သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္ဝမ္-ျမန္မာေတြရဲ႕ ျပည္မႀကီးရန္စိုးရိမ္မႈ


TAIWAN-DEFENCE/

(zawgyi/unicode)

ထိုင္ဝမ္နဲ႔ ျပန္လည္ေပါင္းစည္းေရးလို႔ဆိုၿပီး ထိုင္ဝမ္ကြၽန္းဆြယ္မွာ တ႐ုတ္ျပည္မႀကီးဘက္က စစ္အင္အားနဲ႔ ၿခိမ္းေျခာက္မႈေတြ ပိုတိုးလုပ္ေနပါတယ္။ ထိုင္ဝမ္ကလည္း သူ႔ရဲ႕ ကာကြယ္ေရးးစြမ္းရည္ကို အားျဖည့္ ျမႇင့္တင္ဖို႔လုပ္ေနပါတယ္။ အဲဒီလိုအေျခအေနမွာ ထိုင္ဝမ္မွာေနထိုင္ေနၾကတဲ့ ခန႔္မွန္းေျခ ၁ သိန္းေလာက္ရွိေနတဲ့ ျမန္မာေတြကေရာ ဘယ္ေလာက္စိုးရိမ္ေနၾကပါသလဲ။ မစုျမတ္မြန္က စုံစမ္းေမးျမန္းၿပီး တင္ျပထားပါတယ္။

အေရွ႕တ႐ုတ္နဲ႔ ေတာင္တ႐ုတ္ပင္လယ္ၾကားမွာရွိတဲ့ ထိုင္ဝမ္ကြၽန္းမွာ ပါတီစုံဒီမိုကေရစီစနစ္နဲ႔ ေ႐ြးေကာက္ခံ သမၼတအုပ္ခ်ဳပ္တဲ့စနစ္ကို က်င့္သုံးပါတယ္။ လူဦးေရ ၂၃.၅ သန္းထက္မနည္းရွိတဲ့ ထိုင္ဝမ္ကြၽန္းဟာ ၿငိမ္းခ်မ္းတည္ၿငိမ္တယ္လို႔ ေယဘူယ်ေျပာႏိုင္ေပမဲ့ ထိုင္ဝမ္းကြၽန္းဟာ သူတို႔ပိုင္တယ္လို႔ အၿမဲေျပာေနတဲ့ တ႐ုတ္ျပည္မႀကီးရဲ႕ စစ္ေရးရန္က အၿမဲရွိေနပါတယ္။ ထိုင္ဝမ္ကို စစ္ေရးနည္းသုံးၿပီး ျပည္မႀကီး အုပ္ခ်ဳပ္မႈေအာက္ေရာက္ေအာင္ လုပ္မယ္လို႔ ေျပာၾကားထားသလို၊ စစ္ေရး၊ သံတမန္ေရး စီးပြားေရးဖိအားေတြ ပိုတိုးလုပ္ေနပါတယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္ေလာက္ကစၿပီး ထိုင္ဝမ္ကြၽန္းနားမွာ တ႐ုတ္ေလတပ္ေလယာဥ္ေတြ ပ်ံသန္းမႈကို ေန႔စဥ္လိုလုပ္ေနတာမွာ အခုေနာက္ပိုင္းမွာေတာ့ ထိုင္ဝမ္ပိုင္နက္ထဲအထိ တ႐ုတ္တိုက္ေလယာဥ္ေတြ၊ ေရတပ္သေဘၤာေတြ ဝင္ေရာက္ၿပီး တိုက္ခိုက္ေရးပုံစံ ေလ့က်င့္မႈေတြကို လုပ္လာပါတယ္။ ထိုင္ဝမ္စစ္တပ္ကလည္း တ႐ုတ္ျပည္မႀကီးက တိုက္ခိုက္လာရင္ တုံ႔ျပန္ႏိုင္ဖို႔ အသင့္ရွိေနေၾကာင္းျပသတဲ့အေနနဲ႔ စစ္ေရးေလ့က်င့္မႈေတြ စစ္အင္အားျပမႈေတြ လုပ္ေနပါတယ္။ ထိုင္ဝမ္နဲ႔ ျပန္လည္ေပါင္းစည္းေရးလို႔ တ႐ုတ္အစိုးရကဆိုၿပီး ခုလိုစစ္ေရးနဲ႔ ၿခိမ္းေျခာက္မႈေတြ ပိုလုပ္လာတဲ့အေပၚ ထိုင္ဝမ္မွာေနတဲ့ ျမန္မာေတြအေနနဲ႔ ဘယ္ေလာက္စိုးရိမ္မႈရွိေနၾကပါသလဲ။

တိုင္ေပၿမိဳ႕ေတာ္ တုန္းဝူတကၠသိုလ္၊ အာဆီယံဌာန ျမန္မာစာကထိက ကို Thomas Chen က သူ႔ရဲ႕ အျမင္ကိုခုလို ေျပာျပပါတယ္။

"ထိုင္ဝမ္ပိုင္နက္ထဲကို (တ႐ုတ္) စစ္ေလယာဥ္ေတြ ခဏခဏ ျဖတ္ၿပီးေတာ့ အရင္ထက္ ပိုၿပီး ပ်ံသန္းလာတာေၾကာင့္ ဒီမွာေနထိုင္တဲ့ ထိုင္ဝမ္ေဒသခံအားလုံးကလည္း အရင္ထက္ပို စိုးရိမ္ပူပင္မႈရွိတယ္။ တကယ္ပဲ သူတို႔ေျပာသလို လိုအပ္လာရင္လက္နက္အင္အားသုံးၿပီး၊ ထိုင္ဝမ္ကြၽန္းဆြယ္ကို ျပန္ၿပီး သိမ္းယူမလားဆိုတာ။ ခါတိုင္း ပုံမွန္အားျဖင့္ဆိုရင္ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး သိပ္မေျပာၾကဘူးဆိုေပမယ့္ အခုဆို လူေတြ ပိုေဆြးေႏြးျဖစ္တယ္။ ေန႔စဥ္ဘ၀မွာကအစ တခ်ိန္ျဖစ္လာခဲ့ရင္ ဘယ္လိုလုပ္မလဲ၊ စိုးရိမ္ပူပင္မႈေတြရွိတယ္ ေျပာခ်င္တာပါ။"

တကယ္ကေတာ့ တ႐ုတ္ျပည္မႀကီးကေန ခြဲထြက္ၿပီး သီးျခားလြတ္လပ္တဲ့ ထိုင္ဝမ္အျဖစ္ ထူေထာင္ခဲ့တဲ့အခ်ိန္ကစၿပီး တ႐ုတ္ျပည္မႀကီးရဲ႕ၿခိမ္းေျခာက္တဲ့ရန္က ရွိေနတာပါ။ အခုကေတာ့ ပိုၿပီး ဆိုးလာတယ္လို႔ ျမင္ရပါတယ္။ ေနာက္ တ႐ုတ္က ေဒသတြင္းသာမက ႏိုင္ငံတကာမွာပါ သူ႔ရဲ႕စစ္ေရးအရေရာ၊ စီးပြားေရးအရေရာ အင္အားႀကီးတဲ့ႏိုင္ငံျဖစ္လာတဲ့အခါက်ေတာ့.. ဒီအေပၚမွာေရာ ထိုင္ဝမ္အစိုးရက ပိုၿပီး သတိထားလာတယ္လို႔ေရာ ျမင္ရပါသလားရွင့္။

" ဟုတ္ကဲ့အမေျပာတဲ့အပိုင္းမွာဆိုရင္ ေတာ္ေတာ္ေလး သိသာလာတာသတိထားမိတယ္ခင္ဗ်ာ။ ထိုင္ဝမ္အစိုးရဖက္ကလည္း စစ္အင္အားနဲ႔ပတ္သက္လာရင္ ပိုၿပီး တိုးခ်ဲ႕လာတာသတိထားမိတယ္။"

ထိုင္ဝမ္မွာ ေက်ာင္းတက္ေနတဲ့ ေက်ာင္းသူ Smile Ra ကလည္းသူ႔ရဲ႕စိုးရိမ္မႈကို ခုလိုေျပာပါတယ္။

"ကိုယ္က သူမ်ားႏိုင္ငံမွာဆိုေတာ့ မေျပာတတ္ဘူးေလ တကယ္ျဖစ္ရင္ျဖစ္လာမယ္။ ႏိုင္ငံေရးဆိုတာ မေျပာတတ္ဘူးေလ၊ တကယ္ျဖစ္ရင္လည္းျဖစ္မယ္၊ ႏိုင္ငံေရးလွည့္ကြက္လည္းျဖစ္မယ္ ဒါေပမယ့္ ကိုယ္ကမသိဘူး။ ကိုယ္ကပဲ ျမန္မာႏိုင္ငံကို ေျပးျပန္ရမလား၊ ဒီမွာပဲ ေနရမလား၊ ဒီမွာေနရင္ေရာ လုံၿခဳံတဲ့ေနရာ ကိုယ့္အတြက္ရွိလား အဲလိုမ်ိဳးစိုးရိမ္တာေပါ့။ သူမ်ားေမာင္းထုတ္ရင္ ကိုယ္က ျပန္ရမွာေလ၊ သူမ်ားႏိုင္ငံမွာေနရင္အဆင္မေျပဘူးဆိုရင္ေပါ့။ အဲဒါေၾကာင့္ ကိုယ့္ဖက္က အရမ္းစိုးရိမ္တာေပါ့။"

၂၀၂၂ ႏွစ္ကုန္ပိုင္းက အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပလိုစီဦးေဆာင္တဲ့ အေမရိကန္လႊတ္ေတာ္အမတ္ေတြထိုင္ဝမ္ကို သြားေရာက္ခဲ့ၿပီး ထိုင္ဝမ္နဲ႔ တသားထဲရွိတယ္ဆိုတာ ျပသခဲ့ပါတယ္။ အေမရိကန္တင္မက EU ဥေရာပသမဂၢလႊတ္ေတာ္အမတ္ေတြ၊ ၿဗိတိန္၊ ဂ်ာမနီစတဲ့ဥေရာပႏိုင္ငံေတြက လႊတ္ေတာ္အမတ္ေတြလည္း ထိုင္ဝမ္ကို သြားေရာက္ၿပီး ထိုင္ဝမ္ဘက္က ရပ္တည္ေနတယ္ဆိုတာကို ျပသခဲ့ၾကပါတယ္။ အေမရိကန္အစိုးရကေတာ့ တ႐ုတ္တျပည္ေထာင္မူကိုပဲ ဆက္လက္ကိုင္စြဲထားပါတယ္လို႔ တရားဝင္ေျပာၾကားထားပါတယ္။ တခ်ိန္ထဲမွာ ေဒၚလာသန္း ၂၀၀ နီးပါးတန္ဖိုးရွိတဲ့ နီးပါးတန္ဖိုးလက္နက္ေတြေရာင္းဖို႔ ၂၀၂၂ ဒီဇင္ဘာမွာ အတည္ျပဳခဲ့ပါတယ္။ အဲဒါေတြေၾကာင့္ ျပည္မႀကီးဖက္က ခုလို စစ္အင္အားျပ ၿခိမ္းေျခာက္မႈေတြ ပိုတိုးလုပ္ေနတယ္လို႔ေရာင္ ထိုင္ဝမ္မွာ ျမင္ေနၾကပါလား ကိုေသာမတ္ကိုေမးၾကည့္ပါတယ္။

" ဒီဟာနဲ႔ပတ္သက္ၿပီး လူငယ္ပိုင္းနဲ႔ လူႀကီးပိုင္းဆိုၿပီး Generation ကြာသြားတယ္။ လူငယ္ပိုင္းေတြကေတာ့ သူတို႔ေမြးလာကတည္းက ထိုင္ဝမ္ဟာ သီးျခားရပ္တည္ေနတဲ့ အစိုးရတရပ္ ႏိုင္ငံတႏိုင္ငံအျဖစ္ပဲ ရႈျမင္ထားတာေၾကာင့္၊ သူတို႔အမ်ားစုရဲ႕ ထင္ထားတာက ထိုင္ဝမ္ဆိုတာ နဂိုလ္ကတည္းက တႏိုင္ငံျဖစ္ေနၿပီ၊ အေမရိကန္ကလည္း သူတို႔ကို ေနာက္က စစ္အင္အားပဲျဖစ္ျဖစ္ လက္နက္အင္အားပဲျဖစ္ျဖစ္ နည္းပညာအရပဲျဖစ္ျဖစ္ ကူညီေထာက္ပံ့ေပးေနတဲ့အတြက္ သူတို႔က အားတတ္တယ္၊ ၿခိမ္းေျခာက္မႈကို ကာကြယ္ႏိုင္တယ္ ခုခံႏိုင္တယ္ သူတို႔မွာလည္း ေက်ာေထာက္ေနာက္ခံရွိတယ္လို႔ ရႈျမင္ၾကတယ္ခင္ဗ်။ ဒါေပမယ့္လည္း သက္ႀကီးပိုင္းေတြက်ေတာ့ တခ်ိန္က သူတို႔က ျပည္မႀကီးကလာတဲ့မ်ိဳးႏြယ္ျဖစ္တယ္။သူတို႔က မ်ိဳးႏြယ္ခ်င္းတူေနတာျဖစ္တဲ့အတြက္ေၾကာင့္ လူႀကီးပိုင္းအနည္းစုကက်ေတာ့ အေမရိကန္ပါဝင္ေနမႈဟာ ႏွစ္ႏိုင္ငံေပါင္းစည္းေရးကို ပိုၿပီး ေဝးကြာေစႏိုင္တယ္လို႔ သူတို႔က ရႈျမင္ၾကတယ္။"

ထိုင္ဝမ္မွာ စီးပြားေရးလုပ္ေနတဲ့ ကိုလတ္ကေတာ့ ထိုင္ဝမ္ႏိုင္ငံေရးမွာ အဓိကလႊမ္းမိုးတဲ့ ပါတီႀကီး ၂ ခုထဲက ဘယ္ပါတီအာဏာရတယ္ဆိုတာေပၚမွာ မူတည္ၿပီး တ႐ုတ္နဲ႔ဆက္ဆံေရး ကြာတယ္လို႔ ေျပာပါတယ္။ ထိုင္ဝမ္မွာ မင္းက်င့္တန္လို႔ေျပာတဲ့ လက္ရွိအာဏာရ သမၼတ ခ်ိဳက္ယင္းဝမ္ရဲ႕ Democratic Progressive Party (DPP) ပါတီက သီးျခားလြတ္လပ္တဲ့ ထိုင္ဝမ္ျဖစ္ေအာင္ပဲ အဓိကထားတယ္လို႔ ရွင္းျပပါတယ္။

" ပါတီႏွစ္ခုရွိတာေပါ့။ ခုလက္ရွိသမၼတရဲ႕ပါတီ မင္းက်င့္တန္နဲ႔ ကူမင္တန္ဆိုတာ ႏွစ္ခုရွိတယ္။ မင္းက်င့္တန္ကေတာ့ သူက အၿမဲတမ္းႀကိဳးစားတယ္။ လြတ္လပ္တဲ့ႏိုင္ငံအျဖစ္ ရပ္တည္ဖို႔အတြက္ သူက တစိုက္မတ္မတ္ႀကိဳးစားတယ္။ ကူမင္တန္ကေတာ့ အားလုံးနဲ႔သဟဇာတျဖစ္ေအာင္ပဲ သူက လုပ္တယ္။ အဲဒီႏွစ္ခုကြာတာေပါ့။ အရင္ကူမင္တန္တတ္တုန္းကေတာ့ ဒီလို တ႐ုတ္ျပည္ရဲ႕ၿခိမ္းေျခာက္မႈေတြ အဲဒီ့ေလာက္ႀကီး မျပင္းထန္ဘူး။ သူက အဆင္ေျပေအာင္ေနတယ္ေလ။ အခုလက္ရွိ သမၼတရဲ႕ပါတီ မင္းက်င့္တန္က်ေတာ့ စကတည္းက သူ သမၼတျဖစ္ရင္ လြတ္လပ္တဲ့ႏိုင္ငံအျဖစ္ေၾကညာမယ္လို႔ ေျပာၿပီး မဲဆြယ္လာခဲ့တာ။ အဲဒီ့တုန္းကတည္းက တ႐ုတ္ျပည္က မေက်နပ္လာခဲ့တာ၊ ေၾကညာရင္ သူတို႔ လက္တုန႔္ျပန္မယ္ဆိုၿပီးေတာ့ ေၾကညာခဲ့တာေပါ့ေလ။"

လက္ရွိမွာေတာ့ တ႐ုတ္နဲ႔ စစ္ေရးတင္းမာမႈ အရွိန္ျမင့္လာတဲ့အတြက္ ၂၀၀၅ ခုႏွစ္ကစၿပီးေမြးတဲ့ အ႐ြယ္ေရာက္ၿပီး အမ်ိဳးသားတိုင္း မျဖစ္မေနစစ္မႈထမ္းရတဲ့ အစီအစဥ္ကို လက္ရွိ ၄ လကေန ၂၀၂၄ ကစၿပီး ၁ ႏွစ္အထိတိုးတယ္လို႔ ထိုင္ဝမ္သမၼတက ေၾကညာထားပါတယ္။ ထိုင္ဝမ္မွာ ကာကြယ္ေရးအင္အားတိုးျမႇင့္ဖို႔လိုတိုင္း မျဖစ္မေန စစ္မႈထမ္းရတဲ့ ကာလကို ေျပာင္းလဲေနသလို စစ္ေရးစြမ္းအင္ကို မြမ္းမံေနတာျဖစ္တယ္လို႔ ကိုယ္တိုင္လည္း စစ္မႈထမ္းဖူးတဲ့ ကိုေသာမတ္ခ်န္းက ရွင္းျပပါတယ္။

"တခ်ိန္က်ရင္ျဖစ္ေကာင္းျဖစ္ႏိုင္တယ္ေပါ့၊ ႏွစ္ဖက္က စစ္ပြဲေတြျဖစ္ေကာင္းျဖစ္ႏိုင္တယ္ဆိုၿပီးေတာ့ ရႈျမင္ထားတာျဖစ္တာေၾကာင့္ မူလ ေလးလသက္တမ္းကေနၿပီးေတာ့ အသက္အ႐ြယ္ျပည့္ၿပီး ေယာက်ၤားေလးတိုင္းဟာ စစ္မႈထမ္းကာလ တႏွစ္တိုးခ်ဲ႕ဖို႔အတြက္ ဆုံးျဖတ္ၾကတယ္။ စစ္မႈထမ္းၿပီးသြားၿပီဆိုရင္လည္း ႏွစ္စဥ္ re-service ဆိုၿပီး စစ္မႈထမ္းၿပီးသားလူေတြကို မြန္းမံသင္တန္းေပးသလိုမ်ိဳး လူဦးရည္အေရအတြက္ကို အရင္ကပိုၿပီး ေခၚယူမယ္လို႔ သူက ေၾကညာထားၿပီ။"

ထိုင္ဝမ္မွာ မျဖစ္မေန စစ္မႈထမ္းရမယ့္ကာလ ၁ ႏွစ္အထိ ျပန္တိုးတာနဲ႔ပါတ္သက္လို႔ တ႐ုတ္ဖက္ကေတာ့ ျပည္သူေတြကို အေျမႇာက္ဆံေတြကို သေဘာထားၿပီး လုပ္တဲ့လုပ္ရပ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရ ဝမ္ေဝဘင္က ေဖာ္ျပေျပာဆိုခဲ့ပါတယ္။ ထိုင္ဝမ္နဲ႔ ျပန္လည္ေပါင္းစည္းႏိုင္ေရး အစြမ္းကုန္လုပ္သြားမယ္လို႔လည္း အခိုင္အမာေျပာေနပါတယ္။ အခုလို ထိုင္ဝမ္နဲ႔ တ႐ုတ္ၾကား စစ္ေရးတင္းမာမႈတိုးျမင့္ေနခ်ိန္ အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္အေျခစိုက္ မဟာျဗဴဟာနဲ႔ ႏိုင္ငံတကာေလ့လာေရး Center for Strategic and International Studies (CSIS) တတ္သိပညာရွင္ေတြက တကယ္လို႔မ်ား တ႐ုတ္ျပည္မႀကီးက ၂၀၂၆ ခုႏွစ္မွာ စစ္ဝင္တိုက္ခဲ့ရင္ဆိုၿပီး အဘက္ဘက္က ဆန္းစစ္ခဲ့တာမွာေတာ့ တ႐ုတ္၊ ထိုင္ဝမ္၊ အေမရိကန္ျပည္ေထာင္စုနဲ႔ ဂ်ပန္တပ္ေတြ ထိခိုက္က်ဆုံးမႈမ်ားႏိုင္သလို တ႐ုတ္ဘက္ကလည္း အႏိုင္ရႏိုင္မွာ မဟုတ္ဘူးလို႔ သုံးသပ္ပါတယ္ရွင္။ ကြၽန္မစုျမတ္မြန္ပါ။

တိုက္႐ိုက္ လင့္ခ္
ထိုင္ဝမ္-ျမန္မာေတြရဲ႕ တ႐ုတ္ ျပည္မႀကီးရန္စိုးရိမ္မႈ
please wait

No media source currently available

0:00 0:08:13 0:00

(unicode)

ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးလို့ဆိုပြီး ထိုင်ဝမ်ကျွန်းဆွယ်မှာ တရုတ်ပြည်မကြီးဘက်က စစ်အင်အားနဲ့ ခြိမ်းခြောက်မှုတွေ ပိုတိုးလုပ်နေပါတယ်။ ထိုင်ဝမ်ကလည်း သူ့ရဲ့ ကာကွယ်ရေးးစွမ်းရည်ကို အားဖြည့် မြှင့်တင်ဖို့လုပ်နေပါတယ်။ အဲဒီလိုအခြေအနေမှာ ထိုင်ဝမ်မှာနေထိုင်နေကြတဲ့ ခန့်မှန်းခြေ ၁ သိန်းလောက်ရှိနေတဲ့ မြန်မာတွေကရော ဘယ်လောက်စိုးရိမ်နေကြပါသလဲ။ မစုမြတ်မွန်က စုံစမ်းမေးမြန်းပြီး တင်ပြထားပါတယ်။

အရှေ့တရုတ်နဲ့ တောင်တရုတ်ပင်လယ်ကြားမှာရှိတဲ့ ထိုင်ဝမ်ကျွန်းမှာ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ရွေးကောက်ခံ သမ္မတအုပ်ချုပ်တဲ့စနစ်ကို ကျင့်သုံးပါတယ်။ လူဦးရေ ၂၃.၅ သန်းထက်မနည်းရှိတဲ့ ထိုင်ဝမ်ကျွန်းဟာ ငြိမ်းချမ်းတည်ငြိမ်တယ်လို့ ယေဘူယျပြောနိုင်ပေမဲ့ ထိုင်ဝမ်းကျွန်းဟာ သူတို့ပိုင်တယ်လို့ အမြဲပြောနေတဲ့ တရုတ်ပြည်မကြီးရဲ့ စစ်ရေးရန်က အမြဲရှိနေပါတယ်။ ထိုင်ဝမ်ကို စစ်ရေးနည်းသုံးပြီး ပြည်မကြီး အုပ်ချုပ်မှုအောက်ရောက်အောင် လုပ်မယ်လို့ ပြောကြားထားသလို၊ စစ်ရေး၊ သံတမန်ရေး စီးပွားရေးဖိအားတွေ ပိုတိုးလုပ်နေပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ထိုင်ဝမ်ကျွန်းနားမှာ တရုတ်လေတပ်လေယာဉ်တွေ ပျံသန်းမှုကို နေ့စဉ်လိုလုပ်နေတာမှာ အခုနောက်ပိုင်းမှာတော့ ထိုင်ဝမ်ပိုင်နက်ထဲအထိ တရုတ်တိုက်လေယာဉ်တွေ၊ ရေတပ်သင်္ဘောတွေ ဝင်ရောက်ပြီး တိုက်ခိုက်ရေးပုံစံ လေ့ကျင့်မှုတွေကို လုပ်လာပါတယ်။ ထိုင်ဝမ်စစ်တပ်ကလည်း တရုတ်ပြည်မကြီးက တိုက်ခိုက်လာရင် တုံ့ပြန်နိုင်ဖို့ အသင့်ရှိနေကြောင်းပြသတဲ့အနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ စစ်အင်အားပြမှုတွေ လုပ်နေပါတယ်။ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးလို့ တရုတ်အစိုးရကဆိုပြီး ခုလိုစစ်ရေးနဲ့ ခြိမ်းခြောက်မှုတွေ ပိုလုပ်လာတဲ့အပေါ် ထိုင်ဝမ်မှာနေတဲ့ မြန်မာတွေအနေနဲ့ ဘယ်လောက်စိုးရိမ်မှုရှိနေကြပါသလဲ။

တိုင်ပေမြို့တော် တုန်းဝူတက္ကသိုလ်၊ အာဆီယံဌာန မြန်မာစာကထိက ကို Thomas Chen က သူ့ရဲ့ အမြင်ကိုခုလို ပြောပြပါတယ်။

"ထိုင်ဝမ်ပိုင်နက်ထဲကို (တရုတ်) စစ်လေယာဉ်တွေ ခဏခဏ ဖြတ်ပြီးတော့ အရင်ထက် ပိုပြီး ပျံသန်းလာတာကြောင့် ဒီမှာနေထိုင်တဲ့ ထိုင်ဝမ်ဒေသခံအားလုံးကလည်း အရင်ထက်ပို စိုးရိမ်ပူပင်မှုရှိတယ်။ တကယ်ပဲ သူတို့ပြောသလို လိုအပ်လာရင်လက်နက်အင်အားသုံးပြီး၊ ထိုင်ဝမ်ကျွန်းဆွယ်ကို ပြန်ပြီး သိမ်းယူမလားဆိုတာ။ ခါတိုင်း ပုံမှန်အားဖြင့်ဆိုရင် ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သိပ်မပြောကြဘူးဆိုပေမယ့် အခုဆို လူတွေ ပိုဆွေးနွေးဖြစ်တယ်။ နေ့စဉ်ဘ၀မှာကအစ တချိန်ဖြစ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ၊ စိုးရိမ်ပူပင်မှုတွေရှိတယ် ပြောချင်တာပါ။"

တကယ်ကတော့ တရုတ်ပြည်မကြီးကနေ ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့ ထိုင်ဝမ်အဖြစ် ထူထောင်ခဲ့တဲ့အချိန်ကစပြီး တရုတ်ပြည်မကြီးရဲ့ခြိမ်းခြောက်တဲ့ရန်က ရှိနေတာပါ။ အခုကတော့ ပိုပြီး ဆိုးလာတယ်လို့ မြင်ရပါတယ်။ နောက် တရုတ်က ဒေသတွင်းသာမက နိုင်ငံတကာမှာပါ သူ့ရဲ့စစ်ရေးအရရော၊ စီးပွားရေးအရရော အင်အားကြီးတဲ့နိုင်ငံဖြစ်လာတဲ့အခါကျတော့.. ဒီအပေါ်မှာရော ထိုင်ဝမ်အစိုးရက ပိုပြီး သတိထားလာတယ်လို့ရော မြင်ရပါသလားရှင့်။

" ဟုတ်ကဲ့အမပြောတဲ့အပိုင်းမှာဆိုရင် တော်တော်လေး သိသာလာတာသတိထားမိတယ်ခင်ဗျာ။ ထိုင်ဝမ်အစိုးရဖက်ကလည်း စစ်အင်အားနဲ့ပတ်သက်လာရင် ပိုပြီး တိုးချဲ့လာတာသတိထားမိတယ်။"

ထိုင်ဝမ်မှာ ကျောင်းတက်နေတဲ့ ကျောင်းသူ Smile Ra ကလည်းသူ့ရဲ့စိုးရိမ်မှုကို ခုလိုပြောပါတယ်။

"ကိုယ်က သူများနိုင်ငံမှာဆိုတော့ မပြောတတ်ဘူးလေ တကယ်ဖြစ်ရင်ဖြစ်လာမယ်။ နိုင်ငံရေးဆိုတာ မပြောတတ်ဘူးလေ၊ တကယ်ဖြစ်ရင်လည်းဖြစ်မယ်၊ နိုင်ငံရေးလှည့်ကွက်လည်းဖြစ်မယ် ဒါပေမယ့် ကိုယ်ကမသိဘူး။ ကိုယ်ကပဲ မြန်မာနိုင်ငံကို ပြေးပြန်ရမလား၊ ဒီမှာပဲ နေရမလား၊ ဒီမှာနေရင်ရော လုံခြုံတဲ့နေရာ ကိုယ့်အတွက်ရှိလား အဲလိုမျိုးစိုးရိမ်တာပေါ့။ သူများမောင်းထုတ်ရင် ကိုယ်က ပြန်ရမှာလေ၊ သူများနိုင်ငံမှာနေရင်အဆင်မပြေဘူးဆိုရင်ပေါ့။ အဲဒါကြောင့် ကိုယ့်ဖက်က အရမ်းစိုးရိမ်တာပေါ့။"

