သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းနဲ့ ရုရှားစစ်သုံ့ပန်းရာချီ လဲလှယ် 


UKRAINE-CRISIS/RUSSIA-PRISONERS-KYIV
UKRAINE-CRISIS/RUSSIA-PRISONERS-KYIV

ရုရှားနဲ့ယူကရိန်းတို့ဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ကြားဝင်စေ့စပ်ပေးထားတဲ့ သဘောတူညီချက်အရ စစ်သုံ့ပန်း ရာနဲ့ချီ နှစ်ဘက် လဲလှယ်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။
ယူကရိန်းအရာရှိတွေက သူတို့ရဲ့စစ်သား ၂၃၀ ကို ရုရှားကပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။ ရုရှားစစ်သား ၂၄၈ ဦးဟာလည်း ယူကရိန်းကနေ နေရပ်ကိုပြန်ရောက်လာခဲ့ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ တဘက်မှာလည်း စစ်ပွဲက နှစ်နှစ်နီးပါးကြာလာနေပြီး တိုက်ပွဲတွေ ဆက်ပြင်းထန်နေပါတယ်။
ဘဲလ်ဂိုရော့ဒ် (Belgorod) ဒေသမှာ ယူကရိန်း ဒုံးကျည် ၁၂ စင်းကို ရုရှားလေကြောင်းရန် ကာကွယ်ရေးက ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ အဲဒီနေရာမှာ အရင်ရက်ပိုင်းက ယူကရိန်းရဲ့တိုက်ခိုက်မှုအတွင်း ရုရှားဘက်က လူ ၂၄ ယောက် သေဆုံးခဲ့လို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြင်းပြင်းထန်ထန် လက်တုံ့ပြန် တိုက်ခိုက်မယ်လို့ ကြုံးဝါးထားတာပါ။ အင်္ဂါနေ့တုန်းကတော့ ယူကရိန်းမြို့တော် ကိဗ်နဲ့ ခါကိဗ်ဒေသတွေမှာ ရုရှားဘက်က ဒုံးကျည်တွေနဲ့ ပြင်းပြင်ထန်ထန်တိုက်ခိုက်ခဲ့လို့ လူ (၅) ဦးထက်မနည်း သေဆုံးပြီး လူ ၁၃၀ ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းအရာရှိတွေက ပြောပါတယ်။
ရုရှားဘက်က အဝေးထိန်းဒရုန်း ၃၅ စင်းနဲ့ ဒုံးကျည် ၉၉ စင်းသုံးပြီး ဝေဟင်နဲ့ ပင်လယ်ပြင်ကနေပစ်လွှတ်ခဲ့လို့ ယူကရိန်းလေကြောင်းရန် ကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဒုံးကျည် ၇၂ လုံးကိုပစ်ချခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောပါတယ်။ ပိုလန်နိုင်ငံခြားရေးဝန်ကြီး Radoslaw Sikorski ကတော့ မဟာမိတ်တွေအနေနဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ တင်းကျပ်ပြီး ယူကရိန်းတပ်ဖွဲ့တွေကို တာဝေးပစ်ဒုံးကျည်တွေပေးဖို့ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။ Sikorski ရဲ့ X လူမှုကွန်ရက်က ထုတ်ပြန်ချက်မှာ “တာဝေးပစ်ဒုံးတွေက ရုရှားရဲ့ ဒုံးပစ်စခန်းတွေနဲ့ ကွပ်ကဲရေးဗဟိုဌာနတွေကို ဖျက်ဆီးနိုင်မယ်" လို့ ရေးထားပါတယ်။
ပိုလန်ဟာ ယူကရိန်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး အင်္ဂါနေ့က ရုရှားရဲ့တိုက်ခိုက်မှုအတွင်းမှာ သူ့ရဲ့လေပိုင်နက်ကိုကာကွယ်နိုင်ဖို့ F-16 တိုက်လေယာဉ် (၄) စင်းကို ယူကရိန်းနယ်စပ်ကို စေလွှတ်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG