သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပတ်ဝန်းကျင် မထိခိုက်တဲ့ လုပ်ငန်းတွေအရေး အမေရိကန်နဲ့အီးယူ ဆွေးနွေး


UKRAINE-CRISIS/EU-BIDEN
UKRAINE-CRISIS/EU-BIDEN

သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လုပ်ကိုင်ဆောင်ရွက်တဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အစိုးရက ထောက်ပံ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ EU ဥရောပသမဂ္ဂကြား တိုင်ပင်ဆွေးနွေးဖို့ သမ္မတ Joe Biden နဲ့ သဘောတူညီခဲ့တယ်လို့ EU ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က ပြောကြားလိုက်ပါတယ်။ အမေရိကန်သမ္မတ Joe Biden နဲ့ အကြောင်းအချက် တော်တော်များများကို ထိထိရောက်ရောက် ဆွေးနွေးနိုင်ခဲ့တယ်လို့ အိမ်ဖြူတော်မှာ သမ္မတ Biden နဲ့ တွေ့ဆုံအပြီး EU ကော်မရှင်ဥက္ကဋ္ဌက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

လေထုညစ်ညမ်းမှု လုံးဝမရှိစေအောင် လုပ်ကိုင်မယ့် စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးထောက်ပံ့ရေးနဲ့ ပတ်သက်လို့ ပွင့်လင်းတဲ့ ဆွေးနွေးမှုတွေလုပ်သွားဖို့ သဘောတူညီခဲ့ကြပါတယ်။ ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် ဆောင်ရွက်နေကြတဲ့ ဘယ်လို လုပ်ငန်းတွေကို ပံ့ပိုးမှာလဲဆိုတာသိရဖို့ အမေရိကန်အတွက်ရော EU အတွက်ပါ အရေးကြီးပါတယ်။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ထုတ်လွှတ်လိုက်တဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ (ကာဗွန်ဓာတ်ငွေ့) တွေကို လေထုထဲကနေ လုံးဝကင်းစင်သွားအောင် လုပ်နိုင်ဖို့အတွက် အတူလက်တွဲ ဆောင်ရွက်သွားနိုင်ဖို့ ဒီအချက်က အရေးကြီးပါတယ်လို့ EU ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့ သြဂုတ်လက ပြဌာန်းခဲ့တဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရေး ဥပဒေအရ ပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ကိုင်တဲ့ လုပ်ငန်းတွေကို အမေရိကန်အစိုးရက ပံ့ပိုးကူညီထောက်ပံ့မယ့် အစီအစဉ်ကြောင့် ရင်းနှီးမြှပ်နှံတဲ့ လုပ်ငန်းတွေအနေနဲ့ EU ဘက်ကနေ အမေရိကန်ဘက် ရောက်သွားပြီး EU စီးပွားရေး ထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှု ရှိနေချိန်မှာ အခုလို နှစ်ဘက်ဆွေးနွေး သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။

EU နိုင်ငံတွေက ကုန်ကြမ်းတွေ အမေရိကန်ဈေးကွက်ထဲ ရောက်ရှိရေး လုပ်သွားဖို့လည်း အမေရိကန်နဲ့ EU သဘောတူညီခဲ့ကြပါတယ်။ EU နဲ့ အမေရိကန်ကြား ခိုင်မာတဲ့ ဆက်ဆံရေးနဲ့ ပူပေါင်းဆောင်ရွက်မှုတွေ လုပ်နေကြောင်းနဲ့ ရုရှားကျူးကျော်စစ် တိုက်နေတဲ့ ယူကရိန်းအပေါ် စည်းစည်းလုံးလုံး ထောက်ခံအားပေးနေတဲ့ အကြောင်းလည်း သမ္မတ Joe Biden နဲ့ EU ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့ ပြောကြားခဲ့ကြပါတယ်။

==== Unicode =====





XS
SM
MD
LG