သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမဴးနစ္လုံျခံဳေရးညီလာခံတက္ဖို႔ ၀န္ႀကီး Blinken ဂ်ာမနီခရီးစတင္


ဂ်ာမနီႏိုင္ငံ ျမဴးနစ္ၿမိဳ႕ေတာ္မွာက်င္းပေနတဲ့ လုံၿခဳံေရးညီလာခံကို တက္ေရာက္ဖို႔ ျမဴးနစ္ေလဆိပ္ကို ေရာက္ရွိလာတဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken (ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၃)

ဂ်ာမနီႏိုင္ငံ ျမဴးနစ္ၿမိဳ႕ေတာ္မွာက်င္းပေနတဲ့ လုံၿခဳံေရးညီလာခံကို တက္ေရာက္ဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ရဲ႕ ဥေရာပကို ခရီးစဥ္ ဒီေန႔ ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔မွာ စတင္ပါတယ္။

ယူကရိန္းကို ႐ုရွားက က်ဳးေက်ာ္ခဲ့တဲ့ ေဖေဖၚဝါရီလ ၂၄ ရက္ တႏွစ္ျပည့္ ႏွစ္ပတ္လည္ မတိုင္ခင္သြားေရာက္တဲ့ ခရီးစဥ္ျဖစ္ၿပီး တူရကီနဲ႔ ဂရိႏိုင္ငံေတြကိုလည္း သြားေရာက္မွာပါ။ မၾကာေသးခင္က ေျမငလ်င္ဒဏ္ အႀကီးအက်ယ္ခံရၿပီး လူေတြ ေသာင္းခ်ီေသဆုံးခဲ့တဲ့ ေနတိုးမဟာမိတ္အဖြဲ႕ဝင္ တူရကီႏိုင္ငံမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြ ဆက္လက္လုပ္ကိုင္ေနပါတယ္။

ျမဴးနစ္လုံၿခဳံေရးညီလာခံဟာ ဒီေန႔ ေသာၾကာေန႔ စတင္မွာပါ။ အေမရိကန္ ဒုသမၼတ Kamala Harris, ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz နဲ႔ ျပင္သစ္သမၼတ Emmanuel Macron တို႔အျပင္ ေနတိုးမဟာမိတ္အဖြဲ႕ အတြင္းေရးမႈးခ်ဳပ္ Jens Stoltenberg နဲ႔ တ႐ုတ္ထိပ္တန္း သံတမန္ Wang Yi လည္း အစည္းအေဝး တက္ေရာက္မွာပါ။

ယူကရိန္းစစ္ပြဲကို ဆက္လက္ေထာက္ခံဖို႔နဲ႔ ေျမငလ်င္ဒဏ္ခံရတဲ့ တူရကီနဲ႔ ဆီးရီးယားကို အကူအညီေပးေရး ကိစၥေတြကို ဝန္ႀကီး Blinken ေဆြးေႏြးမယ့္အေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။ ႐ုရွားဘက္က က်ဳးေက်ာ္စစ္ တႏွစ္ျပည့္တဲ့အခ်ိန္ ေနာက္ထပ္ အႀကီးအက်ယ္ ထိုးစစ္ဆင္ဖို႔ ျပင္ဆင္ေနတဲ့အခ်ိန္ျဖစ္တာေၾကာင့္လည္း ယူကရိန္းအေပၚ ပံ့ပိုးေရး ဥေရာပႏိုင္ငံေတြဘက္က ေပးထားတဲ့ ကတိကဝတ္ေတြကို အစည္းအေဝးမွာ ထပ္ေလာင္း အတည္ျပဳမယ့္ပုံ ရွိေနပါတယ္။

႐ုရွားသမၼတ Vladimir Putin ဘက္က သံတမန္ေရးအရ ေဆြးေႏြးလိုတဲ့ စိတ္မျပတဲ့အတြက္ ေစ့စပ္ ညႇိနႈိင္းလာေအာင္ ထပ္ၿပီးဖိအားေပးသြားမယ့္အေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ထိပ္တန္းအရာရွိတဦးက ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

မြူးနစ်လုံခြုံရေးညီလာခံတက်ဖို့ ဝန်ကြီး Blinken ဂျာမနီခရီးစတင်

ဂျာမနီနိုင်ငံ မြူးနစ်မြို့တော်မှာကျင်းပနေတဲ့ လုံခြုံရေးညီလာခံကို တက်ရောက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့ ဥရောပကို ခရီးစဉ် ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ စတင်ပါတယ်။

ယူကရိန်းကို ရုရှားက ကျုးကျော်ခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၄ ရက် တနှစ်ပြည့် နှစ်ပတ်လည် မတိုင်ခင်သွားရောက်တဲ့ ခရီးစဉ်ဖြစ်ပြီး တူရကီနဲ့ ဂရိနိုင်ငံတွေကိုလည်း သွားရောက်မှာပါ။ မကြာသေးခင်က မြေငလျင်ဒဏ် အကြီးအကျယ်ခံရပြီး လူတွေ သောင်းချီသေဆုံးခဲ့တဲ့ နေတိုးမဟာမိတ်အဖွဲ့ဝင် တူရကီနိုင်ငံမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေပါတယ်။

မြူးနစ်လုံခြုံရေးညီလာခံဟာ ဒီနေ့ သောကြာနေ့ စတင်မှာပါ။ အမေရိကန် ဒုသမ္မတ Kamala Harris, ဂျာမနီဝန်ကြီးချုပ် Olaf Scholz နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့အပြင် နေတိုးမဟာမိတ်အဖွဲ့ အတွင်းရေးမှုးချုပ် Jens Stoltenberg နဲ့ တရုတ်ထိပ်တန်း သံတမန် Wang Yi လည်း အစည်းအဝေး တက်ရောက်မှာပါ။

ယူကရိန်းစစ်ပွဲကို ဆက်လက်ထောက်ခံဖို့နဲ့ မြေငလျင်ဒဏ်ခံရတဲ့ တူရကီနဲ့ ဆီးရီးယားကို အကူအညီပေးရေး ကိစ္စတွေကို ဝန်ကြီး Blinken ဆွေးနွေးမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ ရုရှားဘက်က ကျုးကျော်စစ် တနှစ်ပြည့်တဲ့အချိန် နောက်ထပ် အကြီးအကျယ် ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတဲ့အချိန်ဖြစ်တာကြောင့်လည်း ယူကရိန်းအပေါ် ပံ့ပိုးရေး ဥရောပနိုင်ငံတွေဘက်က ပေးထားတဲ့ ကတိကဝတ်တွေကို အစည်းအဝေးမှာ ထပ်လောင်း အတည်ပြုမယ့်ပုံ ရှိနေပါတယ်။

ရုရှားသမ္မတ Vladimir Putin ဘက်က သံတမန်ရေးအရ ဆွေးနွေးလိုတဲ့ စိတ်မပြတဲ့အတွက် စေ့စပ် ညှိနှိုင်းလာအောင် ထပ်ပြီးဖိအားပေးသွားမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းအရာရှိတဦးက ပြောဆိုပါတယ်။

XS
SM
MD
LG