သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းတိုက်ခိုက်မှုကြောင့် ရုရှားရေနံချက်စက်ရုံ မီးလောင်


ရုရှားအရေးပေါ်ဝန်ကြီးဌာန သတင်းပြန်ကြားရေးဌာနက ထုတ်တဲ့ သတင်းဓာတ်ပုံမှာ ယူကရိန်းရဲ့ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် မီးလောင်သွားတဲ့ Novoshakhtinsk ရေနံချက်စက်ရုံကို မီးသတ်နေကြတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဇွန် ၂၂၊ ၂၀၂၂)
ရုရှားအရေးပေါ်ဝန်ကြီးဌာန သတင်းပြန်ကြားရေးဌာနက ထုတ်တဲ့ သတင်းဓာတ်ပုံမှာ ယူကရိန်းရဲ့ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် မီးလောင်သွားတဲ့ Novoshakhtinsk ရေနံချက်စက်ရုံကို မီးသတ်နေကြတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။ (ဇွန် ၂၂၊ ၂၀၂၂)

ယူကရိန်းဘက်က ဒရုန်းတွေဒါဇင်နဲ့ချီပြီး တိုက်ခိုက်ခဲ့တာကြောင့် Rostov ဒေသမှာရှိတဲ့ Novoshakhtinsk ရေနံချက်စက်ရုံ ဒီနေ့ မီးလောင်သွားတယ်လို့ ရုရှားနိုင်ငံ Rostov ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် တယောက်ထိခိုက်ဒဏ်ရာရသွားပြီး နောက်ပိုင်းမှာ စက်ရုံကို မီးငြိမ်းသတ်နိုင်ခဲ့ ပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ Rostov ဒေသမှာ ယူကရိန်းရဲ့ ဒရုန်း ၃၆ စင်း အပါအဝင် စုစုပေါင်းဒရုန်း ၈၄ စင်းကို ၂ နိုင်ငံနယ်စပ်တလျှောက်က Bryansk, Belgorod, Voronezh, Kursk, Tambov နဲ့ Krasnodar ဒေသတွေမှာ ပစ်ချခဲ့တယ်လို့ ဒီနေ့ ပြောပါတယ်။ ယူကရိန်းဘက်က ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် လူနေအိမ်အတော်များများလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ Belgorod အုပ်ချုပ်ချုပ်ရေးမှူးက တယ်လီဂရမ်ကနေ ပြောထားပါတယ်။

တချိန်တည်းမှာပဲ ရုရှားရဲ့ဒရုန်း ၈၅ စင်းထဲက ၄၅ စင်းကို ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေး တွေက ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ဒီနေ့ ပြောပါတယ်။ ရုရှားက ယူကရိန်းနိုင်ငံတဝန်းက ဒေသအတော်များများကို ပစ်မှတ်ထားပြီး မနေ့ညက တိုက်ခိုက်ခဲ့တာပါ။ ဒါ့အပြင် ရုရှားဘက်က ပစ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် Dnipropetrovsk နဲ့ Sumy ဒေသမှာ လူနေအိမ်တွေနဲ့ စည်ပင်သာယာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ပြောပါတယ်။

အဲဒီလို ထိခိုက်ပျက်စီးသွားတဲ့အထဲမှာ ကျောင်း နဲ့ ဆေးရုံတခုလည်း ပါဝင်တယ်လို့ Dnipropetrovsk ဒေသအုပ်ချုပ်ရေးမှူးက တယ်လီဂရမ်ကနေ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG