သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် တွေ့ဆုံဆွေးနွေး


ရုရှားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ရုရှားမှာတွေ့ဆုံ (စက်တင်ဘာ ၁၃၊ ၂၀၂၃)
ရုရှားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ရုရှားမှာတွေ့ဆုံ (စက်တင်ဘာ ၁၃၊ ၂၀၂၃)

ရုရှားသမ္မတ Vladimir Putin ဟာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ရုရှားနိုင်ငံ အရှေ့ပိုင်းမှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယားနဲ့ ရုရှားအကြား လက်နက်တင်ပို့မှာကို စိုးရိမ်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သတိပေးနေတဲ့ကြားက နှစ်ဘက် ခေါင်းဆောင်တွေ တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲ မစတင်ခင် ခေါင်းဆောင် ၂ ယောက်ဟာ ရုရှားနိုင်ငံအရှေ့ဖျားမှာရှိတဲ့ အာကာသယာဉ် လွှတ်တင်ရေးဌာန Vostochny Cosmodrome ကို ကနဦး သွားရောက် ကြည့်ရှုကြတာမှာ - ရုရှားအနေနဲ့ မြောက်ကိုရီးယားက အာကာသယာဉ် တည်ဆောက်ရေး လုပ်ငန်းတွေမှာ ကူညီပေးမလားလို့ သတင်းထောက်တွေက မေးတာမှာတော့ ကူညီပေးမယ့်အကြောင်း၊ ဒါကြောင့်လည်း သူတို့ ဒီနေရာကို ရောက်လာကြခြင်းဖြစ်ကြောင်း သမ္မတ Putin က ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ကတော့ အနောက်အုပ်စုနဲ့ စစ်ပွဲမှာ မြောက်ကိုရီးယားက ရုရှားကို အပြည့်အဝ ထောက်ခံပေးသွားမယ်လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။Vostochny Cosmodrome က ဆွေးနွေးမှုအတွင်း မြောက်ကိုရီးယားက လက်နက် ပေးပို့ရေးကိစ္စ အပါအဝင် အကြောင်းအရာ အားလုံးကို ဆွေးနွေးကြဖို့ရှိတဲ့အကြောင်း သမ္မတ Putin က ပြန်လည် ဖြေကြားခဲ့ပါတယ်။ ခေါင်းဆောင် ၂ ယောက် တွေ့ဆုံပြီး မကြာခင် ဒီကနေ့မှာဘဲ မြောက်ကိုရီးယားခေါင်းဆောင်ဟာ မြောက်ကိုရီးယားကို ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် RIA သတင်းမှာ ဖော်ပြပါတယ်။

ရုရှားသမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင် တွေ့ဆုံဆွေးနွေး
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG