သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စီးပွားရေး သမ္မတအပြောနဲ့ ပညာရှင်တို့အမြင် 


Economy GDP
Economy GDP

[[Zawgyi/Unicode]]

အမေရိကန်သမ္မတ Joe Biden က သူ့ရဲ့ စီးပွားရေးဆိုင်ရာမှတ်တမ်းတွေကို နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ အောင်ပွဲခံပြောဆိုသွားပါတယ်။ အမေရိကန်အလုပ်လက်မဲ့ ကိန်းဂဏန်းတွေတိုးလာတာနဲ့အတူ စီးပွားရေးဆိုင်ရာစိန်ခေါ် အကဲစမ်းမှုတွေကတော့ အသေအချာရှိနေကြောင်း စီးပွားရေးပညာရှင်တွက ပြောကြပါတယ်။ Keith Kocinski ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

အမေရိကန် သမ္မတ Joe Biden က သူ့ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ စီးပွားရေးကို အကောင်းမြင် ပြောဆိုသွားတာပါ။

“ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှုလျော့ကျလာပါတယ်။ ဓာတ်ဆီဈေးနှုန်းဟာလည်း အမြင့်ဆုံးဖြစ်ခဲ့ချိန်ကထက် ၁ ဒေါ်လာခွဲ ကျလာပါတယ်။”

ဒါပေမဲ့လည်း သမ္မတသက်တမ်း တတိယမြောက်နှစ်ထဲကို ရောက်လာချိန်မှာ စီးပွားရေးဆိုင်ရာ စိန်ခေါ်အကဲစမ်းမှုတွေရှိနေပြီး အမေရိကန်စီးပွားရေးအတွက် စိုးရိမ်ဖွယ် ဖြစ်နေဆဲပါလို့ စီးပွားရေးကျွမ်းကျင်သူတွေက ပြောပါတယ်။ နယူးဂျာစီက Montclair State တက္ကသိုလ်က စာရင်းအင်းနဲ့ဘဏ္ဍာရေးဆိုင်ရာ ပါမောက္ခ Dan Geltrude က အခုလို ပြောပါတယ်။

“ထုတ်လုပ်မှုကျဆင်းနေတာကြောင့် စီးပွားကျနေပြီလို့ တချို့ကတော့ ပြောကြပါလိမ့်မယ်။”

အမေရိကန်အလုပ်လက်မဲ့နှုန်းက ၃.၄ ရာခိုင်နှုန်းရှိပြီး ၁၉၆၉ ခုနှစ် နောက်ပိုင်း အနိမ့်ဆုံးဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် တတိယနဲ့ တုတ္ထ သုံးလပတ်အတွင်းမှာ ပြည်တွင်းအသားတင် တ်လုပ်မှုက ၃ ရာခိုင်နှုန်းလောက်တက်လာပြီး ၂၀၂၂ ခုနှစ် ဒုတိယ ၆ လပတ်မှာ အမေရိကန်ရဲ့ငွေကြေးဖောင်းပွမှုလည်း တည်ငြိမ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၂ ခုနှစ် တနှစ်လုံးခြုံကြည့်ရင်တော့ နှစ်ပေါင်း ၄၀ ကျော်အတွင်း ငွေကြေးဖောင်းပွမှုအမြင့်ဆုံးဖြစ်သလို ကုန်စည်ထောက်ပို့မှု ကွင်းဆက်ပြဿနာ တချို့လည်း ရှိနေဆဲပါ။ အမေရိကန်စီးပွားရေးက နှေးကွေးမယ်လို့ ခန့်မှန်းပေမယ့် စီးပွားကျမှုကနေတော့ ရှောင်ရှားနိုင်မယ်လို့ နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့ IMF ရဲ့ လတ်တလောအစီရင်ခံစာက ဖော်ပြပါတယ်။ အမေရိကန်ဟာ စီးပွားကျမှုနဲ့ ကာလတိုရင်ဆိုင်နေရတယ်လို့ပြောတဲ့ စီးပွားရေးပညာရှင်တွေလည်း ရှိပါတယ်။ Nicholas S. Ecomomides ဟာဆိုရင် နယူးယောက်တက္ကသိုလ်က စီးပွားရေးဆိုင်ရာ ပါမောက္ခဖြစ်ပါတယ်။

“အကြီးအကျယ် စိုးရိမ်စရာမလိုပေမဲ့ လအနည်းငယ် ကြာနိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ၆ လလောက်လည်း ဖြစ်နိုင်ပါတယ်။”

နောက်ထပ်ပြဿနာကတော့ ယူကရိန်းစစ်ပွဲကြောင့် ရေရှည်စီးပွားရေးသက်ရောက်မှု ဖြစ်ပါတယ်။ အမေရိကန်မှာ ထိခိုက်သက်ရောက်မှုသိပ်မတွေ့ရပေမဲ့ ဥရောပမှာတော့ စစ်ရဲ့ ရိုက်ခတ်သက်ရောက်မှုတွေနဲ့ ရုန်းကန်နေရပါတယ်။ ပါမောက္ခ Nicholas S. Ecomomides က အခုလို ဆက်ပြီး ပြောပါတယ်။

“ကမ္ဘာ့စီးပွားရေးက အမေရိကန်ထက် အများကြီး ဆိုးနေပါတယ်။”

ဒါဟာဆိုရင် ဥရောပနဲ့အာရှမှာ စီးပွားကျမှုကပိုဆိုးပြီး ပိုကြာမယ့် အလားအလာလည်း ဖြစ်ပါတယ်။ စီးပွားရေးမတည်ငြိမ်မှုအတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ပြင်ဆင်နေကြသလိုပဲ အမေရိကန်သမ္မတ Biden အစိုးရကလည်း နိုင်ငံခြားကုမ္ပဏီတွေကို အမေရိကန်ပြည်ထောင်စုအတွင်း ခေါ်ယူနိုင်မယ့်မျှော်လင့်ချက်နဲ့ အမေရိကန် ကုန်ထုတ်လုပ်ရေးတိုးမြှင့်ရေးကို လက်ရှိ တွန်းအားပေးနေပါတယ်။ ဒီကိစ္စကြောင့် ဥရောပ ခေါင်းဆောင်တချို့ကြား စိုးရိမ်စရာဖြစ်နေတယ်လို့လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ပါမောက္ခ Nicholas S. Economides က အခုလို ဆက်ပြီး ပြောပါတယ်။

သူတို့က သိပ်ပြီးစိုးရိမ်နေပြီး ဒီကိစ္စကို အဓိက ဆွေးနွေးစရာကိစ္စအဖြစ် ထားရှိထားပါတယ်။

အမေရိကန်အနေနဲ့ ပြည်တွင်း ထုတ်လုပ်မှုတွေကို ဆွဲဆောင်နေပေမဲ့ စိန်ခေါ် အကဲစမ်းချက်တွေလည်း ရှိနေပါတယ်။ ပါမောက္ခ Dan Geltrude က အခုလို ပြောပါတယ်။

“ကုန်ထုတ်လုပ်ငန်းတွေကို အမေရိကန်ကိုပြန်ခါ်ဖို့က သိပ်ပြီးခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝပတ်ဝန်းကျင်အရေးကိစ္စ၊ စည်းမျဉ်းစည်းကမ်းကိစ္စနဲ့ အခွန်ကိစ္စတွေကြောင့် ဖြစ်ပါတယ်။

အမေရိကန်အစိုးရ အသုံးစရိတ် အကြွေးယူနိုင်တဲ့ပမာဏ တိုးလာတဲ့ကိစ္စကိုလည်း လွှတ်တော်အမတ်တွေကြား ဆွေးနွေးနေကြပါတယ်။ ဒီဆွေးနွေးပွဲတွေက လာမဲ့နှစ် အမေရိကန် စီးပွားရေးအပေါ်မှာ မလွဲမသွေ သက်ရောက်မှုရှိမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]










“ကမ်ဘာ့စီးပှားရေးက အမရေိကနျထကျ အမြားကွီး ဆိုးနပေါတယျ။”


သူတို့က သိပျပွီးစိုးရိမျနပွေီး ဒီကိစ်စကို အဓိက ဆှေးနှေးစရာကိစ်စအဖွဈ ထားရှိထားပါတယျ။




XS
SM
MD
LG