သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်ပွဲ အမြန်ဆုံး ရပ်စဲဖို့ ရွေးကောက်ခံသမ္မတထရမ့် တောင်းဆို

ရွေးကောက်ခံသမ္မတ Donald Trump ယူကရိန်းသမ္မတ Volodymyr Zelenskyy ပြင်သစ်သမ္မတ Emmanuel Macron တို့နဲ့ ပါရီမြို့တော်မှာ စနေနေ့က တွေ့ဆုံ
ရွေးကောက်ခံသမ္မတ Donald Trump ယူကရိန်းသမ္မတ Volodymyr Zelenskyy ပြင်သစ်သမ္မတ Emmanuel Macron တို့နဲ့ ပါရီမြို့တော်မှာ စနေနေ့က တွေ့ဆုံ

ယူကရိန်းမှာ အမြန်ဆုံး အပစ်အခတ် ရပ်စဲကြဖို့ အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က ယူကရိန်းနဲ့ ပြင်သစ်သမ္မတတို့နဲ့ ပါရီမြို့တော်မှာ တွေ့ဆုံအပြီး ဒီကနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။

ရက်ပေါင်း ၁ ထောင်ကျော် စစ်ပွဲရပ်ရေး ယူကရိန်းက ညှိနှိုင်းဖို့ လိုလားကြောင်းလည်း သူ့ကိုယ်ပိုင် Truth လူမှုကွန်ရက်မှာ ပြောဆိုခဲ့တာပါ။ အစကတည်းက မဖြစ်သင့်တဲ့ စစ်ပွဲကြောင့် ယူကရိန်းရော ရုရှားမှာပါ စစ်သည် ထောင်သောင်းချီ သေဆုံးခဲ့ရတယ်လို့လည်း ပြောပါတယ်။

အမြန်ဆုံးအပစ်အခတ် ရပ်စဲပြီး၊ ဆွေးနွေးညှိနှိုင်းမှုတွေ စသင့်ပြီလို့လည်း တိုက်တွန်းခဲ့တာပါ။ အသက်ပေါင်းများစွာ အချည်းအနှီး ဆုံးရှုံးနေရပြီး၊ မိသားစုပေါင်းများစွာ ဘဝပျက်နေရတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်အောင် စတင်ကြိုးပမ်းဖို့လည်း ရုရှားသမ္မတ Vladimir Putin ကို တိုက်တွန်းထားပါတယ်။

ယူကရိန်းသမ္မတ Volodymyr Zelenskyy ပြင်သစ်သမ္မတ Emmanuel Macron တို့နဲ့ ပါရီမြို့တော်မှာ စနေနေ့က တွေ့ဆုံအပြီးမှာပဲ ရွေးကောက်ခံသမ္မတထရမ့် ရဲ့ တိုက်တွန်းချက် ထွက်ပေါ်လာခဲ့တာပါ။ ယူကရိန်းသမ္မတကတော့ တွေ့ဆုံမှုဟာ အပြုသဘောဆောင်တယ်လို့ ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းရာမှာ ယူကရိန်းအတွက် မျှတမှုရှိဖို့ လိုအပ်ပြီး၊ ဒါမှသာ ရုရှားနဲ့ ရုရှားသမ္မတပူတင်တို့လို ရန်လိုသူတွေ နောက်တကြိမ် အလားတူ မလုပ်အောင် တားဆီးနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG