သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းဒရုန်း ထိမှန်လို့ ရုရှားရေနံသိုလှောင်ကန်(၄)ခု မီးလောင်ပျက်စီး


In this photo taken from video released by Governor of Bryansk Region Alexander Bogomaz telegram channel AV BogomaZ on Friday, Jan. 19, 2024, Oil reservoirs are seen in fire after the drone reached Klintsy.
In this photo taken from video released by Governor of Bryansk Region Alexander Bogomaz telegram channel AV BogomaZ on Friday, Jan. 19, 2024, Oil reservoirs are seen in fire after the drone reached Klintsy.

ယူကရိန်းဒရုန်း ထိမှန်လို့ ရုရှားရေနံသိုလှောင်ကန်(၄)ခု မီးလောင်ပျက်စီး

ယူကရိန်းရဲ့ အဝေးထိန်း ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သောကြာနေ့မှာ ရုရှားရဲ့ အနောက်ပိုင်း ဘရိုင်ယန့်စ် ဒေသက ရေနံသိုလှောင်ကန်ကြီး မီးလောင်ကျွမ်း ခဲ့ရပါတယ်။ ဒါဟာ ရုရှားကျူးကျော်စစ်စတင်တဲ့ ၂ နှစ်နီးပါးကာလ အတွင်း ရုရှားပိုင်နက် အတွင်းပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂါလံပေါင်း ၁.၆ သန်းလောက်ဆန့်တဲ့ ရေနံသိုလှောင်ကန်ကြီး ၄ ခု မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး ယူကရိန်းနယ်စပ်ကနေ မိုင် ၄၀ လောက်အကွာက လူဦးရေ ၇ သောင်းလောက်နေထိုင်တဲ့ ကလင့်တ်စီ မြို့မှာ မီးခိုးလုံးတွေနဲ့ ပြည့်နေတယ်လို့ ဘရိုင်ယန့်စ် ဒေသအုပ်ချုပ်ရေးမှုး ပြောကြားချက်ကို ရုရှား Tass သတင်းဌာနမှာ ဖေါ်ပြပါတယ်။

ဒါဟာ ရုရှားစစ်တပ်က ယူကရိန်းဒရုန်းကို ပစ်ချတဲ့ အတွက် အပိုင်းအစတွေ လွင့်စင်ပြီး မီးလောင်တာ ဖြစ်ကြောင်းနဲ့ ဒီတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရသူ မရှိဘူးလို့ ပြောပါတယ်။ ယူကရိန်းနယ်စပ် ဒီဒေသမှာပဲ နောက်ထပ် ယူကရိန်း ဒရုန်း ၂ စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ လည်း အုပ်ချုပ်ရေးမှုးက ပြောပါတယ်။

ယူကရိန်းဟာ သူ့နယ်စပ်ကနေ မိုင် ၅၆၀ လောက် အကွာမှာရှိတဲ့ ရုရှားရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ St. Petersburg ကိုလည်း ဒရုန်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း မဟာဗျူဟာစက်မှု ဝန်ကြီး Oleksandr Kamyshin က သောကြာနေ့ ဆွစ်ဇလန်မှာ ကျင်းပနေတဲ့ WEF ကမ္ဘာ့စီးပွါးရေးဖိုရမ် မှာပြောကြားခဲ့တာပါ။

ယူကရိန်းနယ်စပ်နားက Belgorod မြို့မှာတော့ ယူကရိန်းက ဒရုန်းနဲ့ တိုက်ခိုက်မှာကို စိုးတဲ့ အတွက် ကျင်းပနေကျ နှစ်ကူးကာလ ဘာသာရေးပွဲတော်ကို ရုရှားအစိုးရက ဖျက်သိမ်းခဲ့ပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကလည်း ဒီနှစ်ထဲမှာ ရုရှား အတွင်းပိုင်းဒေသကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ တိုးလုပ်မှာ ဖြစ်ကြောင်းပြောကြားထားတာပါ။ ပြင်သစ်သမ္မတ Emmanuel Macron ကလည်း ရုရှားတန်ပြန်ထိုးစစ်အတွက် လိုအပ်တဲ့စစ်ပစ္စည်းတွေ တိုးမြှင့် ထုတ်လုပ်ကြဖို့ သောကြာနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG