သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအတွက် လက်နက်ခဲယမ်း ထောက်ပံ့ရေး EU ဆွေးနွေး

EU နိုင်ငံခြားရေးနဲ့ လုံခြုံရေးရာအကြီးအကဲ Josep Borrell, ဘယ်လ်ဂျီယံနိုင်ငံ ဘရူဆဲလ်မြို့ (မတ် ၂၃၊ ၂၀၂၃)
EU နိုင်ငံခြားရေးနဲ့ လုံခြုံရေးရာအကြီးအကဲ Josep Borrell, ဘယ်လ်ဂျီယံနိုင်ငံ ဘရူဆဲလ်မြို့ (မတ် ၂၃၊ ၂၀၂၃)

ယူကရိန်းနိုင်ငံကို လာမယ့် ၁၂ လအတွင်း လက်နက်ကြီးကျည် ၁ သန်း ပေးပို့မယ့် အစီအစဉ်ကို အတည်ပြုဖို့ EU ခေါင်းဆောင်တွေ ဘယ်လ်ဂျီယံနိုင်ငံ Brussels မြို့တော်မှာ ဆွေးနွေးနေကြပါတယ်။ EU နိုင်ငံတွေမှာ လက်ရှိရှိနေပြီးသား ကျည်တွေနဲ့ EU နိုင်ငံတွေ စုပေါင်းပြီး နောက်ထပ်ကျည်တွေ ထပ်မှာရေးတောင်းဆိုထားတဲ့ ဒေါ်လာ ၂ ဘီလျံကျော် တန်ဖိုးရှိတဲ့ အစီအစဉ်ကို EU နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကာကွယ်ရေးဝန်ကြီးတွေ ဒီသီတင်းပါတ်အစောပိုင်းက သဘောတူခဲ့ကြပါတယ်။ အဲဒီသဘောတူ အဆိုပြုချက်အတိုင်းလက်တွေ့ဖြစ်လာအောင် EU ခေါင်းဆောင်တွေကို တင်ပြမှာဖြစ်တယ်လို့ EU နိုင်ငံခြားရေးနဲ့ လုံခြုံရေးရာအကြီးအကဲ Josep Borrell က ထိပ်သီးစည်းဝေးပွဲ မတိုင်ခင် ဒီနေ့မနက်က ပြောကြားခဲ့ပါတယ်။

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့ကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ ဥရောပသမဂ္ဂခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးအတွင်း တွေ့ရစဉ်(မတ် ၂၃၊ ၂၀၂၃)

ယူကရိန်းကို ခဲယမ်းတွေပေးရေးအဆိုပြုချက်ကို ဥရောပခေါင်းဆောင်တွေကို အခုထိပ်သီးအစည်းအဝေးမှာ သူတင်ပြမှာဖြစ်တဲ့အကြောင်းနဲ့၊ ၁၂ လအတွင်း ကျည် ၁ သန်း၊ ယူရို ၂ ဘီလျံဖိုးပေးဖို့ အစီအစဉ်ဖြစ်တယ်လို့ EU နိုင်ငံခြားရေးနဲ့ လုံခြုံရေးရာအကြီးအကဲ Josep Borrell ပြောကြားသွားတာဖြစ်ပါတယ်။ ရုရှားကျူးကျော်စစ်ကို ခုခံတိုက်နေတဲ့ ယူကရိန်းအနေနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေရှိနေချိန်၊ ကိုဗစ်ကပ်ရောဂါကာကွယ်ဆေးကို EU နိုင်ငံတွေ စုပေါင်းဝယ်ယူခဲ့သလို လက်နက်တွေ စုပေါင်းဝယ်ယူပေးဖို့ အစီအစဉ်ကို အက်စတိုးနီယားနိုင်ငံက အကြံပြုခဲ့တာဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံမှာတော့ သမ္မတ Volodymyr Zelensky ဟာ နိုင်ငံတောင်ပိုင်းက Kherson ဒေသကို ဒီနေ့ သွားရောက်ပြီး စစ်ကြောင့် ပျက်စီးခဲ့သမျှကို ပြန်လည်တည်ဆောက်ပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ မနေ့ကလည်း ရုရှားတို့ အကြီးအကျယ် ထိုးစစ်ဆင်နေတဲ့ Bakhmut မြို့နားက ရှေ့တန်းစစ်မျက်နှာပြင်ကိုသွားရောက်ပြီး ယူကရိန်းတပ်ဖွဲ့ဝင်တွေကို အားပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG