သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းပြဿနာမှာ စစ်ရေးကြားနေမှု ဆွစ်ဇာလန်သမ္မတ ကာကွယ်


ဆွစ်ဇာလန်သမ္မတ Alain Berset
ဆွစ်ဇာလန်သမ္မတ Alain Berset

{{Zawgyi/Unicode}}

ဆွစ်ဇာလန်လုပ်လက်နက်တွေ ယူကရိန်းကိုပို့မှုတားမြစ်ချက်အပေါ် ဆွစ်ဇာလန်သမ္မတ Alian Berset က ခုခံပြောဆိုပြီး ကြားနေရပ်တည်မှုဟာ အရင်ကထက်ပိုပြီး အရေးပါလာတယ်လို့ တနင်္ဂနွေနေ့ အင်တာဗျူးမှာ ပြောထားပါတယ်။

ဆွစ်ဇာလန်လုပ်လက်နက်တွေ စစ်ပွဲတွေမှာအသုံးမပြုရဘူးလို့လည်း အပတ်စဉ်သတင်းစာတခုနဲ့ မေးမြန်းခန်းမှာ ပြောထားတာပါ။ ယူကရိန်းကို ရုရှားကျူးကျော်ခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီကစလို့ ဘက်မလိုက်ကြားနေမှုဆိုတဲ့ ဆွစ်ဇာလန်နိုင်ငံရဲ့ ရှည်ကြာတဲ့အစဉ်အလာအပေါ်အတော်လေး အငြင်းပွားပြောဆိုလာကြပါတယ်။

ဆွစ်ဇာလန်နိုင်ငံဟာ EU ဥရောပသမဂ္ဂအဖွဲ့ဝင်မဟုတ်ပေမဲ့ ရုရှားကိုပစ်မှတ်ထားအရေးယူတဲ့ အီးယူရဲ့ရှေ့ဆောင်မှုအတိုင်းလိုက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆွစ်ဇာလန်လက်နက်တွေပိုင်ဆိုင်တဲ့ နိုင်ငံတွေက ဒီလက်နက်တွေ ယူကရိန်းကိုလွှဲပြောင်းပေးတာကိုတော့ ဆက်ပြီး တားမြစ်ပိတ်ပင်ထားပါတယ်။ ဂျာမနီ၊ စပိန်နဲ့ ဒိန်းမတ်နိုင်ငံတွေက မေတ္တာရပ်ခံထားပေမယ့်လည်း နိုင်ငံတကာလက်နက်ကိုင်ပဋိပက္ခတွေကို ဆွစ်ဇာလန်နိုင်ငံလက်နက်တွေမရောက်ရှိစေဖို့ ပြဌာန်းထားတဲ့ ဥပဒေအရဆိုပြီး ဆွစ်ဇာလန်ဘက်က ဒီနေ့အထိ ငြင်းပယ်ထားတုန်းပါ။

ဒီမူဝါဒဟာ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှုဥပဒေသနဲ့ ဖြစ်နိုင်ရင်စေ့စပ်ဆွေးနွေးနိုင်မှုအပေါ်မှာ အခြေခံတယ်လို့လည်း ဆွစ်ဇာလန်သမ္မတက ပြောပါတယ်။ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဥပဒေ ဂျနီဗာသဘောတူညီချက်ကို အကာအကွယ်ပေးဖို့ဆိုတာ အရင်ကထက် ပိုပြီး အရေးကြီးလာတယ်လို့လည်း ပြောဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံဟာ ဂျနီဗာသဘောတူညီချက်အခြေတည်ရာနေရာဖြစ်သလို ICRC ကမ္ဘာ့ကြက်ခြေနီအဖွဲ့နဲ့ ကုလသမဂ္ဂနဲ့ အီးယူဥရောပသမဂ္ဂ ဌာနချုပ်ရှိရာနေရာဖြစ်တာမို့ ဆွစ်ဇာလန်နိုင်ငံရဲ့ အခန်းကဏ္ဍကို နိုင်ငံရဲ့ဥပဒေမှာထည့်သွင်းပြဌာန်းထားတယ်လို့ ပြောပါတယ်။ ယူကရိန်းစစ်အဆုံးသတ်ရေး ရုရှားနဲ့ စေ့စပ်ညှိနှိုင်းဖို့ အနှေးနဲ့အမြန်လိုအပ်တယ်ဆိုတာ ယုံကြည်ထားတယ်လို့လည်း ပြောပါတယ်။

ဆွစ်ဇာလန်လက်နက်တွေကို တတိယနိုင်ငံကတဆင့် လွှဲပြောင်းရေး ကန့်သတ်ထားချက်တွေကို ပြန်လည်ဖြေလျှော့ဖို့ ဆွီဇာလန်လွှတ်တော်ထဲ ကြိုးပမ်းပြောဆိုမှုတွေ ရှိလာပါပြီ။ ဒီလိုဖြေလျှော့မှုရဖို့ လွှတ်တော်နဲ့ အစိုးရအကြား အပြန်အလှန်ဆွေးနွေးပြီး လူထုဆန္ဒခံယူပွဲတရပ်လုပ်ကောင်းလုပ်ရနိုင်ပါတယ်။ ဒါပေမယ့်လည်း သူ့အမြင်အရရော အစိုးရရဲ့ရပ်တည်ချက်အရပါ ဆွီဇာလန်လက်နက်တွေ စစ်ပွဲတွေမှာ အသုံးမပြုရဘူးလို့ ဆွီဇာလန်သမ္မတက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

=====================

{{Unicode}}








XS
SM
MD
LG