သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥေရာပေကာ္မရွင္ ဥကၠဌနဲ႔ ကန္သမၼတ အိမ္ျဖဴေတာ္မွာ ေတြ႕ဆံုေဆြးေႏြး


Biden European Commission

ဥေရာပ ေကာ္မရွင္ ဥကၠဌ Ursula von der Leyen နဲ႔ အေမရိကန္ သမၼတ Joe Biden တို႔ ေသာၾကာေန႔က အေမရိကန္ သမၼတ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံၿပီး ယူကရိန္း စစ္ပြဲ အေရး၊ အေမရိကန္နဲ႔ ဥေရာပ သမဂၢ EU ၾကား ကုန္သြယ္ေရးနဲ႔ စြမ္းအင္ အေရး ႐ုရွားထံ မွီခိုရမႈကေန လြတ္ကင္းေရး တို႔ကို ေဆြးေႏြးၾကပါတယ္။

ဥေရာပေကာ္မရွင္ ဥကၠဌနဲ႔ ကန္သမၼတ အိမ္ျဖဴေတာ္မွာ ေတြ႕ဆံုေဆြးေႏြး

ဥေရာပ ေကာ္မရွင္ ဥကၠဌ Ursula von der Leyen နဲ႔ အေမရိကန္ သမၼတ Joe Biden တို႔ ေသာၾကာေန႔က အေမရိကန္ သမၼတ အိမ္ျဖဴေတာ္မွာ ေတြ႕ဆုံၿပီး ယူကရိန္း စစ္ပြဲ အေရး၊ အေမရိကန္နဲ႔ ဥေရာပ သမဂၢ EU ၾကား ကုန္သြယ္ေရးနဲ႔ စြမ္းအင္ အေရး ႐ုရွားထံ မွီခိုရမႈကေန လြတ္ကင္းေရး တို႔ကို ေဆြးေႏြးၾကပါတယ္။

“ရဲရင့္တဲ့ ယူကရိန္း ျပည္သူတို႔နဲ႔ အတူတကြ ရပ္တည္ၿပီး လုံၿခဳံေရး ဆိုင္ရာ ေထာက္ပံ့မႈေတြ ေပးအပ္ေနေၾကာင္း၊ ႐ုရွား သမၼတ Vladimir Putin အေနနဲ႔ ယူကရိန္း ႏိုင္ငံတြင္း တိုက္ခိုက္ေရးနဲ႔ ေငြေၾကး အသုံးျပဳႏိုင္စြမ္းကို ျပတ္ေတာက္သြားေစတဲ့ သမိုင္းဝင္ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကိုလည္း ခ်မွတ္ေဆာင္႐ြက္ေနေၾကာင္း အေမရိကန္ သမၼတ Biden က ေျပာဆိုခဲ့တာပါ။”

အေမရိကန္ သမၼတ အိမ္ျဖဴေတာ္မွာ ေသာၾကာေန႔က ဥေရာပ ေကာ္မရွင္ အႀကီးအကဲနဲ႔ အတူ သတင္းေထာက္ေတြကို အခုလို ေျပာဆိုတာ ျဖစ္ပါတယ္။ ဒါ့အျပင္ ဥေရာပရဲ႕ စြမ္းအင္ လုံၿခဳံေရး အတြက္လည္း ေထာက္ခံေၾကာင္း အေမရိကန္ သမၼတက ေျပာဆိုခဲ့ပါတယ္။

သန႔္စင္စြမ္းအင္ဆိုင္ရာ ျမႇင့္တင္ေရး အေမရိကန္ရဲ႕ အစီအစဥ္သစ္ အရ လွ်ပ္စစ္ကားသုံး ဘက္ထရီေတြ အတြက္ ဥေရာပ ထုတ္လုပ္သူေတြဘက္က အေရးႀကီးတဲ့ ဓာတ္သတၱဳေတြ တင္ပို႔ႏိုင္ခြင့္ ရရွိလာေရး အတြက္ ေစ့စပ္ေဆြးေႏြးမႈေတြ စတင္မယ့္ အေၾကာင္း အေမရိကန္ သမၼတ Joe Biden နဲ႔ ဥေရာပ ေကာ္မရွင္ အႀကီးအကဲ Ursula von der Leyen တို႔က ေသာၾကာေန႔မွာ ေၾကညာခဲ့ပါတယ္။

အေရးႀကီးတဲ့ ဓာတ္သတၱဳေတြ ထုတ္လုပ္မႈ ဒါမွမဟုတ္လည္း ဥေရာပမွာ သန႔္စင္ႏိုင္ေရးတို႔မွာ သမၼတ Biden လက္မွတ္ေရးထိုးထားတဲ့ ေငြေၾကးေဖာင္းပြမႈ ေလွ်ာ့ခ်ေရး အက္ဥပေဒ IRA အစီအစဥ္ အရ အေမရိကန္ အစိုးရဘက္က တစိတ္တပိုင္းက်ခံမႈနဲ႔ အႀကဳံးဝင္ေစေရး အတြက္ အေရးႀကီးတဲ့ ဓာတ္သတၱဳဆိုင္ရာ သေဘာတူညီခ်က္ အတြက္ ေဆြးေႏြးမႈေတြကို ခ်က္ခ်င္း စတင္ဖို႔ ရည္႐ြယ္ထားေၾကာင္း ပူးတြဲ ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

##

Unicode

ဥရောပကော်မရှင် ဥက္ကဌနဲ့ ကန်သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေး

ဥရောပ ကော်မရှင် ဥက္ကဌ Ursula von der Leyen နဲ့ အမေရိကန် သမ္မတ Joe Biden တို့ သောကြာနေ့က အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံပြီး ယူကရိန်း စစ်ပွဲ အရေး၊ အမေရိကန်နဲ့ ဥရောပ သမဂ္ဂ EU ကြား ကုန်သွယ်ရေးနဲ့ စွမ်းအင် အရေး ရုရှားထံ မှီခိုရမှုကနေ လွတ်ကင်းရေး တို့ကို ဆွေးနွေးကြပါတယ်။

“ရဲရင့်တဲ့ ယူကရိန်း ပြည်သူတို့နဲ့ အတူတကွ ရပ်တည်ပြီး လုံခြုံရေး ဆိုင်ရာ ထောက်ပံ့မှုတွေ ပေးအပ်နေကြောင်း၊ ရုရှား သမ္မတ Vladimir Putin အနေနဲ့ ယူကရိန်း နိုင်ငံတွင်း တိုက်ခိုက်ရေးနဲ့ ငွေကြေး အသုံးပြုနိုင်စွမ်းကို ပြတ်တောက်သွားစေတဲ့ သမိုင်းဝင် ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း ချမှတ်ဆောင်ရွက်နေကြောင်း အမေရိကန် သမ္မတ Biden က ပြောဆိုခဲ့တာပါ။”

အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ သောကြာနေ့က ဥရောပ ကော်မရှင် အကြီးအကဲနဲ့ အတူ သတင်းထောက်တွေကို အခုလို ပြောဆိုတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥရောပရဲ့ စွမ်းအင် လုံခြုံရေး အတွက်လည်း ထောက်ခံကြောင်း အမေရိကန် သမ္မတက ပြောဆိုခဲ့ပါတယ်။

သန့်စင်စွမ်းအင်ဆိုင်ရာ မြှင့်တင်ရေး အမေရိကန်ရဲ့ အစီအစဉ်သစ် အရ လျှပ်စစ်ကားသုံး ဘက်ထရီတွေ အတွက် ဥရောပ ထုတ်လုပ်သူတွေဘက်က အရေးကြီးတဲ့ ဓာတ်သတ္တုတွေ တင်ပို့နိုင်ခွင့် ရရှိလာရေး အတွက် စေ့စပ်ဆွေးနွေးမှုတွေ စတင်မယ့် အကြောင်း အမေရိကန် သမ္မတ Joe Biden နဲ့ ဥရောပ ကော်မရှင် အကြီးအကဲ Ursula von der Leyen တို့က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

အရေးကြီးတဲ့ ဓာတ်သတ္တုတွေ ထုတ်လုပ်မှု ဒါမှမဟုတ်လည်း ဥရောပမှာ သန့်စင်နိုင်ရေးတို့မှာ သမ္မတ Biden လက်မှတ်ရေးထိုးထားတဲ့ ငွေကြေးဖောင်းပွမှု လျှော့ချရေး အက်ဥပဒေ IRA အစီအစဉ် အရ အမေရိကန် အစိုးရဘက်က တစိတ်တပိုင်းကျခံမှုနဲ့ အကြုံးဝင်စေရေး အတွက် အရေးကြီးတဲ့ ဓာတ်သတ္တုဆိုင်ရာ သဘောတူညီချက် အတွက် ဆွေးနွေးမှုတွေကို ချက်ချင်း စတင်ဖို့ ရည်ရွယ်ထားကြောင်း ပူးတွဲ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

XS
SM
MD
LG