ေနတိုး အေရွ႕ဘက္ျခမ္းက မဟာမိတ္ႏိုင္ငံ ေခါင္းေဆာင္ေတြနဲ႔ အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒင္က ဒီေန႔ ဗုဒၶဟူးေန႔မွာ ေတြ႕ဆုံပါတယ္။ အဲဒီ အေရွ႕ဘက္ျခမ္း ေနတိုးအဖြဲ႕ဝင္ေတြကို ဘူခါရက္ ၉ ႏိုင္ငံလို႔လည္း သိၾကၿပီး ဘူေဂးရီးယား၊ ခ်က္ဇ္ျပည္သူ႔သမၼတႏိုင္ငံ၊ အက္စတိုးနီးယား၊ ဟန္ေဂရီ၊ လတ္ဗီးယား၊ လစ္သူေရးနီးယား၊ ပိုလန္၊ ႐ိုေမးနီးယား၊ စလိုဗက္ကီးယားတို႔ ျဖစ္ၾကပါတယ္။ အဲဒီ ႏိုင္ငံအမ်ားစုက ယူကရိန္းကို စစ္ေရးအကူအညီေပးဖို႔ ခိုင္ခိုင္မာမာ ေထာက္ခံၾကတဲ့ ႏိုင္ငံေတြပါ။
ပိုလန္ႏိုင္ငံ ဝါေဆာၿမိဳ႕ေတာ္မွာ မေန႔က ေျပာၾကားခဲ့တဲ့မိန႔္ခြန္းမွာ ယူကရိန္းကို ေထာက္ခံတာ ယိမ္းယိုင္သြားမွာ မဟုတ္သလို ေနတိုးကလည္း ကြဲသြားမွာ မဟုတ္ဘူးလို႔ အေမရိကန္ သမၼတဂ်ိဳးဘိုင္ဒင္က ေျပာခဲ့ပါတယ္။ ယူကရိန္းဟာ ႐ုရွားအတြက္ ေအာင္ပြဲမျဖစ္ေစရ၊ ဘယ္ေတာ့မွ မျဖစ္ေစရလို႔လည္း သူက ဆိုပါတယ္။ ႐ုရွားကို ခုခံကာကြယ္ရာမွာ ေနတိုး အဖြဲ႕ဝင္မဟုတ္တဲ့ ယူကရိန္းကို လက္နက္နဲ႔ လူသားခ်င္းစာနာမႈ အကူအညီေပးရာမွာ မဟာမိတ္ေတြက ပိုၿပီးေတာင္ ျပတ္သားလာတယ္လို႔ ဘိုင္ဒင္က ေျပာပါတယ္။
မေန႔က ႐ုရွား သမၼတပူတင္ကလည္း ႏိုင္ငံေတာ္ အေျချပမိန႔္ခြန္းေျပာၾကားခဲ့ရာမွာ အေနာက္ႏိုင္ငံေတြက ႐ုရွားကို တိုက္ခိုက္ေနတာ ျဖစ္တယ္လို႔ ဆိုပါတယ္။ ပူတင္ေျပာသလို၊ အေနာက္က ႐ုရွားကိုတိုက္ဖို႔ လွ်ိဳ႕ဝွက္ႀကံစည္တာမရွိဘူးလို႔လည္း မေန႔က သမၼတဘိုင္ဒင္က ဝါေဆာမွာ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။
႐ုရွားက လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈကို က်ဴးလြန္ခဲ့ေၾကာင္း အေမရိကန္က ဆုံးျဖတ္လိုက္ၿပီး ျဖစ္တယ္လို႔ ျမဴးနစ္လုံၿခဳံေရး ညီလာခံမွာ အေမရိကန္ ဒုတိယသမၼတ Kamala Harris က ေျပာၾကားခဲ့ပါတယ္။ အရွက္မရွိဘဲ ဒါမွမဟုတ္ လိပ္ျပာမလုံ မျဖစ္ဘဲ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈကို သူတို႔ဟာ ယုတ္မာစြာ က်ဴးလြန္ခဲ့ၾကတယ္လို႔ အေမရိကန္သမၼတဘိုင္ဒင္က ဝါေဆာမွာ ေျပာၾကားခဲ့ပါေသးတယ္။
[Unicode]
အရှေ့အုပ်စု နေတိုးမဟာမိတ်အဖွဲ့ဝင်တွေနဲ့ သမ္မတဘိုင်ဒန်တွေ့
နေတိုး အရှေ့ဘက်ခြမ်းက မဟာမိတ်နိုင်ငံ ခေါင်းဆောင်တွေနဲ့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံပါတယ်။ အဲဒီ အရှေ့ဘက်ခြမ်း နေတိုးအဖွဲ့ဝင်တွေကို ဘူခါရက် ၉ နိုင်ငံလို့လည်း သိကြပြီး ဘူဂေးရီးယား၊ ချက်ဇ်ပြည်သူ့သမ္မတနိုင်ငံ၊ အက်စတိုးနီးယား၊ ဟန်ဂေရီ၊ လတ်ဗီးယား၊ လစ်သူရေးနီးယား၊ ပိုလန်၊ ရိုမေးနီးယား၊ စလိုဗက်ကီးယားတို့ ဖြစ်ကြပါတယ်။ အဲဒီ နိုင်ငံအများစုက ယူကရိန်းကို စစ်ရေးအကူအညီပေးဖို့ ခိုင်ခိုင်မာမာ ထောက်ခံကြတဲ့ နိုင်ငံတွေပါ။
ပိုလန်နိုင်ငံ ဝါဆောမြို့တော်မှာ မနေ့က ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ယူကရိန်းကို ထောက်ခံတာ ယိမ်းယိုင်သွားမှာ မဟုတ်သလို နေတိုးကလည်း ကွဲသွားမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။ ယူကရိန်းဟာ ရုရှားအတွက် အောင်ပွဲမဖြစ်စေရ၊ ဘယ်တော့မှ မဖြစ်စေရလို့လည်း သူက ဆိုပါတယ်။ ရုရှားကို ခုခံကာကွယ်ရာမှာ နေတိုး အဖွဲ့ဝင်မဟုတ်တဲ့ ယူကရိန်းကို လက်နက်နဲ့ လူသားချင်းစာနာမှု အကူအညီပေးရာမှာ မဟာမိတ်တွေက ပိုပြီးတောင် ပြတ်သားလာတယ်လို့ ဘိုင်ဒင်က ပြောပါတယ်။
မနေ့က ရုရှား သမ္မတပူတင်ကလည်း နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားခဲ့ရာမှာ အနောက်နိုင်ငံတွေက ရုရှားကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပူတင်ပြောသလို၊ အနောက်က ရုရှားကိုတိုက်ဖို့ လျှို့ဝှက်ကြံစည်တာမရှိဘူးလို့လည်း မနေ့က သမ္မတဘိုင်ဒင်က ဝါဆောမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ရုရှားက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့ကြောင်း အမေရိကန်က ဆုံးဖြတ်လိုက်ပြီး ဖြစ်တယ်လို့ မြူးနစ်လုံခြုံရေး ညီလာခံမှာ အမေရိကန် ဒုတိယသမ္မတ Kamala Harris က ပြောကြားခဲ့ပါတယ်။ အရှက်မရှိဘဲ ဒါမှမဟုတ် လိပ်ပြာမလုံ မဖြစ်ဘဲ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုကို သူတို့ဟာ ယုတ်မာစွာ ကျူးလွန်ခဲ့ကြတယ်လို့ အမေရိကန်သမ္မတဘိုင်ဒင်က ဝါဆောမှာ ပြောကြားခဲ့ပါသေးတယ်။