သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းကို ဒေါ်လာ ၃ ဘီလီယံကျော် ထောက်ပံ့ဖို့ ဗြိတိန်ဝန်ကြီးချုပ်က ကတိပြု


Russia Ukraine War Britain
Russia Ukraine War Britain

ယူကရိန်းကို ဒေါ်လာ ၃ ဘီလီယံကျော် ထောက်ပံ့ဖို့ ဗြိတိန်ဝန်ကြီးချုပ်က ကတိပြု

ဗြိတိန်ဝန်ကြီးချုပ် ရီရှီ ဆူးနက်ခ် Rishi Sunak သောကြာနေ့က ယူကရိန်းမြို့တော် ကိဗ်ကို သွားရောက်ခဲ့ပြီး ယူကရိန်းအတွက် စစ်ရေးရန်ပုံငွေ ဒေါ်လာ ၃.၂ ဘီလီယံနီးပါးပေးဖို ကတိပေးလိုက်ပါတယ်။ ဒါဟာ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် စကတည်းက ဗြိတိန်ရဲ့ တနှစ်တာ အတွက် ထောက်ပံ့မယ့် အများဆုံး ပမဏ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီး Volodymyr Zelenskyy ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ဆူးနက်ခ် က Sunak က နှစ်နိုင်ငံရေရှည်လုံခြုံရေးသဘောတူညီချက် တရပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း ပြောပါတယ်။ ဒါက မိတ်ဖက်ဆက်ဆံရေးရဲ့ အဓိကအုတ်မြစ်ဖြစ်လာမှာ ဖြစ်ပြီး နှစ်နိုင်ငံကြား နှစ်တစ်ရာ မက တည်တံ့မယ့် ဆက်ဆံရေး ဖြစ်လာမယ်လို့ ဆိုပါတယ်။

ဒီသဘောတူညီချက်က မနှစ်က လစ်သူယေးနီးယားနိုင်ငံ ဗေးလ်နီးယက်စ် Vilnius မှာ ကျင်းပခဲ့တဲ့ မြောက်အတ္တလန်တိတ်စစ်ရေးမဟာမိတ် နေတိုး အဖွဲ့ ထိပ်သီးအစည်းအဝေးမှာ မဟာမိတ်နိုင်ငံတွေက ကတိပြုထားတဲ့ “လုံခြုံရေးအာမခံချက်တွေ” ရဲ့ ပထမဆုံး သဘောတူညီချက်ဖြစ်ကြောင်းလည်း ဆူးနက်ခ်က ပြောပါတယ်။

ယူကရိန်း သမ္မတ ဇလန်းစကီးကတော့ "ဥရောပသမိုင်းကြီး တခုလုံးကို ဒီနေ့က ပြောင်းလဲသွားစေတယ်" လို့ သဘောတူညီချက်လက်မှတ်ရေးထိုးမှုနဲ့ ပတ်သက်ပြီး ပြောပါတယ်။ ဒါဟာ “မကြုံစဖူး” ထူးခြားချက်လို့လည်း ဆိုပါတယ်။ ဒီသဘောတူညီချက်က အနာဂတ်မှာ တခြား မဟာမိတ်တွေနဲ့ လက်တွဲ လုပ်နိုင်ဖို့ အခြေခံ အုတ်မြစ် အဖြစ်လည်း ချပြ ပေးနိုင်မယ်လို့ ဇလန်းစကီး ပြောပါတယ်။

Russia Ukraine War Britain
Russia Ukraine War Britain

စစ်ဘက်ဆိုင်ရာ ကူညီမှုထဲမှာ လေကြောင်းရန်ကာကွယ်ရေးပစ္စည်းတွေ၊ တင့်ကားဖျက်လက်နက်တွေ၊ တာဝေးပစ်ဒုံးကျည်တွေ၊ ခဲယမ်းမီးကျောက်တွေနဲ့ အမြောက်ကျည်တွေ ပါဝင်မှာ ဖြစ်သလို ယူကရိန်းစစ်သည်တွေကိုလည်း သင်တန်းပေး လေ့ကျင့်သင်ကြားတာတွေ ပါဝင်ပါမယ်။ ဒါ့အပြင် ယူကရိန်းအတွက် တိုက်ခိုက်ရေး အဝေးထိန်း ဒရုန်း ဒေါ်လာ ၂၅၅ သန်း ဖိုးလည်း ဗြိတိန်က ထောက်ပံ့မှာ ဖြစ်ပြီး “ဒါဟာ ယူကရိန်းအတွက် ပေးတဲ့ မဟာမိတ် နိုင်ငံတွေရဲ့ ဒရုန်းအကူအညီ တွေထဲမှာ အများဆုံး” ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ မဟာမိတ်နိုင်ငံတွေကိုယ်စား “ယူကရိန်းဟာ ဘယ်တော့မှ အထီးကျန် နေရမှာ မဟုတ်ဘူး” ဆိုတဲ့ သတင်းစကားကို ယူဆောင်လာတာလို့ ဆူးနက်ခ်က ပြောပါတယ်။ ယူကရိန်းစစ်ပွဲဟာ နိုင်ငံတနိုင်ငံရဲ့ ခုခံကာကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ရေး ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။

British Prime Minister Rishi Sunak visits Ukraine
British Prime Minister Rishi Sunak visits Ukraine

"ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းမှာ အနိုင်ရရင် သူအဲဒီမှာ ရပ်နေမှာမဟုတ်ဘူး" လို့လည်း ဆူးနက်ခ်က သတိပေးပါတယ်။ ယူကရိန်းအပေါ် ထောက်ခံပေးမှုတွေ အားနည်း လွှဲချော်ခဲ့ရင် မြောက်ကိုရီးယား၊ အီရန်နဲ့ တခြား ပူတင်နဲ့ မဟာမိတ်တွေ ပိုမို ခိုင်မာအားကောင်းစေမှာ ဖြစ်ကြောင်းလည်း ဗြိတိန်ဝန်ကြီးချုပ်က ကိဗ်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ယူကရိန်း သမ္မတ ဇလန်းစကီး က ဘောလ်တစ်နိုင်ငံတွေဖြစ်ကြတဲ့ အက်စ်တိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတွေကို သွားရောက်လည်ပတ်ပြီးနောက် တရက်အကြာမှာ ဗြိတိန် ဝန်ကြီးချုပ် ဆူးနက်ခ်က ယူကရိန်း ရောက်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG