သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ AUKUS ထုတ်ပြန်ချက် တရုတ်ဝေဖန်

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ သြစတေးလျဝန်ကြီးချုပ် Anthony Albanese နဲ့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak တို့ကို AUKUS အစည်းအဝေးတွေ့ဆုံပွဲအတွင်း တွေ့ရစဉ် (မတ် ၁၃၊ ၂၀၂၃) (ဆန်ဒီယေဂို၊ ကယ်လီဖိုးနီးယားပြည်နယ်)
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၊ သြစတေးလျဝန်ကြီးချုပ် Anthony Albanese နဲ့ ဗြိတိန်ဝန်ကြီးချုပ် Rishi Sunak တို့ကို AUKUS အစည်းအဝေးတွေ့ဆုံပွဲအတွင်း တွေ့ရစဉ် (မတ် ၁၃၊ ၂၀၂၃) (ဆန်ဒီယေဂို၊ ကယ်လီဖိုးနီးယားပြည်နယ်)

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်မယ့် အစီအစဉ် အပါအဝင် အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ ၃ နိုင်ငံ သဘောတူညီချက်ဟာ အန္တရာယ်ကြီးမားတဲ့လမ်းကို ဦးတည်နေတယ်ဆိုပြီး တရုတ်နိုင်ငံက ဝေဖန်လိုက်ပါတယ်။ ပထဝီနိုင်ငံရေး အကျိုးစီးပွားကို ဦးတည်ပြီး ထုတ်ပြန်လိုက်တဲ့ ၃ နိုင်ငံ မဟာမိတ်အဖွဲ့ရဲ့ နောက်ဆုံးကြေညာချက်ဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စိုးရိမ်မှုတွေကို ပစ်ပယ်ရာရောက်ပြီး၊ လွဲမှားတဲ့ အန္တရာယ်လမ်းကို ဦးတည်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရ Wang Wenbin က ဘေဂျင်းမြို့တော်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

အမေရိကန်လုပ် နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော ၅ စင်းအထိ ဝယ်ယူပြီး၊ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက နည်းပညာတွေနဲ့ အမျိုးအစားသစ်တည်ဆောက်ဖို့ စီစဉ်ထားကြောင်း သြစတြေးလျနိုင်ငံက တနင်္လာနေ့က ကြေညာခဲ့ပြီးနောက် တရုတ်နိုင်ငံက တုံ့ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အာရှ၊ ပစိဖိတ်ဒေသမှာ တရုတ်က သြဇာအရှိန်အဝါ ကြီးမားလာနေချိန်မှာပဲ AUKUS လို့ခေါ်တဲ့ သြစတြေးလျ၊ ဗြိတိန်၊ အမေရိကန် ၃ နိုင်ငံ မဟာမိတ်အဖွဲ့ကို လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က ဖွဲ့စည်းထားတာပါ။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကတော့ သြစတြေးလျကို နျူကလီးယား လက်နက်တွေပေးမှာ မဟုတ်ဘူးဆိုတာကိုလည်း အလေးထား ပြောကြားထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ AUKUS မဟာမိတ်အဖွဲ့ရဲ့ သဘောတူညီချက်ဟာ လက်နက်ပြိုင်ဆိုင်မှုတွေ ဖြစ်လာအောင် တွန်းအားပေးရာ ရောက်နေတယ်လို့ ဝေဖန်ထားပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျ AUKUS ထုတ်ပြန်ချက် တရုတ်ဝေဖန်
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG