အေျခအေနမွန္ကို သမၼတ Putin သေဘာေပါက္ရင္ ျပႆနာေျပလည္ေရးထြက္ေပါက္ရွာႏိုင္မည္ (ယူကရိန္းသမၼတ Zelenskyy)
{{Zawgyi/Unicode}}
႐ုရွားနဲ႔ ေဆြးေႏြးညႇိႏႈိင္းဖို႔ လမ္းဖြင့္ထားေၾကာင္း ယူကရိန္းသမၼတ Volodymyr Zelenskyy က ေျပာလိုက္ေပမဲ့ ႐ုရွားသမၼတ Vladimir Putin နဲ႔သာ တိုက္႐ိုက္ စကားေျပာမယ္လို႔ ေျပာပါတယ္။ ႐ုရွားသမၼတသာ ပကတိအေျခအေနကို နားလည္သေဘာေပါက္မယ္ဆိုရင္ သံတမန္ေရး နည္းလမ္းနဲ႔ ပဋိပကၡကို ေျဖရွင္းႏိုင္မယ့္ ထြက္ေပါက္ရွာႏိုင္ေၾကာင္းလည္း ဆြစ္ဇာလန္ႏိုင္ငံ Davos ၿမိဳ႕က ဗုဒၶဟူးေန႔ ကမာၻ႔စီးပြားေရးဖိုရမ္ကို ေပးပို႔ခဲ့တဲ့ ဗြီဒီယိုမိန္႔ခြန္းမွာ ေျပာၾကားခဲ့တာပါ။
ေဆြးေႏြးမႈေတြအတြက္ ပထမေျခလွမ္းအျဖစ္ ေဖေဖာ္ဝါရီလေႏွာင္းပိုင္း က်ဳးေက်ာ္မႈ မတိုင္ခင္ ေနရာအထိ ႐ုရွားတပ္ေတြ ျပန္ဆုတ္ေပးရလိမ့္မယ္လို႔လည္း ေျပာပါတယ္။ ပဋိပကၡေတြ အဆုံးသတ္ေရး မၾကာေသးခင္ သီတင္းပတ္ေတြအထိ ႐ုရွားနဲ႔ ယူကရိန္းၾကား ေဆြးေႏြးဖို႔ ဆႏၵမရွိၾကဘူးဆိုၿပီး အျပန္အလွန္ စြပ္စဲြေနၾကတာပါ။
အေမရိကန္ ျပည္ေထာင္စု တကၠဆက္ျပည္နယ္က မူလတန္းေက်ာင္းမွာ ပစ္ခတ္မႈေၾကာင့္ ကေလး ၁၉ ေယာက္ အပါအ၀င္ ၂၁ ေယာက္ ေသဆုံးခဲ့တဲ့အေပၚ စိတ္မေကာင္း ျဖစ္ရေၾကာင္းလည္း ယူကရိန္းသမၼတက မိန္႔ခြန္းမွာ ထည့္သြင္းေျပာဆိုခဲ့ပါတယ္။
ယူကရိန္းအေရွ႕ပိုင္း ေဒသေတြမွာ ႐ုရွားရဲ႕ထိုးစစ္ေတြ အရွိန္ျမႇင့္လာေနခ်ိန္မွာပဲ ႐ုရွားအေပၚ တိုးျမႇင့္ဖိအားေပးဖို႔ ယူကရိန္းသမၼတရဲ႕ အၾကံေပးပုဂၢိဳလ္က ႏိုင္ငံတကာ အသိုင္းအဝိုင္းကို တိုက္တြန္းခဲ့ပါတယ္။
.................................................
အခြေအနေမှန်ကို သမ္မတ Putin သဘောပေါက်ရင် ပြဿနာပြေလည်ရေးထွက်ပေါက်ရှာနိုင်မည် (ယူကရိန်းသမ္မတ Zelenskyy)
{{Zawgyi/Unicode}}
ရုရှားနဲ့ ဆွေးနွေးညှိနှိုင်းဖို့ လမ်းဖွင့်ထားကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောလိုက်ပေမဲ့ ရုရှားသမ္မတ Vladimir Putin နဲ့သာ တိုက်ရိုက် စကားပြောမယ်လို့ ပြောပါတယ်။ ရုရှားသမ္မတသာ ပကတိအခြေအနေကို နားလည်သဘောပေါက်မယ်ဆိုရင် သံတမန်ရေး နည်းလမ်းနဲ့ ပဋိပက္ခကို ဖြေရှင်းနိုင်မယ့် ထွက်ပေါက်ရှာနိုင်ကြောင်းလည်း ဆွစ်ဇာလန်နိုင်ငံ Davos မြို့က ဗုဒ္ဓဟူးနေ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ပေးပို့ခဲ့တဲ့ ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားခဲ့တာပါ။
ဆွေးနွေးမှုတွေအတွက် ပထမခြေလှမ်းအဖြစ် ဖေဖော်ဝါရီလနှောင်းပိုင်း ကျုးကျော်မှု မတိုင်ခင် နေရာအထိ ရုရှားတပ်တွေ ပြန်ဆုတ်ပေးရလိမ့်မယ်လို့လည်း ပြောပါတယ်။ ပဋိပက္ခတွေ အဆုံးသတ်ရေး မကြာသေးခင် သီတင်းပတ်တွေအထိ ရုရှားနဲ့ ယူကရိန်းကြား ဆွေးနွေးဖို့ ဆန္ဒမရှိကြဘူးဆိုပြီး အပြန်အလှန် စွပ်စွဲနေကြတာပါ။
အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်က မူလတန်းကျောင်းမှာ ပစ်ခတ်မှုကြောင့် ကလေး ၁၉ ယောက် အပါအဝင် ၂၁ ယောက် သေဆုံးခဲ့တဲ့အပေါ် စိတ်မကောင်း ဖြစ်ရကြောင်းလည်း ယူကရိန်းသမ္မတက မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်း ဒေသတွေမှာ ရုရှားရဲ့ထိုးစစ်တွေ အရှိန်မြှင့်လာနေချိန်မှာပဲ ရုရှားအပေါ် တိုးမြှင့်ဖိအားပေးဖို့ ယူကရိန်းသမ္မတရဲ့ အကြံပေးပုဂ္ဂိုလ်က နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။