သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း နျူကလီးယားစက်ရုံအရေး ဆွေးနွေးဖို့ IAEA အကြီးအကဲ ရုရှားရောက်


နိုင်ငံတကာ အနုမြူအေဂျင်စီ IAEA အကြီးအကဲ Rafael Grossi ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းရဲ့ Zaporizhzhia ဒေသက အနုမြူဓါတ်ပေါင်းဖိုကို ကြည့်ရှုစစ်ဆေးနေစဉ် (မတ် ၂၉၊ ၂၀၂၃)
နိုင်ငံတကာ အနုမြူအေဂျင်စီ IAEA အကြီးအကဲ Rafael Grossi ရုရှားထိန်းချုပ်ထားတဲ့ ယူကရိန်းရဲ့ Zaporizhzhia ဒေသက အနုမြူဓါတ်ပေါင်းဖိုကို ကြည့်ရှုစစ်ဆေးနေစဉ် (မတ် ၂၉၊ ၂၀၂၃)

ရုရှားသိမ်းယူထားတဲ့ ယူကရိန်းနိုင်ငံ Zaporizhzhia နျူကလီးယားဓါတ်အားပေးစက်ရုံ နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် နိုင်ငံတကာ အနုမြူအေဂျင်စီ IAEA အကြီးအကဲ Rafael Grossi ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို ရောက်ရှိနေပါတယ်။ ရုရှား ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံ ဆွေးနွေးကြမှာပါ။

Zaporizhzhia ဒေသမှာ ရုရှား လက်နက်ကြီး ကျည်ဆံတွေ ကျရောက်ပေါက်ကွဲလို့ အမျိုးသားတဦး သေဆုံးပြီး အမျိုးသမီးတဦး ဒဏ်ရာရရှိသွားတဲ့အကြောင်း ယူကရိန်း အာဏာပိုင်တွေ က သတင်းထုတ်ပြန်ပြီး သီတင်းတပတ်အကြာမှာ IAEA အကြီးအကဲရဲ့ ခရီးစဉ် ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။ ကုလသမဂ္ဂ အနုမြူ စောင့်ကြည်ရေး IAEA အကြီးအကဲ Grossi ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း Zaporizhzhia နျူးကလီးယား ဓါတ်အားပေးစက်ရုံကို တကြိမ် သွားရောက်ခဲ့သေး သသလို၊ ခုတကြိမ်ဟာ ၇ လအတွင်း ဒုတိယအကြိမ် လာရောက်တာပါ။ အခြေအနေတွေဟာ တိုးတက်မှုမရှိဘူးလို့ သူက ရုရှား မီဒီယာတွေကို ပြောပါတယ်။

လွန်ခဲ့တဲ့ တနှစ် ယူကရိန်းကို ရုရှားကျူးကျော်စစ် စတင်ပြီး မကြာခင်မှာပဲ Zaporizhzhia နျူကလီးယားစက်ရုံကို ရုရုားတပ်ဖွဲ့တွေက သိမ်းယူခဲ့ပြီး ယူကရိန်း ဝန်ထမ်းတွေနဲ့ ဆက်လက် လည်ပတ်နေတာပါ။ စက်ရုံအနီးအနားမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ မကြာခဏရှိခဲ့ပြီး တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ယူကရိန်းနဲ့ ရုရှား ၂ ဘက်စလုံးက အပြန်အလှန် စွပ်စွဲနေကြပါတယ်။

ယူကရိန်း နျူကလီးယားစက်ရုံအရေး ဆွေးနွေးဖို့ IAEA အကြီးအကဲ ရုရှားရောက်
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG