သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမ်ိဳးသမီးေတြ ပညာသင္ၾကားခြင့္ တာလီဘန္ အာမခံမည္


ကဘူးလ္ၿမိဳ႕ရွိ အမ်ဳိးသမီး အထက္တန္းေက်ာင္းမွာ ပညာသင္ၾကားေနတဲ့ အာဖဂန္မိန္းကေလးအခ်ဳိ႕။ (ႏုိဝင္ဘာ ၂၁၊ ၂၀၁၈)

(Zawgyi / Unicode)

ကမၻာ့လူမႈအသိုင္းအဝုိင္းက ယုံၾကည္လက္ခံလာေအာင္ ႀကဳိးပမ္းတဲ့အေနနဲ႔ စစ္မွန္တဲ့ အစၥလာမၼစ္စနစ္ကို က်င့္သုံးသြားမွာျဖစ္ၿပီး ဒီစနစ္အရ အာဖဂန္နစၥတန္ရဲ႕ ပဋိပကၡအလြန္ကာလမွာ အမ်ဳိးသမီးေတြ ယုံၾကည္မႈအျပည့္နဲ႔ အလုပ္လုပ္ခြင့္၊ ပညာသင္ၾကားခြင့္ ရရွိၾကမွာျဖစ္ေၾကာင္း တာလီဘန္ေတြက တနဂၤေႏြေန႔မွာ ေၾကညာလိုက္ပါတယ္။

သတင္းဌာနေတြကို ျဖန္႔ေဝတဲ့ တာလီဘန္အဖြဲ႔ ႏိုင္ငံျခားေရးဌာန ဒုတိယအႀကီးအကဲ Mullah Abdul Ghani Baradar ရဲ႕ ေၾကညာခ်က္ထဲမွာေတာ့ အာဖဂန္စစ္ပဲြ အဆုံးသတ္ႏိုင္ေရး ညႇိႏႈိင္းလိုက္ေလ်ာႏိုင္မယ့္ အာမခံခ်က္တခ်ဳိ႕ကို အခုလို ထုတ္ျပန္လိုက္တာပါ။

ၿငိမ္းခ်မ္းေရးအတြက္ အေမရိကန္ရဲ႕ ၾကားဝင္ေစ့စပ္မႈ ေႏွးေကြးေနခ်ိန္မွာပဲ အာဖဂန္အစိုးရတပ္ေတြနဲ႔ တာလီဘန္ေတြၾကား တိုက္ခုိက္မႈကလည္း မႀကဳံစဘူး တိုးလာေနခ်ိန္မွာ တာလီဘန္ဘက္က အခုေၾကညာခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

အေမရိကန္နဲ႔ ေနတိုးမဟာမိတ္ တပ္ဖြဲ႔ေတြက သူတို႔ရဲ႕ ေနာက္ဆုံးလက္က်န္ အင္အားစုကို စက္တာဘာ ၁၁ ရက္ ေနာက္ဆုံးထားၿပီး အာဖဂန္ကေန တစစ ဆုတ္ခြာေနခ်ိန္မွာပဲ တိုင္းျပည္တြင္း မတည္မၿငိမ္မႈနဲ႔ ေသြးထြက္သံယုိျဖစ္တာ ပိုမ်ားလာတာကေန တာလီဘန္ေတြက စစ္ေရးနည္းနဲ႔ အာဏာျပန္ရသြားမယ့္အေပၚ စိုးရိမ္မႈ တိုးေနၾကပါတယ္။

အာဖဂန္မွာ မိန္းကေလးငယ္ေတြ ေက်ာင္းတက္ခြင့္ တားျမစ္တာ၊ ေဆြမ်ဳိး မိသားစုဝင္ အမ်ဳိးသားေတြ မပါဘဲ အမ်ဳိးသမီးေတြ အျပင္သြားလာခြင့္ မရွိဘူးဆိုတဲ့ တင္းက်ပ္လြန္းတဲ့ အစၥလာမ္ဥပေဒကို ၁၉၉၀ ႏွစ္လြန္ကာလေတြကစလို႔ တာလီဘန္ေတြက အမိန္႔ထုတ္ျပန္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အမျိုးသမီးတွေ ပညာသင်ကြားခွင့် တာလီဘန် အာမခံမည်

ကမ္ဘာ့လူမှုအသိုင်းအဝိုင်းက ယုံကြည်လက်ခံလာအောင် ကြိုးပမ်းတဲ့အနေနဲ့ စစ်မှန်တဲ့ အစ္စလာမ္မစ်စနစ်ကို ကျင့်သုံးသွားမှာဖြစ်ပြီး ဒီစနစ်အရ အာဖဂန်နစ္စတန်ရဲ့ ပဋိပက္ခအလွန်ကာလမှာ အမျိုးသမီးတွေ ယုံကြည်မှုအပြည့်နဲ့ အလုပ်လုပ်ခွင့်၊ ပညာသင်ကြားခွင့် ရရှိကြမှာဖြစ်ကြောင်း တာလီဘန်တွေက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။

သတင်းဌာနတွေကို ဖြန့်ဝေတဲ့ တာလီဘန်အဖွဲ့ နိုင်ငံခြားရေးဌာန ဒုတိယအကြီးအကဲ Mullah Abdul Ghani Baradar ရဲ့ ကြေညာချက်ထဲမှာတော့ အာဖဂန်စစ်ပွဲ အဆုံးသတ်နိုင်ရေး ညှိနှိုင်းလိုက်လျောနိုင်မယ့် အာမခံချက်တချို့ကို အခုလို ထုတ်ပြန်လိုက်တာပါ။

ငြိမ်းချမ်းရေးအတွက် အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှု နှေးကွေးနေချိန်မှာပဲ အာဖဂန်အစိုးရတပ်တွေနဲ့ တာလီဘန်တွေကြား တိုက်ခိုက်မှုကလည်း မကြုံစဘူး တိုးလာနေချိန်မှာ တာလီဘန်ဘက်က အခုကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ နေတိုးမဟာမိတ် တပ်ဖွဲ့တွေက သူတို့ရဲ့ နောက်ဆုံးလက်ကျန် အင်အားစုကို စက်တာဘာ ၁၁ ရက် နောက်ဆုံးထားပြီး အာဖဂန်ကနေ တစစ ဆုတ်ခွာနေချိန်မှာပဲ တိုင်းပြည်တွင်း မတည်မငြိမ်မှုနဲ့ သွေးထွက်သံယိုဖြစ်တာ ပိုများလာတာကနေ တာလီဘန်တွေက စစ်ရေးနည်းနဲ့ အာဏာပြန်ရသွားမယ့်အပေါ် စိုးရိမ်မှု တိုးနေကြပါတယ်။

အာဖဂန်မှာ မိန်းကလေးငယ်တွေ ကျောင်းတက်ခွင့် တားမြစ်တာ၊ ဆွေမျိုး မိသားစုဝင် အမျိုးသားတွေ မပါဘဲ အမျိုးသမီးတွေ အပြင်သွားလာခွင့် မရှိဘူးဆိုတဲ့ တင်းကျပ်လွန်းတဲ့ အစ္စလာမ်ဥပဒေကို ၁၉၉၀ နှစ်လွန်ကာလတွေကစလို့ တာလီဘန်တွေက အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG