သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်တွေ al-Qaida နဲ့ အဆက်အသွယ်ရှိနေဆဲ (ကန်ဗိုလ်ချုပ်ကြီး Mark Milley)


(Zawgyi / Unicode)

အာဖဂန်နစ္စတန် နိုင်ငံကို အုပ်ချုပ်နေတဲ့ တာလီဘန်တွေဟာ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ရှိနေဆဲ ဖြစ်တာကြောင့် သတိထား စောင့်ကြည့်ဖို့ လိုအပ်ကြောင်း အမေရိကန် ထိပ်တန်းစစ်ဖက်ဆိုင်ရာ အရာရှိတွေက သတိပေးလိုက်ပါတယ်။

“တာလီဘန်တွေဟာ တချိန်က အကြမ်းဖက် အဖွဲ့အစည်း ဖြစ်ခဲ့သလို၊ အခုအထိလည်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ရှိနေဆဲဖြစ်ပြီး အယ်လ်ခိုင်းဒါး အဖွဲ့နဲ့လည်း အဆက်မဖြတ်သေးပါဘူး။ ဘယ်လိုလူတွေနဲ့ ဆက်ဆံနေရသလဲဆိုတာ ကျနော်ကတော့ ရှင်းရှင်းလင်းလင်း မြင်ပါတယ်။” လို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley အင်္ဂါနေ့ လွှတ်တော် ကြားနာပွဲမှာ ပြောဆိုလိုက်တာပါ။

နှစ်ပေါင်း ၂၀ ကြာ အာဖဂန်နစ္စတန်စစ်ပွဲ အဆုံးသတ်ပြီး တပ်တွေရုပ်သိမ်းရာမှာ ဖရိုဖရဲ အခြေအနေတွေ ကြုံခဲ့ရတဲ့အပေါ် ဝေဖန်မှုတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့ပြီးနောက် အင်္ဂါနေ့က လွှတ်တော်မှာ အမေရိကန် ထိပ်တန်း စစ်ဖက်ဆိုင်ရာ အရာရှိကြီးတွေ အပြင်းအထန် မေးခွန်းထုတ်ခံခဲ့ရတာပါ။

တာလီဘန်တွေ သိမ်းပိုက်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသားတွေနဲ့ တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းရေး အစီအစဉ်တွေ အလောတကြီး လုပ်ခဲ့ရတာကြောင့် အစောပိုင်းမှာ ဖရိုဖရဲ ကြုံခဲ့ရပေမဲ့ မျှော်လင့်ထားတာထက် အောင်မြင်မှု ရခဲ့ကြောင်းလည်း အမေရိကန် ထိပ်တန်း ကာကွယ်ရေး အရာရှိတွေက ကာကွယ်ပြောဆိုခဲ့ကြပါတယ်။

ကာကွယ်ရေးဝန်ကြီး Lloyd Austin ကတော့ ကယ်ဆယ်ရေး အစီအစဉ်တွေကို အစွမ်းကုန် ဆောင်ရွက်ခဲ့ကြောင်းနဲ့ ကမ ္ဘာမှာ ဘယ်စစ်တပ်မှ ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း အင်္ဂါနေ့က အထက်လွှတ်တော် လက်နက်ကိုင် တပ်ဖွဲ့များရေးရာ ကော်မတီ ကြားနာပွဲမှာ ပြောဆိုခဲ့တာပါ။ သမ္မတ Joe Biden အစိုးရရဲ့ အစီအမံတွေနဲ့ ပတ်သက်လို့ ကြားနာပွဲမှာ လွှတ်တော် အမတ်တချို့က အပြင်းအထန် ဝေဖန်ခဲ့ကြပေမဲ့ ကာကွယ်ရေး ဝန်ကြီးကတော့ အမေရိကန်သမိုင်းမှာ အကြီးဆုံး လေကြောင်း ကယ်ဆယ်ရေး အစီအစဉ်အဖြစ် အခက်အခဲတွေ ကြုံခဲ့ရပေမဲ့ အောင်မြင်မှုရကြောင်း ကာကွယ်ပြောဆိုခဲ့ပါတယ်။

တာလီဘန်တွေ al-Qaida နဲ့ အဆက်အသွယ်ရှိနေဆဲ (ကန်ဗိုလ်ချုပ်ကြီး Mark Milley)
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

(Unicode)








XS
SM
MD
LG