သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ကူးပြီး နာရီပိုင်းအတွင်း ယူကရိန်းကို ရုရှားဒရုန်းတိုက်ခိုက်မှု စံချိန်တင်  


ရုရှားသမ္မတ ဗလာဒီမာ ပူတင်
ရုရှားသမ္မတ ဗလာဒီမာ ပူတင်

နှစ်သစ်ကူးခါစနာရီပိုင်းအတွင်းမှာ ရုရှားက ယူကရိန်းနိုင်ငံတလွှားကို ရှာဟက်ပုံစံ ဒရုန်းအရေအတွက် ၉၀ နဲ့ စံချိန်တင် တိုက်ခိုက်လိုက်ပြီး ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်မယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောလိုက်ပါတယ်။

ရုရှားနယ်စပ်မြို့ Belgorod ကို စနေနေ့က တိုက်ခိုက်ခဲ့တဲ့အတွက် တနင်္လာနေ့အထိ ကလေးငါးယောက်အပါအဝင် လူ ၂၅ ယောက်သေခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိပြီးတဲ့နောက် နှစ်သစ်ကူးနေ့မှာ စစ်ဆေးရုံကို သွားရောက်စဥ်အတွင်း သမ္မတပူတင်က ခုလို ပြောလိုက်တာပါ။ အဲဒီ တိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် ပူတင်ကပြောဆိုလိုက်ပြီး ယူကရိန်းကို အပြစ်တင်လိုက်ပါတယ်။

ရုရှားရဲ့ဒရုန်းတွေကိုပစ်ချရာက အပျက်အစီး အစအနတွေက ယူကရိန်းတောင်ပိုင်း အိုဂက်ဆာမြို့ လူနေအဆောက်အဦကို ထိမှန်ခဲ့တာကြောင့် လူ ၇ ယောက် ဒဏ်ရာရခဲ့ပြီး ၁၅ နှစ်အရွယ် ကလေးတယောက် သေဆုံးခဲ့တယ်လို့ အဲဒီဒေသ စစ်တပ်အကြီးအကဲ အိုလေး ကီပါ (Oleh Kiper) က ပြောပါတယ်။ ယူကရိန်း ရဲ့ ခါဆန်၊ ခါကိဗ်နဲ့ ဆူမီဒေသတွေမှာလည်း ရုရှားက ဒရုန်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတဦးအပါအဝင် လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။ ယူကရိန်းကပစ်ခတ်တာကြောင့် ရုရှားသိမ်းပိုက်နယ်မြေ ဒိုးနက်စ်မှာ လူ ၄ ယောက် သေဆုံးခဲ့ကြောင်း ရုရှား နိုင်ငံတော်ပိုင် မီဒီယာ က ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG