သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအခမ်းအနား ရုရှားနဲ့တရုတ်ကိုယ်စားလှယ်တွေ တက်ရောက်


This picture taken on September 8, 2023 and released from North Korea's official Korean Central News Agency (KCNA) on September 9, 2023 shows a Torchlight Gala of Young Vanguard, as a celebration event to mark the 75th founding anniversary of North Korea
This picture taken on September 8, 2023 and released from North Korea's official Korean Central News Agency (KCNA) on September 9, 2023 shows a Torchlight Gala of Young Vanguard, as a celebration event to mark the 75th founding anniversary of North Korea

မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြုံယမ်းမြိုတော်မှာ သောကြာနေ့ညက စစ်ရေးပြအခမ်းအနားကျင်းပခဲ့ပါတယ်။ Kim Il Song ရင်ပြင်မှာ ကျင်းပတဲ့အခမ်းအနားကို ခေါင်းဆောင် Kim Jong Un နဲ့ သမီးဖြစ်သူတို့ တက်ရောက်တာကို နိုင်ငံပိုင်သတင်းတွေမှာ ထုတ်ပြန်ပါတယ်။

ဒီအခမ်အနားကို တရုတ်ဒုဝန်ကြီးချုပ်၊ ပေါလစ်ဗျူရိုအဖွဲ့ဝင် Liu Guozhong ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့တက်ရောက်သလို၊ ရုရှားနိုင်ငံက ဂီတနဲ့အကအဖွဲ့ ကိုယ်စားလှယ်တွေအပြင် ရုရှားသံတမန်တွေ တက်ရောက်တယ်လို့ KCNA သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ အမေရိကန်နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပေါ်နေချိန်မှာ မြောက်ကိုရီးယားဟာ တရုတ်၊ ရုရှားတို့နဲ့ဆက်ဆံရေး ကောင်းမွန်မှုရှိနေတယ် ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ဒီတခေါက် စစ်ရေးပြအခမ်းအနားဟာ အရင်စစ်ရေးပြအခမ်းအနားတွေလို စစ်တပ်တပ်ဖွဲ့ဝင်တွေက စစ်ရေးပြတာမဟုတ်ဘဲ ပြည်သူ့စစ်အဖွဲ့တွေရဲ့ စစ်ရေးပြအခမ်းအနား ဖြစ်တယ်လို့ သတင်းမှာဖော်ပြပါတယ်။ ဒါကြောင့် ဒီတခေါက်စစ်ရေးပြအခမ်းအနားမှာ ပဲ့ထိန်းတပ်ဒုံးလို လက်နက်ကြီးတွေ ပွဲထုတ်ပြသတာမျိုးတော့ မပါခဲ့ပါဘူး။ လေထီးတပ်သားတွေက အလှပြ လေထီးဆင်ပြတာ၊ ဒုံးပစ်စင်တွေ၊ ဒုံးကျည်သယ်ဆောင်နိုင်တဲ့ ထရပ်ကားတွေ၊ လယ်ထွန်စက်တွေကို ပွဲထုတ်ပြခဲ့ပါတယ်။ ပြောက်ကျားစစ်မှာ ဒီ ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ အရေးပါမှုကို ပုံဖော်ပြသတာဖြစ်ပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့တွေအပြင် မြောက်ကိုရီးယားရဲ့ သမားရိုးကျ တပ်ဖွဲ့ဝင်တွေနဲ့ အာဏာရ လယ်သမား ပါတီဝင်တွေလည်း ပါဝင်ခဲ့ကြပါတယ်။

ခေါင်းဆောင် Kim Jong Un ဟာ မကြာခင် ရက်ပိုင်းအတွင်း ရုရှားနိုင်ငံကို သွားရောက်ဖို့ရှိနေပြီး ယူကရိန်းစစ်ပွဲကြောင့် လက်နက် ခဲယမ်းမီးကျောက် လိုအပ်နေတဲ့ ရုရှားကို မြောက်ကိုရီးလက်နက်တွေ ရောင်းချဖို့ သမ္မတ Vladimir Putin နဲ့ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG