ယူကရိန္းအေရွ႕ပိုင္းမွာ ႐ုရွားထိုးစစ္ အရွိန္ျမႇင့္
{{Zawgyi/Unicode}}
ယူကရိန္းအေရွ႕ပိုင္းမွာ တိုက္ခိုက္မႈေတြ အရွိန္ျမႇင့္ေနတဲ့ ႐ုရွားတပ္ေတြက ေရာ့ကက္ေလာင္ခ်ာေတြ ေလယာဥ္ေတြပါသံုးၿပီး Donetsk နဲ႔ Luhansk ေဒသေတြက လူေနရပ္ကြက္ေတြကို ပစ္ခတ္တိုက္ခိုက္ေနတာေၾကာင့္ အိမ္မီးေလာင္တာေတြ၊ အရပ္သားေသဆံုးမႈေတြ တိုးလာေနတယ္လို႔ ယူကရိန္းအရပ္ဘက္နဲ႔ စစ္ဘက္အရာရွိေတြက ေျပာပါတယ္။
ယူကရိန္းသမၼတ Volodymyr Zelenskyy ကေတာ့ Luhansk နဲ႔ Donetsk တည္ရွိရာ Donbas ေဒသရဲ႕ အေျခေနဟာ ငရဲျပည္လို ျဖစ္ေနၿပီး ႐ုရွားေတြရဲ႕ က်ဴးေက်ာ္ဝင္ေရာက္မႈေၾကာင့္ ေဒသတခုလံုး လံုးဝပ်က္စီးသြားၿပီလို႔ ေျပာပါတယ္။ ဒါ့အျပင္ ႐ုရွားတပ္ေတြဟာ ယူကရိန္းႏိုင္ငံသား မ်ားႏိုင္သမွ် အမ်ားဆံုး ေသေၾကေအာင္နဲ႔ ပ်က္စီးမႈလည္း အမ်ားဆံုး ျဖစ္ေအာင္ ႀကိဳးစားေနတယ္လု႔ိ စြပ္စြဲလိုက္ပါတယ္။
ယူကရိန္းက်ဴးေက်ာ္စစ္ အေစာပိုင္းရက္ေတြမွာ ၿမိဳ႕ေတာ္ Kiyv ကို သိမ္းယူဖို႔မေအာင္မျမင္ျဖစ္ခဲ့တဲ့ေနာက္ ႐ုရွားသမၼတ Vladimir Putin က အခုအခ်ိန္မွာ Donbas ေဒသကို ဦးတည္တိုက္ခိုက္လာေနတာပါ။
ဒီစစ္ပြဲြအတြင္း ႐ုရွားေတြ အျပင္းအထန္ထိုးစစ္ဆင္ခဲ့ရတဲ့ ေတာင္ပိုင္းက Mariupol ၿမိဳ႕မွာ Azovstal သံမဏိစက္ရံုကို ေျခကုပ္ယူၿပီး တိုက္ခိုက္ေနတဲ့ ယူကရိန္းတပ္သားေတြထဲ ဒဏ္ရာရေနတဲ့ ေနာက္ဆံုးက်န္တဲ့ တပ္သားေတြကို ကယ္ထုတ္ႏိုင္ခဲ့တယ္လို႔ သူတို႔ရဲ႕ တပ္မႈးက ေျပာပါတယ္။ ဒါေပမယ့္ ဘယ္ႏွစ္ေယာက္ဆိုတာကိုေတာ့ မေျပာပါတယ္။
ယူကရိန္းသမၼတ ကေတာ့ ဒီသံမဏိစက္ရံုထဲမွာ ပိတ္မိေနတဲ့ အရပ္သားအားလံုးကို ကယ္ထုတ္ႏိုင္ၿပီလို႔ ေျပာပါတယ္။
"ဒီေန႕ဆို စက္ရံုမွာ ပိတ္မိေနတဲ့ အရပ္သားအားလံုးကို ကယ္ထုတ္ႏိုင္ၿပီျဖစ္သလို ဒီစက္ရံု ဒါမွမဟုတ္ Mariupol အနားမွာ ေနတဲ့ တျခား အရပ္သားေတြကိုေတာ့ မၾကာေသးခင္ကပဲ စၿပီးကယ္ထုတ္ေပးေနပါတယ္လို႔ ေျပာပါတယ္။
႐ုရွားကာကြယ္ေရးဝန္ႀကီးကေတာ့ မၾကာခင္ ရက္ေတြအတြင္း လက္နက္ခ်အညံ့ခံခဲ့တဲ့ ယူကရိန္းစစ္သားက ၂၀၀၀ ေလာက္ရွိတယ္လို႔ ေျပာပါတယ္။ အဲဒီစက္ရံုတိုက္ပြဲအတြင္း ေသဆံုးသူေတြရဲ႕ အေလာင္းေတြကို သယ္ထုတ္ဖို႔ ႀကိဳးစားေနတယ္လို႔ ယူကရိန္းရဲ႕ Azov တပ္ရင္းက တပ္မႈးက ေျပာပါတယ္။ အဲဒီစက္ရံုက ႐ုရွားတပ္ေတြလည္း စတင္႐ုပ္သိမ္းေနၿပီျဖစ္ပါတယ္။
G 7 စက္မႈအင္အားႀကီး ၇ ႏိုင္ငံက ဘ႑ာေရးဝန္ႀကီးေတြက ႐ုရွားရဲ႕ က်ဴးေက်ာ္မႈကို ခုခံတြန္းလွန္ေနရတဲ့ ယူကရိန္းအတြက္ ေငြေၾကးအကူအညီ ေဒၚလာ ၁၉.၈ ဘီလီယံ ေထာက္ပံ့ဖို႔ ကတိျပဳေၾကာင္း ေသာၾကာေန႔မွာပဲ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။
......................................................
ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားထိုးစစ် အရှိန်မြှင့်
{{Zawgyi/Unicode}}
ယူကရိန်းအရှေ့ပိုင်းမှာ တိုက်ခိုက်မှုတွေ အရှိန်မြှင့်နေတဲ့ ရုရှားတပ်တွေက ရော့ကက်လောင်ချာတွေ လေယာဉ်တွေပါသုံးပြီး Donetsk နဲ့ Luhansk ဒေသတွေက လူနေရပ်ကွက်တွေကို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အိမ်မီးလောင်တာတွေ၊ အရပ်သားသေဆုံးမှုတွေ တိုးလာနေတယ်လို့ ယူကရိန်းအရပ်ဘက်နဲ့ စစ်ဘက်အရာရှိတွေက ပြောပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ Luhansk နဲ့ Donetsk တည်ရှိရာ Donbas ဒေသရဲ့ အခြေနေဟာ ငရဲပြည်လို ဖြစ်နေပြီး ရုရှားတွေရဲ့ ကျူးကျော်ဝင်ရောက်မှုကြောင့် ဒေသတခုလုံး လုံးဝပျက်စီးသွားပြီလို့ ပြောပါတယ်။ ဒါ့အပြင် ရုရှားတပ်တွေဟာ ယူကရိန်းနိုင်ငံသား များနိုင်သမျှ အများဆုံး သေကြေအောင်နဲ့ ပျက်စီးမှုလည်း အများဆုံး ဖြစ်အောင် ကြိုးစားနေတယ်လု့ိ စွပ်စွဲလိုက်ပါတယ်။
ယူကရိန်းကျူးကျော်စစ် အစောပိုင်းရက်တွေမှာ မြို့တော် Kiyv ကို သိမ်းယူဖို့မအောင်မမြင်ဖြစ်ခဲ့တဲ့နောက် ရုရှားသမ္မတ Vladimir Putin က အခုအချိန်မှာ Donbas ဒေသကို ဦးတည်တိုက်ခိုက်လာနေတာပါ။
ဒီစစ်ပွဲအတွင်း ရုရှားတွေ အပြင်းအထန်ထိုးစစ်ဆင်ခဲ့ရတဲ့ တောင်ပိုင်းက Mariupol မြို့မှာ Azovstal သံမဏိစက်ရုံကို ခြေကုပ်ယူပြီး တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်သားတွေထဲ ဒဏ်ရာရနေတဲ့ နောက်ဆုံးကျန်တဲ့ တပ်သားတွေကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ သူတို့ရဲ့ တပ်မှုးက ပြောပါတယ်။ ဒါပေမယ့် ဘယ်နှစ်ယောက်ဆိုတာကိုတော့ မပြောပါတယ်။
ယူကရိန်းသမ္မတ ကတော့ ဒီသံမဏိစက်ရုံထဲမှာ ပိတ်မိနေတဲ့ အရပ်သားအားလုံးကို ကယ်ထုတ်နိုင်ပြီလို့ ပြောပါတယ်။
"ဒီနေ့ဆို စက်ရုံမှာ ပိတ်မိနေတဲ့ အရပ်သားအားလုံးကို ကယ်ထုတ်နိုင်ပြီဖြစ်သလို ဒီစက်ရုံ ဒါမှမဟုတ် Mariupol အနားမှာ နေတဲ့ တခြား အရပ်သားတွေကိုတော့ မကြာသေးခင်ကပဲ စပြီးကယ်ထုတ်ပေးနေပါတယ်လို့ ပြောပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးကတော့ မကြာခင် ရက်တွေအတွင်း လက်နက်ချအညံ့ခံခဲ့တဲ့ ယူကရိန်းစစ်သားက ၂၀၀၀ လောက်ရှိတယ်လို့ ပြောပါတယ်။ အဲဒီစက်ရုံတိုက်ပွဲအတွင်း သေဆုံးသူတွေရဲ့ အလောင်းတွေကို သယ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ ယူကရိန်းရဲ့ Azov တပ်ရင်းက တပ်မှုးက ပြောပါတယ်။ အဲဒီစက်ရုံက ရုရှားတပ်တွေလည်း စတင်ရုပ်သိမ်းနေပြီဖြစ်ပါတယ်။
G 7 စက်မှုအင်အားကြီး ၇ နိုင်ငံက ဘဏ္ဍာရေးဝန်ကြီးတွေက ရုရှားရဲ့ ကျူးကျော်မှုကို ခုခံတွန်းလှန်နေရတဲ့ ယူကရိန်းအတွက် ငွေကြေးအကူအညီ ဒေါ်လာ ၁၉.၈ ဘီလီယံ ထောက်ပံ့ဖို့ ကတိပြုကြောင်း သောကြာနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။