၂၀၂၂ နှစ်ကုန်ပိုင်းက အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီဦးဆောင်တဲ့ အမေရိကန်လွှတ်တော်အမတ်တွေထိုင်ဝမ်ကို သွားရောက်ခဲ့ပြီး ထိုင်ဝမ်နဲ့ တသားထဲရှိတယ်ဆိုတာ ပြသခဲ့ပါတယ်။ အမေရိကန်တင်မက EU ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေ၊ ဗြိတိန်၊ ဂျာမနီစတဲ့ဥရောပနိုင်ငံတွေက လွှတ်တော်အမတ်တွေလည်း ထိုင်ဝမ်ကို သွားရောက်ပြီး ထိုင်ဝမ်ဘက်က ရပ်တည်နေတယ်ဆိုတာကို ပြသခဲ့ကြပါတယ်။ အမေရိကန်အစိုးရကတော့ တရုတ်တပြည်ထောင်မူကိုပဲ ဆက်လက်ကိုင်စွဲထားပါတယ်လို့ တရားဝင်ပြောကြားထားပါတယ်။ တချိန်ထဲမှာ ဒေါ်လာသန်း ၂၀၀ နီးပါးတန်ဖိုးရှိတဲ့ နီးပါးတန်ဖိုးလက်နက်တွေရောင်းဖို့ ၂၀၂၂ ဒီဇင်ဘာမှာ အတည်ပြုခဲ့ပါတယ်။ အဲဒါတွေကြောင့် ပြည်မကြီးဖက်က ခုလို စစ်အင်အားပြ ခြိမ်းခြောက်မှုတွေ ပိုတိုးလုပ်နေတယ်လို့ရောင် ထိုင်ဝမ်မှာ မြင်နေကြပါလား ကိုသောမတ်ကိုမေးကြည့်ပါတယ်။

" ဒီဟာနဲ့ပတ်သက်ပြီး လူငယ်ပိုင်းနဲ့ လူကြီးပိုင်းဆိုပြီး Generation ကွာသွားတယ်။ လူငယ်ပိုင်းတွေကတော့ သူတို့မွေးလာကတည်းက ထိုင်ဝမ်ဟာ သီးခြားရပ်တည်နေတဲ့ အစိုးရတရပ် နိုင်ငံတနိုင်ငံအဖြစ်ပဲ ရှုမြင်ထားတာကြောင့်၊ သူတို့အများစုရဲ့ ထင်ထားတာက ထိုင်ဝမ်ဆိုတာ နဂိုလ်ကတည်းက တနိုင်ငံဖြစ်နေပြီ၊ အမေရိကန်ကလည်း သူတို့ကို နောက်က စစ်အင်အားပဲဖြစ်ဖြစ် လက်နက်အင်အားပဲဖြစ်ဖြစ် နည်းပညာအရပဲဖြစ်ဖြစ် ကူညီထောက်ပံ့ပေးနေတဲ့အတွက် သူတို့က အားတတ်တယ်၊ ခြိမ်းခြောက်မှုကို ကာကွယ်နိုင်တယ် ခုခံနိုင်တယ် သူတို့မှာလည်း ကျောထောက်နောက်ခံရှိတယ်လို့ ရှုမြင်ကြတယ်ခင်ဗျ။ ဒါပေမယ့်လည်း သက်ကြီးပိုင်းတွေကျတော့ တချိန်က သူတို့က ပြည်မကြီးကလာတဲ့မျိုးနွယ်ဖြစ်တယ်။သူတို့က မျိုးနွယ်ချင်းတူနေတာဖြစ်တဲ့အတွက်ကြောင့် လူကြီးပိုင်းအနည်းစုကကျတော့ အမေရိကန်ပါဝင်နေမှုဟာ နှစ်နိုင်ငံပေါင်းစည်းရေးကို ပိုပြီး ဝေးကွာစေနိုင်တယ်လို့ သူတို့က ရှုမြင်ကြတယ်။"

ထိုင်ဝမ်မှာ စီးပွားရေးလုပ်နေတဲ့ ကိုလတ်ကတော့ ထိုင်ဝမ်နိုင်ငံရေးမှာ အဓိကလွှမ်းမိုးတဲ့ ပါတီကြီး ၂ ခုထဲက ဘယ်ပါတီအာဏာရတယ်ဆိုတာပေါ်မှာ မူတည်ပြီး တရုတ်နဲ့ဆက်ဆံရေး ကွာတယ်လို့ ပြောပါတယ်။ ထိုင်ဝမ်မှာ မင်းကျင့်တန်လို့ပြောတဲ့ လက်ရှိအာဏာရ သမ္မတ ချိုက်ယင်းဝမ်ရဲ့ Democratic Progressive Party (DPP) ပါတီက သီးခြားလွတ်လပ်တဲ့ ထိုင်ဝမ်ဖြစ်အောင်ပဲ အဓိကထားတယ်လို့ ရှင်းပြပါတယ်။

" ပါတီနှစ်ခုရှိတာပေါ့။ ခုလက်ရှိသမ္မတရဲ့ပါတီ မင်းကျင့်တန်နဲ့ ကူမင်တန်ဆိုတာ နှစ်ခုရှိတယ်။ မင်းကျင့်တန်ကတော့ သူက အမြဲတမ်းကြိုးစားတယ်။ လွတ်လပ်တဲ့နိုင်ငံအဖြစ် ရပ်တည်ဖို့အတွက် သူက တစိုက်မတ်မတ်ကြိုးစားတယ်။ ကူမင်တန်ကတော့ အားလုံးနဲ့သဟဇာတဖြစ်အောင်ပဲ သူက လုပ်တယ်။ အဲဒီနှစ်ခုကွာတာပေါ့။ အရင်ကူမင်တန်တတ်တုန်းကတော့ ဒီလို တရုတ်ပြည်ရဲ့ခြိမ်းခြောက်မှုတွေ အဲဒီ့လောက်ကြီး မပြင်းထန်ဘူး။ သူက အဆင်ပြေအောင်နေတယ်လေ။ အခုလက်ရှိ သမ္မတရဲ့ပါတီ မင်းကျင့်တန်ကျတော့ စကတည်းက သူ သမ္မတဖြစ်ရင် လွတ်လပ်တဲ့နိုင်ငံအဖြစ်ကြေညာမယ်လို့ ပြောပြီး မဲဆွယ်လာခဲ့တာ။ အဲဒီ့တုန်းကတည်းက တရုတ်ပြည်က မကျေနပ်လာခဲ့တာ၊ ကြေညာရင် သူတို့ လက်တုန့်ပြန်မယ်ဆိုပြီးတော့ ကြေညာခဲ့တာပေါ့လေ။"

လက်ရှိမှာတော့ တရုတ်နဲ့ စစ်ရေးတင်းမာမှု အရှိန်မြင့်လာတဲ့အတွက် ၂၀၀၅ ခုနှစ်ကစပြီးမွေးတဲ့ အရွယ်ရောက်ပြီး အမျိုးသားတိုင်း မဖြစ်မနေစစ်မှုထမ်းရတဲ့ အစီအစဉ်ကို လက်ရှိ ၄ လကနေ ၂၀၂၄ ကစပြီး ၁ နှစ်အထိတိုးတယ်လို့ ထိုင်ဝမ်သမ္မတက ကြေညာထားပါတယ်။ ထိုင်ဝမ်မှာ ကာကွယ်ရေးအင်အားတိုးမြှင့်ဖို့လိုတိုင်း မဖြစ်မနေ စစ်မှုထမ်းရတဲ့ ကာလကို ပြောင်းလဲနေသလို စစ်ရေးစွမ်းအင်ကို မွမ်းမံနေတာဖြစ်တယ်လို့ ကိုယ်တိုင်လည်း စစ်မှုထမ်းဖူးတဲ့ ကိုသောမတ်ချန်းက ရှင်းပြပါတယ်။

"တချိန်ကျရင်ဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့၊ နှစ်ဖက်က စစ်ပွဲတွေဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီးတော့ ရှုမြင်ထားတာဖြစ်တာကြောင့် မူလ လေးလသက်တမ်းကနေပြီးတော့ အသက်အရွယ်ပြည့်ပြီး ယောင်္ကျားလေးတိုင်းဟာ စစ်မှုထမ်းကာလ တနှစ်တိုးချဲ့ဖို့အတွက် ဆုံးဖြတ်ကြတယ်။ စစ်မှုထမ်းပြီးသွားပြီဆိုရင်လည်း နှစ်စဉ် re-service ဆိုပြီး စစ်မှုထမ်းပြီးသားလူတွေကို မွန်းမံသင်တန်းပေးသလိုမျိုး လူဦးရည်အရေအတွက်ကို အရင်ကပိုပြီး ခေါ်ယူမယ်လို့ သူက ကြေညာထားပြီ။"

ထိုင်ဝမ်မှာ မဖြစ်မနေ စစ်မှုထမ်းရမယ့်ကာလ ၁ နှစ်အထိ ပြန်တိုးတာနဲ့ပါတ်သက်လို့ တရုတ်ဖက်ကတော့ ပြည်သူတွေကို အမြှောက်ဆံတွေကို သဘောထားပြီး လုပ်တဲ့လုပ်ရပ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ ဝမ်ဝေဘင်က ဖော်ပြပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းနိုင်ရေး အစွမ်းကုန်လုပ်သွားမယ်လို့လည်း အခိုင်အမာပြောနေပါတယ်။ အခုလို ထိုင်ဝမ်နဲ့ တရုတ်ကြား စစ်ရေးတင်းမာမှုတိုးမြင့်နေချိန် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်အခြေစိုက် မဟာဗြူဟာနဲ့ နိုင်ငံတကာလေ့လာရေး Center for Strategic and International Studies (CSIS) တတ်သိပညာရှင်တွေက တကယ်လို့များ တရုတ်ပြည်မကြီးက ၂၀၂၆ ခုနှစ်မှာ စစ်ဝင်တိုက်ခဲ့ရင်ဆိုပြီး အဘက်ဘက်က ဆန်းစစ်ခဲ့တာမှာတော့ တရုတ်၊ ထိုင်ဝမ်၊ အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်တပ်တွေ ထိခိုက်ကျဆုံးမှုများနိုင်သလို တရုတ်ဘက်ကလည်း အနိုင်ရနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်ရှင်။ ကျွန်မစုမြတ်မွန်ပါ။

XS
SM
MD
LG