သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Putin ရည္မွန္းခ်က္ေတြ မေအာင္ျမင္လို႔ NATO နဲ႔ EU အႀကီးအကဲေတြေျပာ 


အက္စတိုးနီးယားႏိုင္ငံ Tallinn ၿမိဳ႕ေတာ္္မွာ လြတ္လပ္ေရးေန႔ခ်ီတက္ပြဲအခမ္းအနားအတြင္းေတြ႔ရတဲ့ EU ေကာ္မရွင္ ဥကၠ႒ Ursula Von Der Leyeng (လယ္)နဲ႔ NATO အဖဲြ႕ အႀကီးအကဲ Jens Stoltenberg (ယာ) (ေဖေဖာ္ဝါရီ ၂၄၊ ၂၀၂၃)

ရုရွားသမၼတရဲ့ မဟာဗ်ဳဟာရည္မွန္းခ်က္ တခုမွ မေအာင္ျမင္ဘူးလို႔ ေနတိုးနဲ႔ ဥေရာပသမဂၢ ေခါင္းေဆာင္ေတြက ေျပာလိုက္ၾကပါတယ္။ ယူကရိန္းအေပၚ ႐ုရွားက်ဴးေက်ာ္စစ္ ၁ ႏွစ္ျပည့္တဲ့ ဒီေန႔မွာ ႐ုရွားသမၼတ Vladimir Putin ဘက္က ရံႈးနိမ့္ခဲ့တယ္လို႔ NATO အဖဲြ႕ အႀကီးအကဲ Jens Stoltenberg က အက္စတိုးနီးယားႏိုင္ငံ Tallinn ၿမိဳ႕ေတာ္္ကေန ခုလိုေျပာၾကားခဲ့ပါတယ္။
“လြန္ခဲ့တဲ့ တႏွစ္က သမၼတ Putin အေနနဲ႔ ယူကရိန္းကို အႀကီးအက်ယ္ ဝင္က်ဳးေက်ာ္တိုက္ခိုက္ခဲ့တယ္။ ဒါက ႏိုင္ငံတကာ အေျခခံဥပေဒေတြကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္ၿပီး အတင္းအဓၶမ ဝင္တိုက္တဲ့ တရားမဝင္ စစ္ပြဲပါ။ သူက ယူကရိန္းျပည္သူေတြရဲ႕ စိတ္ဓာတ္ကို ရိုက္ခ်ိဳးခ်င္ခဲ့တယ္၊ ကၽြန္ေတာ္တို႔ရဲ့ ညီညြတ္မႈကိုလည္း ၿဖိဳခြဲလိုခဲ့တယ္။ ဒါေပမဲ့ Putin ႐ႈံးနိမ့္ခဲ့ပါတယ္လို႔ NATO အဖဲြ႕အႀကီးအကဲ Stoltenberg ကေျပာၾကားခဲ့တာျဖစ္ပါတယ္။ ယူကရိန္းႏိုင္ငံ ဆက္လက္ရပ္တည္ေနၿပီး NATO နဲ႔ EU ကလည္း ယူကရိန္းဘက္က ရပ္တည္ေနပါတယ္လို႔လည္း သူက ေျပာၾကားခဲ့ပါတယ္။ ႐ုရွားသမၼတ Putin ဟာသူ႔ရဲ႕ ရည္မွန္းခ်က္ေတြကို ခုထိ မစြန္႔လႊတ္ေသးဘဲ သူခိုင္းသလိုလိုက္လုပ္ေပးတဲ့ ရုရွားအိမ္နီးခ်င္းေတြနဲ႔ ဥေရာပကို ပံုုစံသစ္ေဖာ္ဖို႔ ႀကိဳးစားေနတယ္လို႔လည္း သူက ေျပာၾကားခဲ့ပါတယ္။ EU ေကာ္မရွင္ ဥကၠ႒ Ursula Von Der Leyen ကလည္း သမၼတ Putin ရဲ့ မဟာဗ်ဳဟာရည္မွန္းခ်က္ မေအာင္ျမင္ခဲ့ဘူးလို႔ အဲဒီအခမ္းအနားမွာပဲ ေျပာၾကားခဲ့ပါတယ္။ ယူကရိန္းစစ္ပြဲေၾကာင့္ EU ဥေရာပသမဂၢၿပိဳကြဲ မသြားတဲ့အျပင္ ပိုေတာင္ ညီညြတ္အားေကာင္းလာခဲ့ၿပီး ယူကရိန္းလိုအပ္တဲ့အထိ ဆက္လက္ရပ္တည္သြားမယ္လို႔ ကတိျပဳခဲ့ပါတယ္။ ရုရွားဘက္က ယူကရိန္းစစ္ပြဲကို အဆံုးသတ္ၿပီး ျပန္ဆုတ္သြားတဲ့အထိ ယူကရိန္းဘက္က ခုခံႏိုင္ဖို႔ လိုတာေတြ ဆက္ကူေပးသြားမွရမယ္လို႔ ဥေရာပေကာ္မရွင္ဥကၠ႒က ထပ္ၿပီးကတိျပဳခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

Putin ရည်မှန်းချက်တွေ မအောင်မြင်လို့ NATO နဲ့ EU အကြီးအကဲတွေပြော

နေတိုးနဲ့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေက ရုရှားသမ္မတရဲ့ မဟာဗျုဟာရည်မှန်းချက် တခုမှ မအောင်မြင်ဘူးလို့ ပြောလိုက်ကြပါတယ်။ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ် ၁ နှစ်ပြည့်တဲ့ ဒီနေ့မှာ ရုရှားသမ္မတ Vladimir Putin ဘက်က ရှုံးနိမ့်ခဲ့တယ်လို့ NATO အဖွဲ့ အကြီးအကဲ Jens Stoltenberg က အက်စတိုးနီးယားနိုင်ငံ Tallinn မြို့တော်ကနေ ခုလိုပြောကြားခဲ့ပါတယ်။
“လွန်ခဲ့တဲ့ တနှစ်က သမ္မတ Putin အနေနဲ့ ယူကရိန်းကို အကြီးအကျယ် ဝင်ကျုးကျော်တိုက်ခိုက်ခဲ့တယ်။ ဒါက နိုင်ငံတကာ အခြေခံ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ပြီး အတင်းအဓ္ဓမ ဝင်တိုက်တဲ့ တရားမဝင် စစ်ပွဲပါ။ သူက ယူကရိန်းပြည်သူတွေရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးချင်ခဲ့တယ်၊ ကျွန်တော်တို့ရဲ့ ညီညွတ်မှုကိုလည်း ဖြိုခွဲလိုခဲ့တယ်။ ဒါပေမဲ့ Putin ရှုံးနိမ့်ခဲ့ပါတယ်လို့ NATO အဖွဲ့အကြီးအကဲ Stoltenberg ကပြောကြားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ ဆက်လက်ရပ်တည်နေပြီး NATO နဲ့ EU ကလည်း ယူကရိန်းဘက်က ရပ်တည်နေပါတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ ရုရှားသမ္မတ Putin ဟာသူ့ရဲ့ ရည်မှန်းချက်တွေကို ခုထိ မစွန့်လွှတ်သေးဘဲ သူခိုင်းသလိုလိုက်လုပ်ပေးတဲ့ ရုရှားအိမ်နီးချင်းတွေနဲ့ ဥရောပကို ပုံစံသစ်ဖော်ဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ EU ကော်မရှင် ဥက္ကဋ္ဌ Ursula Von Der Leyen ကလည်း သမ္မတ Putin ရဲ့ မဟာဗျုဟာရည်မှန်းချက် မအောင်မြင်ခဲ့ဘူးလို့ အဲဒီအခမ်းအနားမှာပဲ ပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲကြောင့် EU ဥရောပသမဂ္ဂပြိုကွဲ မသွားတဲ့အပြင် ပိုတောင် ညီညွတ်အားကောင်းလာခဲ့ပြီး ယူကရိန်းလိုအပ်တဲ့အထိ ဆက်လက်ရပ်တည်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ရုရှားဘက်က ယူကရိန်းစစ်ပွဲကို အဆုံးသတ်ပြီး ပြန်ဆုတ်သွားတဲ့အထိ ယူကရိန်းဘက်က ခုခံနိုင်ဖို့ လိုတာတွေ ဆက်ကူပေးသွားမှရမယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌက ထပ်ပြီးကတိပြုခဲ့ပါတယ်။

XS
SM
MD
LG