သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Belgorod မြို့ကို ယူကရိန်းက တိုက်ခိုက်အပြီး ရုရှားက ဒရုန်းနဲ့ တုံ့ပြန်တိုက်ခိုက်


Aftermath of a Russian missile and drone strike in Odesa
Aftermath of a Russian missile and drone strike in Odesa

ယူကရိန်းမြို့တော် ကိဗ်ကို ရုရှားက စနေနေ့ညမှာ ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်း ရုရှားနယ်စပ်မြို့ Belgorod ကို ယူကရိန်းက စနေနေ့ အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာကြောင့် ရုရှားက လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ ပြောဆိုထားအပြီးမှာ ဒရုန်းနဲ့ အခုလို တိုက်ခိုက်တာပါ။ ရုရှားဒရုန်း ၄၉ စင်းထဲက ၂၁ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း လေတပ်က ဒီနေ့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဒါပေမဲ့လဲ အထိအခိုက်နဲ့ ပတ်သတ်ပြီးတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ယူကရိန်းက Belgorod မြို့ကို တိုက်ခိုက်ရာမှာ ကလေး ၃ ဦးအပါအဝင် လူပေါင်း ၂၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀၈ ဦး ဒဏ်ရာရခဲ့တယ်လို ဒေသအုပ်ချုပ်ရေးမှူး Vyacheslav Gladkov က ဒီကနေ့မှာ ပြောပါတယ်။ ဒီအရေအတွက်ဟာ ယူကရိန်းကို ရုရှားက ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ကာလအတွင်း ရုရှားမြေပေါ်မှာ အထိအခိုက်အများဆုံး တိုက်ခိုက်ခံခဲ့ရမှုတရပ်လည်း ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံတခွင်ကို ရုရှားက ၁၈ နာရီကြာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၄၁ ဦးသေဆုံးအပြီးနောက်တရက်မှာ ယူကရိန်းက ခုလို တုံ့ပြန်တိုက်ခိုက်တာပါ။ စနေနေ့ညက ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးအတွင်းမှာတော့ ရုရှားသံအမတ် Vasily Nebenzya က ယူကရိန်းရဲ့ အခုလို တိုက်ခိုက်မှုဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်ဆိုပြီး စွပ်စွဲပြောဆိုပါတယ်။

ယူကရိန်းဘက်ကတော့ ရုရှားဘက်က ထပ်မံတိုက်ခိုက်လာမှာကို သတိထားစောင့်ကြည့်နေပါတယ်။ ၂၀၂၂ ခုနှစ်ကုန် နှစ်သစ်ကူးအကြိုညတုန်းကလည်း ရုရှားဘက်က တိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပါသေးတယ်။

XS
SM
MD
LG