=== [[ ZAWGYI ]] ===
ျမန္မာ့အေရး အင္ဒိုနီးရွားနဲ႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးေတြ ေဆြးေႏြး
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken နဲ႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi တို႔ဟာ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ အာဆီယံရဲ႕ ျမန္မာ့အေရး ေျဖရွင္းဖို႔ ႀကိဳးစားတာအပါအဝင္ ဒီႏွစ္ ၂၀၂၃ အတြင္း အင္ဒိုနီးရွားရဲ႕ အာဆီယံဆိုင္ရာ ဦးစားေပးေဆာင္႐ြက္မယ့္ ကိစၥရပ္ေတြကို ၾကာသပေတးေန႔မွာ ေဆြးေႏြးခဲ့တယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price က ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။
အေမရိကန္-အာဆီယံ ညႇိႏႈိင္းဆက္ဆံေရးမွာ အင္ဒိုနီးရွားက ဌာေနကိုယ္စားလွယ္အျဖစ္ ေဆာင္႐ြက္မႈကိုေရာ အာဆီယံအဖြဲ႕ႀကီးရဲ႕ ဒီႏွစ္အတြက္ အလွည့္က် သဘာပတိအျဖစ္ ေဆာင္႐ြက္မႈကိုပါ အေမရိကန္ျပည္ေထာင္စုက ေထာက္ခံပံ့ပိုးမွာျဖစ္ေၾကာင္း ဝန္ႀကီး Blinken က ထပ္ေလာင္းအတည္ျပဳခဲ့တယ္လို႔ ေၾကညာခ်က္မွာ ေဖၚျပထားပါတယ္။
အင္ဒို ပစိဖိတ္ေဒသတြင္း လြတ္လပ္ပြင့္လင္းမႈ ရွိလာေစဖို႔ ပုံေဖၚရာမွာ အာဆီယံရဲ႕ အခန္းက႑အေရးပါမႈ ၊ ေဒသတြင္းလုံၿခဳံေရးနဲ႔ ႂကြယ္ဝေစေရးအတြက္ အာဆီယံနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ဝန္ႀကီး Blinken က အထူးျပဳေျပာၾကားခဲ့တယ္လို႔ဆိုပါတယ္။ ဒါ့အျပင္အေမရိကန္ - အင္ဒိုနီးရွား မဟာဗ်ဴဟာက် မိတ္ဖက္ဆက္ဆံမႈ၊ ကမာၻလုံးဆိုင္ရာ အေျခခံအေဆာက္အအုံ နဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ ပူးတြဲေဆာင္႐ြက္မႈ အတြက္ အစီစဥ္သစ္ေတြအျပင္ အင္ဒို-ပစိဖိတ္ေဒသတြင္း ႂကြယ္ဝေရးဆိုင္ရာ စီးပြါးေရးမူေဘာင္အဖြဲ႕မွာ အင္ဒိုနီးရွားရဲ႕ ပါဝင္မႈေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သတင္းထုတ္ျပန္ပါတယ္။
အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ အာဆီယံအလွည့္က် အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီးတို႔ ျမန္မာ့အေရး အာဆီယံရဲ႕ေဆာင္႐ြက္ခ်က္ေတြ ေဆြးေႏြးေနခ်ိန္မွာပဲ အင္ဒိုနီးရွားႏိုင္ငံျခားေရး ဝန္ႀကီးဌာနေျပာခြင့္ရ Teuku Faizasyah ကို ျမန္မာစစ္ေကာင္စီရဲ႕ န်ဴကလီယားဆိုင္ရာ ႐ုရွားနဲ႔လက္တြဲေဆာင္႐ြက္မႈနဲ႔ ပတ္သက္ၿပီး VOA ကေမးျမန္းရာမွာေတာ့ ျမန္မာနဲ႔ ႐ုရွား ၂ ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈ အတိမ္အနက္ကို သိေအာင္ ပထမဆုံး လုပ္မွာ ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ပထမဆုံး ဒီ ၂ ႏိုင္ငံၾကား ဘာေတြ ပူးေပါင္းေဆာင္႐ြက္တယ္ဆိုတာ သိေအာင္လုပ္ၿပီးမွ ဒုတိယအခ်က္အေနနဲ႔ ဒီပူးေပါင္းေဆာင္႐ြက္မႈရဲ႕ ရည္႐ြယ္ခ်က္ကို သိေအာင္လုပ္ရမွာျဖစ္ေၾကာင္း ေျပာၾကားခဲ့တာပါ။
=== {{ UNICODE }} ===
မြန်မာ့အရေး အင်ဒိုနီးရှားနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ဟာ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးစားတာအပါအဝင် ဒီနှစ် ၂၀၂၃ အတွင်း အင်ဒိုနီးရှားရဲ့ အာဆီယံဆိုင်ရာ ဦးစားပေးဆောင်ရွက်မယ့် ကိစ္စရပ်တွေကို ကြာသပတေးနေ့မှာ ဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
အမေရိကန်-အာဆီယံ ညှိနှိုင်းဆက်ဆံရေးမှာ အင်ဒိုနီးရှားက ဌာနေကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မှုကိုရော အာဆီယံအဖွဲ့ကြီးရဲ့ ဒီနှစ်အတွက် အလှည့်ကျ သဘာပတိအဖြစ် ဆောင်ရွက်မှုကိုပါ အမေရိကန်ပြည်ထောင်စုက ထောက်ခံပံ့ပိုးမှာဖြစ်ကြောင်း ဝန်ကြီး Blinken က ထပ်လောင်းအတည်ပြုခဲ့တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
အင်ဒို ပစိဖိတ်ဒေသတွင်း လွတ်လပ်ပွင့်လင်းမှု ရှိလာစေဖို့ ပုံဖေါ်ရာမှာ အာဆီယံရဲ့ အခန်းကဏ္ဍအရေးပါမှု ၊ ဒေသတွင်းလုံခြုံရေးနဲ့ ကြွယ်ဝစေရေးအတွက် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဝန်ကြီး Blinken က အထူးပြုပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင်အမေရိကန် - အင်ဒိုနီးရှား မဟာဗျူဟာကျ မိတ်ဖက်ဆက်ဆံမှု၊ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးတွဲဆောင်ရွက်မှု အတွက် အစီစဉ်သစ်တွေအပြင် အင်ဒို-ပစိဖိတ်ဒေသတွင်း ကြွယ်ဝရေးဆိုင်ရာ စီးပွါးရေးမူဘောင်အဖွဲ့မှာ အင်ဒိုနီးရှားရဲ့ ပါဝင်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံအလှည့်ကျ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေး အာဆီယံရဲ့ဆောင်ရွက်ချက်တွေ ဆွေးနွေးနေချိန်မှာပဲ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ Teuku Faizasyah ကို မြန်မာစစ်ကောင်စီရဲ့ နျူကလီယားဆိုင်ရာ ရုရှားနဲ့လက်တွဲဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး VOA ကမေးမြန်းရာမှာတော့ မြန်မာနဲ့ ရုရှား ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အတိမ်အနက်ကို သိအောင် ပထမဆုံး လုပ်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ပထမဆုံး ဒီ ၂ နိုင်ငံကြား ဘာတွေ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ သိအောင်လုပ်ပြီးမှ ဒုတိယအချက်အနေနဲ့ ဒီပူးပေါင်းဆောင်ရွက်မှုရဲ့ ရည်ရွယ်ချက်ကို သိအောင်လုပ်ရမှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။