[[ ZAWGYI / UNICODE ]]
လက္နက္ခ် ယူကရိန္းစစ္သား ၁၇၃၀ ရွိေၾကာင္း ႐ုရွားေၾကညာ
ယူကရိန္းႏိုင္ငံ Mariupol ဆိပ္ကမ္းၿမိဳ႕မွာရွိတဲ့ ႐ုရွားတပ္ေတြ အဝိုင္းခံေနရတဲ့ Azovstal သံမဏိစက္ရံုထဲက ယူကရိန္းစစ္သား ေနာက္ထပ္ရာနဲ႔ခ်ီၿပီး လက္နက္ခ်ခဲ့တာေၾကာင့္ ဒီသီတင္းပတ္ထဲမွာ လက္နက္ခ်သူစုစုေပါင္း ၁၇၃၀ ရွိသြားၿပီလို႔ ႐ုရွားကာကြယ္ေရး ဝန္ႀကီးဌာနက ၾကာသပေတးေန႔မွာ ေျပာပါတယ္။
သံမဏိစက္ရံုကေန ႐ုရွားတပ္ေတြကိုခုခံေနတဲ့ ယူကရိန္းတပ္သားေတြ လက္နက္ခ်တာကို ICRC ႏိုင္ငံတကာ ၾကက္ေျခနီအဖြဲ႔က အဂၤါေန႔ကစတင္ စာရင္းျပဳစုေနတာျဖစ္ၿပီး ၾကာသပေတးေန႔မွာလည္း ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။ ဒီစစ္သံု႔ပန္းေတြကို ထိန္းသိမ္းတဲ့ေနရာဆီ ICRC က ပို႔ေပးတာ မဟုတ္ပဲ တဦးခ်င္းရဲ႕ အမည္၊ ေမြးရက္ နဲ႔ အနီးစပ္ဆံုးေဆြမ်ိဳး လို ကိုယ္ေရးအခ်က္လက္ပံုစံျဖည္၊့ စာရင္းေတြကို ျပဳစုေပးတာသာ ျဖစ္ၿပီး ဒါဟာ အဖမ္းခံရသူေတြကို သူတို႔ရဲ႕ ေဆြမ်ိဳး မိတ္သဂၤဟေတြ အဆက္အသြယ္လုပ္ႏိုင္ဖို႔ ျဖစ္ေၾကာင္း ေျပာပါတယ္။
အခုလို လက္နက္ခ်တဲ့ ယူကရိန္းစစ္သား အေရအတြက္နဲ႔ ပတ္သက္ၿပီး ႐ုရွားရဲ႕ သတင္းထုတ္ျပန္မႈကို ယူကရိန္းအာဏာပိုင္ေတြကေတာ့ အတည္မျပဳေသးပါဘူး။ ဒီစစ္သံု႔ပန္းေတြကို အရပ္သားေတြအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈခင္းေတြမွာ ပါဝင္ပတ္သက္မႈ ရွိမရွိ စံုစမ္းစစ္ေရးမွာ ျဖစ္ေၾကာင္း ႐ုရွားစံုစမ္းေရးဌာနက ေျပာၾကားေနခ်ိန္မွာပဲ ယူကရိန္းဘက္ကေတာ့ သူတို႔ကို အက်ဥ္းသားလဲလွယ္ေရး အစီစဥ္နဲ႔ ျပန္ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာပါ။
Azov ပင္လယ္ ေျမာက္ဖက္ကမ္း႐ိုးတန္းက လူဦးေရ ၄ သိန္းေက်ာ္ ေနထိုင္တဲ့ Mariupol ၿမိဳ႕ကို သိမ္းပိုက္ႏိုင္တာဟာ ယူကရိန္းကို ၃ လ နီးပါးၾကာ က်ဴးေက်ာ္စစ္ဆင္ႏႊဲေနတဲ့ ႐ုရွားအတြက္ အႀကီးမားဆံုး ေအာင္ျမင္မႈလည္း ျဖစ္ပါတယ္။ ႐ုရွားတပ္ေတြက ယူကရိန္းအေရွ႕ပိုင္း Donbas ေဒသကို ဦးတည္တိုက္ခိုက္ေနခ်ိန္မွာပဲ ယူကရိန္းသမၼတ Volodymyr Zelenskyy ရဲ႕ အၾကံေပး Mykhailo Podolyak ကေတာ့ ႐ုရွားတပ္ေတြ လံုးဝျပန္ဆုတ္ခြါ မေပးဘူးဆိုရင္ ႐ုရွားနဲ႔ အပစ္ရပ္ သေဘာတူညီခ်က္ ရဖို႔ မျဖစ္ႏိုင္ဘူးလို႔ ၾကာသပေတးေန႔မွာပဲ ေျပာပါတယ္။
ယူကရိန္းတပ္သားေတြဟာ ဒုတိယအႀကီးဆံုးျဖစ္တဲ့ Kharkiv ၿမိဳ႕ ေျမာက္ပိုင္းနဲ႔ အေရွ႕ေျမာက္ပိုင္းေတြကို ဆက္ၿပီးျပန္သိမ္းပိုက္ေနေပမယ့္ ႐ုရွားေရာ ယူကရိန္းပါ ၂ ဘက္စလံုး ဘယ္သူမွမႏိုင္ေသးဘူးလို႔ အေမရိကန္ကာကြယ္ေရးဌာန အႀကီးတန္းအရာရွိတဦးက ေျပာပါတယ္။
=======================
{{ UNICODE }}
လက်နက်ချ ယူကရိန်းစစ်သား ၁၇၃၀ ရှိကြောင်း ရုရှားကြေညာ
ယူကရိန်းနိုင်ငံ Mariupol ဆိပ်ကမ်းမြို့မှာရှိတဲ့ ရုရှားတပ်တွေ အဝိုင်းခံနေရတဲ့ Azovstal သံမဏိစက်ရုံထဲက ယူကရိန်းစစ်သား နောက်ထပ်ရာနဲ့ချီပြီး လက်နက်ချခဲ့တာကြောင့် ဒီသီတင်းပတ်ထဲမှာ လက်နက်ချသူစုစုပေါင်း ၁၇၃၀ ရှိသွားပြီလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။
သံမဏိစက်ရုံကနေ ရုရှားတပ်တွေကိုခုခံနေတဲ့ ယူကရိန်းတပ်သားတွေ လက်နက်ချတာကို ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က အင်္ဂါနေ့ကစတင် စာရင်းပြုစုနေတာဖြစ်ပြီး ကြာသပတေးနေ့မှာလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဒီစစ်သုံ့ပန်းတွေကို ထိန်းသိမ်းတဲ့နေရာဆီ ICRC က ပို့ပေးတာ မဟုတ်ပဲ တဦးချင်းရဲ့ အမည်၊ မွေးရက် နဲ့ အနီးစပ်ဆုံးဆွေမျိုး လို ကိုယ်ရေးအချက်လက်ပုံစံဖြည်၊့ စာရင်းတွေကို ပြုစုပေးတာသာ ဖြစ်ပြီး ဒါဟာ အဖမ်းခံရသူတွေကို သူတို့ရဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေ အဆက်အသွယ်လုပ်နိုင်ဖို့ ဖြစ်ကြောင်း ပြောပါတယ်။
အခုလို လက်နက်ချတဲ့ ယူကရိန်းစစ်သား အရေအတွက်နဲ့ ပတ်သက်ပြီး ရုရှားရဲ့ သတင်းထုတ်ပြန်မှုကို ယူကရိန်းအာဏာပိုင်တွေကတော့ အတည်မပြုသေးပါဘူး။ ဒီစစ်သုံ့ပန်းတွေကို အရပ်သားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုခင်းတွေမှာ ပါဝင်ပတ်သက်မှု ရှိမရှိ စုံစမ်းစစ်ရေးမှာ ဖြစ်ကြောင်း ရုရှားစုံစမ်းရေးဌာနက ပြောကြားနေချိန်မှာပဲ ယူကရိန်းဘက်ကတော့ သူတို့ကို အကျဉ်းသားလဲလှယ်ရေး အစီစဉ်နဲ့ ပြန်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတာပါ။
Azov ပင်လယ် မြောက်ဖက်ကမ်းရိုးတန်းက လူဦးရေ ၄ သိန်းကျော် နေထိုင်တဲ့ Mariupol မြို့ကို သိမ်းပိုက်နိုင်တာဟာ ယူကရိန်းကို ၃ လ နီးပါးကြာ ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားအတွက် အကြီးမားဆုံး အောင်မြင်မှုလည်း ဖြစ်ပါတယ်။ ရုရှားတပ်တွေက ယူကရိန်းအရှေ့ပိုင်း Donbas ဒေသကို ဦးတည်တိုက်ခိုက်နေချိန်မှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့ အကြံပေး Mykhailo Podolyak ကတော့ ရုရှားတပ်တွေ လုံးဝပြန်ဆုတ်ခွါ မပေးဘူးဆိုရင် ရုရှားနဲ့ အပစ်ရပ် သဘောတူညီချက် ရဖို့ မဖြစ်နိုင်ဘူးလို့ ကြာသပတေးနေ့မှာပဲ ပြောပါတယ်။
ယူကရိန်းတပ်သားတွေဟာ ဒုတိယအကြီးဆုံးဖြစ်တဲ့ Kharkiv မြို့ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတွေကို ဆက်ပြီးပြန်သိမ်းပိုက်နေပေမယ့် ရုရှားရော ယူကရိန်းပါ ၂ ဘက်စလုံး ဘယ်သူမှမနိုင်သေးဘူးလို့ အမေရိကန်ကာကွယ်ရေးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။