သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ဒရုန်းတိုက်ခိုက်မှု ရုရှား ရေနံစက်ရုံ မီးလောင်


ယူကရိန်းက ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ရုရှား ရေနံစက်ရုံတရုံ မီးလောင်
ယူကရိန်းက ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ရုရှား ရေနံစက်ရုံတရုံ မီးလောင်

ရုရှား အနောက်တောင်ပိုင်း Rostov ဒေသမှာ ဒီကနေ့ အစောပိုင်း ယူကရိန်းက ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ရေနံစက်ရုံတရုံ မီးလောင်သွားခဲ့တယ်လို့ ရုရှားအစိုးရအရာရှိတွေက ပြောပါတယ်။ နယ်စပ်ယူကရိန်းတပ်ဖွဲ့တွေရဲ့ အခုနောက်ဆုံး ဒီတိုက်ခိုက်မှုက ရုရှားနိုင်ငံထဲ အဝေးဆုံးကို ရောက်တဲ့ တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။

ရုရှားရဲ့ စစ်ယန္တရားတွေ နှေးကွေးသွားအောင် လုပ်တဲ့အနေနဲ့ ယူကရိန်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့လတွေကစလို့ ရုရှားရေနံချက် စက်ရုံတွေနဲ့ ရေနံ သိုလောင်ရုံတွေကို ပစ်မှတ်ထားပြီး ရုရှားနိုင်ငံထဲ လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြင့် လုပ်ဆောင်နေတာပါ။ ယူကရိန်းစစ်ပွဲ ၃ နှစ်ထဲ ဝင်လာချိန်မှာ လက်နက်နဲ့ ရိက္ခာပြတ်လပ်လာတဲ့ ယူကရိန်း အရှေ့ခြမ်း စစ်မြေပြင်တလျှောက်ကို ရုရှားက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် ယူကရိန်းဘက်ကလည်း အခုလို လေကြောင်း တိုက်ခိုက်မှုတွေ ပြန်လည်အရှိန်မြှင့်လာတာ ဖြစ်ပါတယ်။

ယူကရိန်းဒရုန်း တိုက်ခိုက်မှုကြောင့် ရုရှားရေနံစက်ရုံမှာ မီးတောက်ကြီးတွေ ပေ ၂၀၀၀ ကျော် အမြင့်အထိ တက်သွားခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုတော့ မရှိဘူးလို့ Rostov ဒေသ အုပ်ချုပ်ရေးမှူး Vasily Golubev က ပြောပါတယ်။ ရေနံစက်ရုံ မီးလောင်တဲ့အကြောင်းကို Telegram လူမှုကွန်ရက်မှာ သူ တင်ခဲ့ပြီးတော့ ၅ နာရီလောက် အကြာမှာပဲ မီးငြိမ်းသတ်နိုင်ခဲ့ပြီလို့လည်း ပြောဆိုခဲ့ပါတယ်။ Rostov ဒေသကို တိုက်ခိုက်တဲ့ ယူကရိန်း ဒရုန်း ၂ စင်းကိုတော့ ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး၊ အနောက်ဘက်ဒေသ Kursk နဲ့ Belgorod မှာလည်း အလားတူ ဒရုန်း ၂ စင်းကို ဖျက်ဆီးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဌာနက ဒီကနေ့ ပြောဆိုပါတယ်။

Forum

XS
SM
MD
LG