သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်က ကန်တပ်ရုပ်သိမ်းမှုကို သမ္မတဟောင်း George Bush ဝေဖန်


FILE - In this Jan. 29. 2002, file photo, President George W. Bush labels North Korea, Iran and Iraq an "axis of evil" during his State of the Union address on Capitol Hill. Donald Trump’s threat to unleash “fire and fury” on North Korea might have…
FILE - In this Jan. 29. 2002, file photo, President George W. Bush labels North Korea, Iran and Iraq an "axis of evil" during his State of the Union address on Capitol Hill. Donald Trump’s threat to unleash “fire and fury” on North Korea might have…

{{Zawgyi/Unicode}}

အာဖဂန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်တွေ အပြီးတိုင် ပြန်ရုပ်သိမ်းတာဟာ သမ္မတ ဂျိုးဘိုင်ဒန်အတွက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ အမေရိကန် သမ္မတဟောင်း George W. Bush က ပြောကြားလိုက်ပါတယ်။

အမေရိကန်တပ်တွေကို ပြန်ရုပ်သိမ်းလိုက်ပြီးတဲ့နောက် အာဖဂန်နိုင်ငံအတွင်း တာလီဘန်တွေ တကြော့ပြန် စိုးမိုးလာနိုင်ပြီး ၊ ပြန်ပေါ်လာနိုင်တဲ့ တာလီဘန်တွေရဲ့ တင်းကြပ်တဲ့ အုပ်ချုပ်မှုကိုရင်ဆိုင်ရမယ့် အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ကံကြမ္မာအတွက် သူစိုးရိမ်မိကြောင်းလည်း သမ္မတဟောင်း Bush က ပြောပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ထုတ်လွှင့်တဲ့ ဂျာမန် Deutsche Welle ရုပ်သံလွှင့်ဌာနနဲ့ အင်တာဗျူးမှာ သမ္မတဟောင်း George W. Bush က အဲဒီလို ထည့်သွင်း ပြောကြားခဲ့တာပါ။

သမ္မတ George W. Bush လက်ထက် ၊ ၂၀၀၁ ခုနှစ်တုန်းက အမေရိကန်နိုင်ငံတွင်း လူထောင်ချီ သေဆုံးခဲ့ရတဲ့ အယ်လ်ခိုင်းဒါး အကြမ်းဖက်အုပ်စုရဲ့ 9/11 တိုက်ခိုက်မှုအပြီး ၊ အာဖဂန်နိုင်ငံမှာ ခြေကုပ်ယူနေတဲ့ အယ်လ်ခိုင်းဒါးတွေကို ရှင်းလင်းဖို့ အဲဒီအချိန် သမ္မတ Bush က အမေရိကန်တပ်တွေကို စတင် စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလော အာဖဂန်က အခြေအနေကို ကြည့်ရင် တာလီဘန်တပ်တွေက နယ်မြေဒေသကြီးတွေ တခုပြီးတခု သိမ်းပိုက်လာနေတာကြောင့် သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ အမေရိကန်တပ်တွေအားလုံး ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းတယ်လို့ သူယူဆကြောင်း ပြောနေတာပါ။

သမ္မတဟောင်း Bush ဟာ အိမ်ဖြူတော်ကနေ အနားယူခဲ့တဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်း အမေရိကန်သမ္မတ ၃ ဆက်လက်ထက်မှာ အခုလို မှတ်ချက်ပေး ပြောကြားတာမျိုး ရှားပါးခဲ့ပေမယ့် ၊ ခုတကြိမ်မှာ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာတာ ဖြစ်ပါတယ်။

....................................

တိုက်ရိုက် လင့်ခ်

{{Unicode}}






XS
SM
MD
LG