သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအနီး ပင်လယ်နက်ပေါ် ဆက်ပြီး ကန်ထောက်လှမ်း စောင့်ကြည့်မည်


အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ယူကရိန်းကာကွယ်ရေးဆိုင်ရာအုပ်စုအွန်လိုင်းဆွေးနွေးပွဲမှာ  ပင်လယ်နက်ထဲ အမေရိကန်ရဲ့ ထောက်လှမ်းရေးဒရုန်းဆက်ပျံသန်းသွားမယ့်အကြောင်း ပြောကြားစဉ်။ (မတ်လ ၁၅၊ ၂၀၂၃) 
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ယူကရိန်းကာကွယ်ရေးဆိုင်ရာအုပ်စုအွန်လိုင်းဆွေးနွေးပွဲမှာ  ပင်လယ်နက်ထဲ အမေရိကန်ရဲ့ ထောက်လှမ်းရေးဒရုန်းဆက်ပျံသန်းသွားမယ့်အကြောင်း ပြောကြားစဉ်။ (မတ်လ ၁၅၊ ၂၀၂၃) 

{{Zawgyi/Unicode}}

ယူကရိန်းနိုင်ငံအနီး ပင်လယ်နက်အပေါ်မှာ ထောက်လှမ်းရေးမစ်ရှင်နဲ့ ဆက်လက် ပျံသန်းမယ့်အကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က ဗုဒ္ဓဟူးနေ့မှာ အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်ရဲ့ အဝေးထိန်း ဒရုန်းယာဉ်က ရုရှားတိုက်လေယာဉ်တစင်းနဲ့ တိုက်မိခဲ့ကြောင်း၊ ဒီလိုတိုက်မိတာကြောင့် အမေရိကန်ဒရုန်းယာဉ်ကို ထိန်းကျောင်းမောင်းနှင်သူက ဒရုန်းယာဉ်ကို မဖြစ်မနေ ရေထဲထိုးဆင်းလိုက်ရကြောင်း အမေရိကန်ကပြောတဲ့ မတော်တဆမှုဖြစ်ပြီး နောက်တနေ့မှာ အခုလို ပြောဆိုတာဖြစ်ပါတယ်။

နိုင်ငံတကာဥပဒေအရ ခွင့်ပြုထားတဲ့နေရာတွေမှာ အမေရိကန်ပြည်ထောင်စုက ပျံသန်းမှုတွေနဲ့ လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Austin က ရုရှားရဲ့ ၁၃ လတာရှိလာပြီဖြစ်တဲ့ ကျူးကျော်စစ်ကို တွန်းလှန်ရေး ယူကရိန်းကိုထောက်ပံ့နေတဲ့ မဟာမိတ်နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရုရှားအနေနဲ့ သူ့ရဲ့လေယာဉ်ကို လုံခြုံဘေးကင်းစွာနဲ့ ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်ပျံသန်းဖို့ တာဝန်ရှိတယ်လို့လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးက အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်ကလုပ်တဲ့ အွန်လိုင်းဆွေးနွေးပွဲအတွင်းမှာ တခြားနိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေကို ပြောဆိုတာဖြစ်ပါတယ်။ ရေထဲကိုထိုးချခဲ့ရတဲ့ အမေရိကန်ရဲ့ MQ-9 ဒရုန်းယာဉ်ဟာ နိုင်ငံတကာဝေဟင်ပိုင်နက်အတွင်း အင်္ဂါနေ့က ပုံမှန် လုပ်ငန်းဆောင်တာတွေလုပ်နေစဉ်မှာ ရုရှားရဲ့ ဂျက်လေယာဉ် ၂ စင်းက အန္တရာယ်ကြီးစွာနဲ့ မဆင်မခြင်၊ မကျွမ်းကျင်မှုတွေနဲ့ ဝင်တိုက်ခဲ့တာလို့လည်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

ရေထဲထိုးချခဲ့ရတဲ့ အမေရိကန်ဒရုန်းယာဉ်ကိုတော့ ပြန်မဆယ်ရသေးသလို ပြန်ဆယ်လို့ ရနိုင်ပါ့မလားဆိုတာကလည်း မသေချာဘူးလို့ အမေရိကန်အမျိုးသားလုံခြုံရေး ကောင်စီပြောခွင့်ရ John Kirby က ဗုဒ္ဓဟူးနေ့မှာ CNN ရုပ်သံကို ပြောပါတယ်။ ရုရှားက အများစုထိန်းချုပ်ထားတဲ့ ပင်လယ်နက်ထဲမှာ အမေရိကန်သင်္ဘောတွေမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

===============

{{Unicode}}






XS
SM
MD
LG