သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် တရုတ်စစ်ရေးအကူအညီပေးလို့မရ (EU ဥရောပသမဂ္ဂ) 


ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့ အီးယူဥရောပသမဂ္ဂရုံးချုပ်အစည်းအဝေးတခုအတွင်းတွေ့ရတဲ့ ဥရောပသမဂ္ဂနိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Joseph Borrell (စက်တင်ဘာ ၅၊ ၂၀၂၂)
ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့ အီးယူဥရောပသမဂ္ဂရုံးချုပ်အစည်းအဝေးတခုအတွင်းတွေ့ရတဲ့ ဥရောပသမဂ္ဂနိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Joseph Borrell (စက်တင်ဘာ ၅၊ ၂၀၂၂)

ယူကရိန်းကို ကျုးကျော်တိုက်ခိုက်နေတဲ့ ရုရှားနိုင်ငံကို တရုတ်နိုင်ငံအနေနဲ့ စစ်ရေးအရ အကူအညီပေးလို့ မရဘူးဆိုတာ အီးယူဘက်က အသိအပေး အကြောင်းကြားထားတဲ့အကြောင်း အီးယူဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ Joseph Borrell က ဒီနေ့ပြောဆိုပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့ မြောက်အတ္တလန်တိတ် သဘောတူစာချုပ် (NATO) နေတိုး မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံရမှာ Joseph Borrell က ပြောဆိုတာပါ၊ ရှေ့သီတင်းပတ်အတွင်း သူကိုယ်တိုင် တရုတ်နိုင်ငံကို သွားရောက်ဖို့လည်း Joseph Borrell ပြင်ဆင်နေပါတယ်။

ရုရှားရဲ့ ရက်စက်တဲ့လုပ်ရပ်၊ ကျုးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အီးယူဘက်က ရပ်တည်ချက် တရုတ်နိုင်ငံကို ရှင်းရှင်းလင်းလင်း ပြောဆိုထားတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ကို သုံးသပ်သွားမယ့်အကြောင်း အီးယူ နိုင်ငံခြားရေး မူဝါဒအကြီးအကဲက ပြောဆိုသွားတာပါ။

တရုတ်နိုင်ငံကို သွားရောက်မယ့် အီးယူ ကောက်မရှင်နာမင်းကြီး Ursula von der Leyen နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့လည်း သူ့လို အလားတူ သတင်းစကားပါးကြလိမ့်မယ်လို့ Joseph Borrell က ပြောဆိုသွားတာပါ။ Joseph Borrell သတင်းထောက်တွေကို ပြောဆိုတဲ့အချိန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken လည်း အတူရှိနေပါတယ်။ ရုရှားအပေါ် အီးယူရဲ့ စွမ်းအင်မှီခိုမှု လျော့ချရေးနဲ့ သန့်စင်တဲ့ စွမ်းအင်ထုတ်လုပ်ရေး ကိစ္စတွေကို ဝန်ကြီး Blinken ပြောဆိုသွားပါတယ်။

ဒီနေ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ ဖင်လန်နိုင်ငံကို မြောက်အတ္တလန်တိတ် သဘောတူစာချုပ် (NATO) နေတိုးမဟာမိတ်အဖွဲ့ရဲ့ စစ်ရေးမဟာမိတ်အဖွဲ့ဝင်အဖြစ် တရားဝင်လက်ခံကြောင်း ကြေညာဖို့ရှိပြီး အခမ်းအနားကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken လည်း တက်ရောက်ဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG