သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဆိုက်ဘာတိုက်ခိုက်မှု ကန်ပြောကြားချက် သမ္မတ Putin ပယ်ချ


(Zawgyi/Unicode)

စီးပွားရေး လုပ်ငန်းကြီးတွေရဲ့ ကွန်ပျူတာ စနစ်တွေကို တိုက်ခိုက်ပြီး ဒေါ်လာ သန်းချီ ငွေညှစ်တာတွေ အပါအဝင် အမေရိကန် ကုမ္ပဏီတွေနဲ့ အစိုးရ ဌာနတွေကို ရုရှား အစိုးရ၊ ရုရှား ဟက်ကာတွေက ဆိုက်ဘာ တိုက်ခိုက်မှု လုပ်တယ်လို့ အမေရိကန် အစိုးရရဲ့ ပြောဆိုချက်ကို ရုရှား သမ္မတ Vladimir Putin က ပြင်းပြင်းထန်ထန် ငြင်းဆိုပါတယ်။

ဒီစွပ်စွဲချက်ဟာ အဓိပ္ပါယ် မရှိဘူးလို့ ရုရှား သမ္မတ Putin က NBC News နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာ ပြောဆိုထားတာပါ။

ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ အမေရိကန် သမ္မတ Joe Biden နဲ့ လာမယ့် ဗုဒ္ဓဟူးနေ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေချိန်မှာဘဲ ရုရှား သမ္မတ Putin က အခုလို ပြောဆိုခဲ့တာပါ။

အမေရိကန်နဲ့ ရုရှား ခေါင်းဆောင်တို့ရဲ့ ဆွေးနွေးမှုမှာတော့ အင်တာနက် ဆိုက်ဘာ တိုက်ခိုက်မှု ကိစ္စတွေကလည်း အကြိတ်အနယ် ဆွေးနွေးရမယ့် အဓိက အကြောင်းအရာ တခု ဖြစ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ အကြောင်းအရာ ပေါင်းစုံနဲ့ ရုရှားကို စွပ်စွဲနေကြပါတယ်လို့ သမ္မတ Putin က ပြောပါတယ်။ ရွေးကောက်ပွဲ ကြားဝင်နှောင့်ယှက်မှု၊ ဆိုက်ဘာ တိုက်ခိုက်မှု နဲ့ တခြား စွပ်စွဲချက်တွေလည်း ရှိကြောင်း၊ သက်သေ အထောက်အထားလည်း မပြဘူးလို့ ထောက်ပြပြီး အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေလို့ ရုရှား သမ္မတ က ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလ အတွင်းမှာဘဲ အမေရိကန် သမ္မတ Biden က ရုရှား သံတမန် ၁၀ ဦးကို နိုင်ငံတွင်းကနေ နှင်ထုတ်ခဲ့ပါတယ်။

ဒါ့အပြင် SolarWinds သတင်းအချက်အလက် နည်းပညာ ကုမ္ပဏီကို အင်တာနက် ဖောက်ထွင်းခဲ့မှုမှာ ပတ်သက်တဲ့ရုရှား အစိုးရ ထောက်လှမ်းရေး အေဂျင်စီတွေကို ဆိုက်ဘာ အင်တာနက်ဆိုင်ရာ အစီအစဉ်တွေ ပံ့ပိုးပေးနေတဲ့ ရုရှား နည်းပညာ ကုမ္ပဏီ ၆ ခုကိုလည်း အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှုသစ် ချမှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း အမေရိကန်ရဲ့ အရေးပါတဲ့ စီးပွားရေး လုပ်ငန်းကြီး ၂ ဖြစ်တဲ့ စက်သုံးဆီ ဖြန့်ဖြူးတဲ့ Colonial Pipeline လုပ်ငန်းကြီးနဲ့ အသားထုတ်လုပ်မှု လုပ်ငန်း JBS တို့ကို ဆိုက်ဘာ အင်တာနက် တိုက်ခိုက်ခဲ့မှုဟာလည်း ရုရှားမှာ အခြေချပြီး လုပ်ခဲ့တာလို့ ယူဆထားကြပါတယ်။ Colonial နဲ့ JBS လုပ်ငန်းကြီး ၂ ခုလုံးက လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ရေး အတွက် ဒေါ်လာ သန်းချီပြီး ပြန်ပေးငွေ ပေးခဲ့ကြရပြီး ပြန်ပေးငွေ တချို့ကိုတော့ အမေရိကန် အာဏာပိုင်တွေက ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


............

ရုရှားဆိုကျဘာတိုကျခိုကျမှု ကနျပွောကွားခကြျ သမ်မတ Putin ပယျခြ
(Unicode)


ဒီစှပျစှဲခကြျဟာ အဓိပ်ပါယျ မရှိဘူးလို့ ရုရှား သမ်မတ Putin က NBC News နဲ့ တှေ့ဆုံ မေးမွနျးခနျးမှာ ပွောဆိုထားတာပါ။





XS
SM
MD
LG