္မတ Vladimir Putin နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ ဗုဒ္ဓဟူးနေ့မှာတွေ့ဆုံခဲ့ကြတာပါ။ တရုတ်နယ်စပ်အနီးမှာရှိရတဲ့ ရုရှားရဲ့ အရှေ့ဘက်စွန်းဒေသ Amur ဒေသက Vostochny Cosmodrome မှာ လုပ်တဲ့တွေ့ဆုံ ဆွေးနွေးပွဲအတွင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim က ရုရှားသမ္မတ Putin ရဲ့ ဆုံးဖြတ်ချက်အားလုံးကို ခြွင်းချက်မရှိ အပြည့်အဝထောက်ခံကြောင်း ကတိပြုခဲ့ပြီး ဒါဟာဆိုရင် ရုရှားရဲ့ယူကရိန်းစစ်ပွဲကို ရည်ညွှန်းပြောဆိုပုံ ရပါတယ်။

တိုက်ရိုက် လင့်ခ်

ယူကရိန်းစစ်ပွဲမှာ အသုံးပြုရေးအတွက် မြောက်ကိုရီးယားထံက လက်နက်ကြီး ကျည်တွေရရှိဖို့ ရုရှားဘက်ကမျှော်လင့်ထားပြီး မြောက်ကိုရီးယားဘက်ကတော့ သူ့ရဲ့ဂြိုဟ်တုနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေအတွက် အဆင့်မြင့် နည်းပညာတွေ၊ နောက် ရုရှားထံက စားနပ်ရိက္ခာထောက်ပံ့မှုလည်း လိုလားနေပုံ ရကြောင်း အမည်မဖော်တဲ့ အနောက်နိုင်ငံအရာရှိတွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။

XS
SM
MD
LG