(Zawgyi / Unicode)
ဆီးရီးယားႏုိင္ငံမွာ အေမရိကန္ အေဝးထိန္းဒ႐ုန္းယာဥ္နဲ႔ တိုက္ခိုက္မႈအတြင္း အယ္လ္ကိုင္းဒါးအဖြဲ႔ အႀကီးတန္းေခါင္းေဆာင္တဦး ေသဆံုးသြားတယ္လုိ႔ ပန္တဂြန္စစ္ဌာနခ်ဳပ္က ေသာၾကာေန႔မွာ ေျပာတဲ့အေၾကာင္း ေအအက္ဖ္ပီ သတင္းတပုဒ္မွာ ေရးထားပါတယ္။
IS အစြန္းေရာက္ဝါဒီအဖြဲ႔ကို တိုက္ခိုက္ေနတဲ့ အေမရိကန္ဦးေဆာင္ ၫြန္႔ေပါင္းအဖြဲ႔ရဲ႕ ဆီးရီးယားေတာင္ပိုင္းက အေျခစိုက္စခန္းတခုကုိ တိုက္ခိုက္ခံခဲ့ရအၿပီး ႏွစ္ရက္အၾကာမွာ အခု ဒ႐ုန္းနဲ႔တိုက္ခို္က္မႈ ျဖစ္ခဲ့တာပါ။
"ဆီးရီးယား အေနာက္ေျမာက္ပိုင္းမွာ အေမရိကန္ ေလေၾကာင္းတိုက္ခိုက္မႈ တခုကေန အယ္လ္ကိုင္းဒါးအဖြဲ႔ အႀကီးတန္းေခါင္းေဆာင္ Abdul Hamid al-Matar ကို သုတ္သင္ခဲ့တယ္" လို႔ အေရွ႕အလယ္ပိုင္း၊ ဗဟိုအာရွနဲ႔ ေတာင္အာရွဆိုင္ရာ အေမရိကန္ ကြပ္ကြဲမႈ စစ္ဌာနခ်ဳပ္ ေျပာခြင့္ရ ၾကည္းတပ္ဗိုလ္မွဴး John Rigsbee က ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။
တိုက္ခိုက္မႈအတြင္း အရပ္သား ထိခိုက္ေသဆံုးတာ မရွိခဲ့ဘဲ MQ-9 ဒ႐ုန္းယာဥ္ကို အသံုးျပဳ တိုက္ခိုက္ခဲ့တာလို႔လည္း ေျပာခြင့္ရက ေျပာပါတယ္။
"ဒီ အယ္လ္ကိုင္းဒါး အႀကီးတန္းေခါင္းေဆာင္ကို သုတ္သင္လိုက္တာေၾကာင့္ အၾကမ္းဖက္ဝါဒစြဲအဖြဲ႔ အေနနဲ႔ ကမာၻတဝန္းမွာ ေနာက္ထပ္တိုက္ခိုက္မႈေတြ ႀကံစည္လုပ္ေဆာင္ႏုိင္စြမ္း ထိခိုက္သြားမွာ ျဖစ္ပါတယ္" လို႔လည္း ေျပာခြင့္ရ ဗိုလ္မွဴး Rigsbee က ဆိုပါတယ္။
စက္တင္ဘာလကုန္ပိုင္းတုန္းကလည္း ဆီးရီးယား အေနာက္ေျမာက္ပိုင္း Idlib ၿမိဳ႕နား ေလေၾကာင္းတိုက္ခိုက္မႈ တခုအတြင္း အယ္လ္ကိုင္းဒါး အႀကီးတန္းေခါင္းေဆာင္ ေနာက္တဦးျဖစ္သူ Salim Abu-Ahmad ကို ပန္တဂြန္စစ္ဌာနခ်ဳပ္က သုတ္သင္ခဲ့ပါေသးတယ္။
--------------------
(Unicode)
ကန်အဝေးထိန်းဒရုန်းယာဉ် တိုက်ခိုက်မှု အယ်လ်ကိုင်းဒါး အကြီးတန်းခေါင်းဆောင်တဦး သေဆုံး
ဆီးရီးယားနိုင်ငံမှာ အမေရိကန် အဝေးထိန်းဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း အယ်လ်ကိုင်းဒါးအဖွဲ့ အကြီးတန်းခေါင်းဆောင်တဦး သေဆုံးသွားတယ်လို့ ပန်တဂွန်စစ်ဌာနချုပ်က သောကြာနေ့မှာ ပြောတဲ့အကြောင်း အေအက်ဖ်ပီ သတင်းတပုဒ်မှာ ရေးထားပါတယ်။
IS အစွန်းရောက်ဝါဒီအဖွဲ့ကို တိုက်ခိုက်နေတဲ့ အမေရိကန်ဦးဆောင် ညွန့်ပေါင်းအဖွဲ့ရဲ့ ဆီးရီးယားတောင်ပိုင်းက အခြေစိုက်စခန်းတခုကို တိုက်ခိုက်ခံခဲ့ရအပြီး နှစ်ရက်အကြာမှာ အခု ဒရုန်းနဲ့တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။
"ဆီးရီးယား အနောက်မြောက်ပိုင်းမှာ အမေရိကန် လေကြောင်းတိုက်ခိုက်မှု တခုကနေ အယ်လ်ကိုင်းဒါးအဖွဲ့ အကြီးတန်းခေါင်းဆောင် Abdul Hamid al-Matar ကို သုတ်သင်ခဲ့တယ်" လို့ အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနဲ့ တောင်အာရှဆိုင်ရာ အမေရိကန် ကွပ်ကွဲမှု စစ်ဌာနချုပ် ပြောခွင့်ရ ကြည်းတပ်ဗိုလ်မှူး John Rigsbee က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
တိုက်ခိုက်မှုအတွင်း အရပ်သား ထိခိုက်သေဆုံးတာ မရှိခဲ့ဘဲ MQ-9 ဒရုန်းယာဉ်ကို အသုံးပြု တိုက်ခိုက်ခဲ့တာလို့လည်း ပြောခွင့်ရက ပြောပါတယ်။
"ဒီ အယ်လ်ကိုင်းဒါး အကြီးတန်းခေါင်းဆောင်ကို သုတ်သင်လိုက်တာကြောင့် အကြမ်းဖက်ဝါဒစွဲအဖွဲ့ အနေနဲ့ ကမ္ဘာတဝန်းမှာ နောက်ထပ်တိုက်ခိုက်မှုတွေ ကြံစည်လုပ်ဆောင်နိုင်စွမ်း ထိခိုက်သွားမှာ ဖြစ်ပါတယ်" လို့လည်း ပြောခွင့်ရ ဗိုလ်မှူး Rigsbee က ဆိုပါတယ်။
စက်တင်ဘာလကုန်ပိုင်းတုန်းကလည်း ဆီးရီးယား အနောက်မြောက်ပိုင်း Idlib မြို့နား လေကြောင်းတိုက်ခိုက်မှု တခုအတွင်း အယ်လ်ကိုင်းဒါး အကြီးတန်းခေါင်းဆောင် နောက်တဦးဖြစ်သူ Salim Abu-Ahmad ကို ပန်တဂွန်စစ်ဌာနချုပ်က သုတ်သင်ခဲ့ပါသေးတယ်။