သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြအေပၚ ဖိႏွိပ္မႈအတြက္ အယ္လ္ခိုင္းဒါးေခါင္းေဆာင္ သတိေပး


ေက်ာက္ျဖဴၿမိဳ႕နယ္ရွိ ေက်ာက္တလံုးဒုကၡသည္စခန္း ျမင္ကြင္းတခု။ (၃ ေအာက္တိုဘာ၊ ၂၀၁၉)

(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာ မြတ္ဆလင္ေတြအေပၚ ဖိႏွိပ္မႈေတြအတြက္ လက္တုန္႔ျပန္မယ့္အေၾကာင္း အယ္လ္ခိုင္းဒါး အၾကမ္းဖက္အဖဲြ႕ ေခါင္းေဆာင္က ေျပာဆိုလိုက္ပါတယ္။ ႐ိုဟင္ဂ်ာေတြအေပၚ ဖိႏွိပ္မႈေတြအတြက္ ျမန္မာအစိုးရနဲ႔ အက်ဳိးစီးပြားေတြကို ျပည္တြင္း၊ ျပည္ပ မြတ္ဆလင္ေတြ ဒဏ္ခတ္အျပစ္ေပးၾကဖို႔ အယ္လ္ခိုင္းဒါးအဖဲြ႕ေခါင္းေဆာင္ Ayman al-Zawahiri က တိုက္တြန္းခဲ့တာျဖစ္ေၾကာင္း အစြန္းေရာက္အဖဲြ႕ေတြရဲ႕ သတင္းေတြကို ေစာင့္ၾကည့္ေဖာ္ျပေနတဲ့ SITE ေထာက္လွမ္းေရး ၀ဘ္ဆိုဒ္မွာ ေဖာ္ျပလိုက္တာပါ။

မိနစ္ ၂၀ ေက်ာ္ၾကာ ဗြီဒီယိုမိန္႔ခြန္းမွာေတာ့ ႐ိုဟင္ဂ်ာေတြအေပၚ ရက္စက္ၾကမ္းၾကဳတ္တဲ့ လုပ္ရပ္အတြက္ အေနာက္ႏိုင္ငံေတြက ျပစ္တင္႐ႈတ္ခ်႐ုံ သက္သက္ေလာက္သာ လုပ္ခဲ့ၾကၿပီး၊ ပိတ္ဆို႔ဒဏ္ခတ္တာ၊ စစ္ေရးအရ အေရးယူတာမ်ဳိးေတြ မရွိခဲ့ဖူးဆိုၿပီးေတာ့လည္း ေ၀ဖန္ထားပါတယ္။ ရခိုင္ျပည္နယ္မွာ ၂၀၁၇ ခုႏွစ္တုန္းက လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ လုိက္လံရွင္းလင္းခဲ့တဲ့ ျမန္မာလုံၿခံဳေရး တပ္ဖဲြ႔ေတြရဲ႕ စစ္ဆင္ေရးေတြေၾကာင့္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏုိင္ငံကုိ သိန္းနဲ႔ခ်ီတဲ့ ႐ိုဟင္ဂ်ာေတြ ထြက္ေျပးသြားခဲ့ၾကတာပါ။ ျမန္မာအစုိးရကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ လက္မခံေပမဲ့ ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြကုိ ျပန္လည္လက္ခံဖုိ႔ အသင့္ရွိေၾကာင္း ေျပာဆိုထားၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ေရာ ကုလသမဂၢနဲ႔ပါ သီးျခားစီ နားလည္မႈ စာခၽြန္လႊာေတြ လက္မွတ္ေရးထိုးထားပါတယ္။

ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရး ၀န္ႀကီး Abdul Momen ကေတာ့ ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ ျမန္မာအာဏာပိုင္ေတြနဲ႔ အဆက္အသြယ္မရေပမဲ့ ရွိထားၿပီးသား သေဘာတူညီခ်က္ေတြကို ေလးစားလိုက္နာမယ့္အေၾကာင္း ျမန္မာစစ္အာဏာပိုင္ေတြက သတင္းထုတ္ျပန္ထားတယ္လို႔ သိရွိထားရေၾကာင္း ဒီလဆန္းမွာပဲ အေမရိကန္ ျပည္ေထာင္စုကို ေရာက္ရွိလာစဥ္ ဗြီအိုေအ ဘဂၤလားဌာနကို ေျပာၾကားထားပါတယ္။

..................................................

တိုက္႐ိုက္ လင့္ခ္


ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုအတွက် အယ်လ်ခိုင်းဒါးခေါင်းဆောင် သတိပေး

(Unicode)
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ဖိနှိပ်မှုတွေအတွက် လက်တုန့်ပြန်မယ့်အကြောင်း အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေအတွက် မြန်မာအစိုးရနဲ့ အကျိုးစီးပွားတွေကို ပြည်တွင်း၊ ပြည်ပ မွတ်ဆလင်တွေ ဒဏ်ခတ်အပြစ်ပေးကြဖို့ အယ်လ်ခိုင်းဒါးအဖွဲ့ခေါင်းဆောင် Ayman al-Zawahiri က တိုက်တွန်းခဲ့တာဖြစ်ကြောင်း အစွန်းရောက်အဖွဲ့တွေရဲ့ သတင်းတွေကို စောင့်ကြည့်ဖော်ပြနေတဲ့ SITE ထောက်လှမ်းရေး ဝဘ်ဆိုဒ်မှာ ဖော်ပြလိုက်တာပါ။

မိနစ် ၂၀ ကျော်ကြာ ဗွီဒီယိုမိန့်ခွန်းမှာတော့ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အတွက် အနောက်နိုင်ငံတွေက ပြစ်တင်ရှုတ်ချရုံ သက်သက်လောက်သာ လုပ်ခဲ့ကြပြီး၊ ပိတ်ဆို့ဒဏ်ခတ်တာ၊ စစ်ရေးအရ အရေးယူတာမျိုးတွေ မရှိခဲ့ဖူးဆိုပြီးတော့လည်း ဝေဖန်ထားပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းခဲ့တဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးသွားခဲ့ကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံပေမဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ အသင့်ရှိကြောင်း ပြောဆိုထားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Abdul Momen ကတော့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မြန်မာအာဏာပိုင်တွေနဲ့ အဆက်အသွယ်မရပေမဲ့ ရှိထားပြီးသား သဘောတူညီချက်တွေကို လေးစားလိုက်နာမယ့်အကြောင်း မြန်မာစစ်အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားတယ်လို့ သိရှိထားရကြောင်း ဒီလဆန်းမှာပဲ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာစဉ် ဗွီအိုအေ ဘင်္ဂလားဌာနကို ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG