ရုရှားရဲ့ Kursk ဒေသကို ဝင်ရောက် တိုက်ခိုက်ရာမှာ မြောက်ကိုရီးယား စစ်သား ၃၀၀၀ ကျော် သေဆုံး ဒါမှမဟုတ် ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက တနင်္လာနေ့က ပြောပါတယ်။ ကနဦး ရရှိတဲ့ သတင်းတွေအရ အခုလို ပြောတာ ဖြစ်တယ်လို့ ဇယ်လန်စကီး က X လူမှု စာမျက်နှာမှာ ရေးခဲ့တာပါ။
ဒီဇင်ဘာလ မှာ မြောက်ကိုရီးယား တပ်သားတွေ ထိုးစစ်အတွင်း ပါဝင်ခဲ့ကတည်းကဆိုရင် မြောက်ကိုရီးယား စစ်သား ၁၁၀၀ ဝန်းကျင် သေဆုံး ဒါမှမဟုတ် ဒဏ်ရာရရှိခဲ့ကြတယ်လို့ တနင်္လာနေ့ အစောပိုင်းမှာ တောင်ကိုရီးယား က ပြောခဲ့ပါတယ်။ မြောက်ကိုရီးယား အစိုးရ က ရုရှားစစ်တပ်ကို အင်အားဖြည့်တဲ့အနေနဲ့ စစ်သား ထောင်ချီပို့ခဲ့ရာမှာ ရုရှားရဲ့ Kursk ဒေသ နယ်စပ်လည်း ပါဝင်ခဲ့ပါတယ်။
ယူကရိန်းက ကာက်စ်ဒေသကို ဩဂုတ်လမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ ကာ့က်စ်ဒေသ အခြေအနေ ကို ကြည်းတပ် ဦးစီးချုပ် Oleksandr Syrsky က အစီရင်ခံစာ ပို့တာကို သူ လက်ခံရရှိကြောင်း၊ ရုရှား စစ်တပ်ကို တပ်သားတွေ နဲ့ စစ်လက်နက်ပစ္စည်းတွေ မြောက်ကိုရီးယား ပို့တာကြောင့် ဖြစ်ပေါ်လာတဲ့ အန္တရာယ်ကို အစီရင်ခံစာ က သတိပေးခဲ့ကြောင်း ဇယ်လန်စကီးက ပြောပါတယ်။ ဒီလို ပူးပေါင်းဆောင်ရွက်မှု တိုးလာတာနဲ့အမျှ ကိုရီးယား ကျွန်းဆွယ်နဲ့ အနီးဝန်းကျင် ဒေသနဲ့ ရေပြင်မှာ မတည်မငြိမ် ဖြစ်နိုင်တာကို ကမ္ဘာက နားလည်ဖို့ လိုပါတယ်လို့လည်း သူက ပြောပါတယ်။
Forum