သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္ဝမ္ကို ပိုကူမယ့္ အေမရိကန္ ကာကြယ္ေရးအသုံးစရိတ္ တ႐ုတ္ကန္႔ကြက္


ႏိုင္ငံေတာ္ကာကြယ္ေရးအသံုးစရိတ္ ဥပေဒၾကမ္း NDAA (Photo Courtesy : US House Armed Services )

၂၀၂၃ ခုႏွစ္အတြက္ အေမရိကန္ကာကြယ္ေရး အသုံးစရိတ္ထဲမွာ ထိုင္ဝမ္အတြက္ စစ္ေရးေထာက္ပံ့စရိတ္ တိုးထားတဲ့အေပၚ တ႐ုတ္က ေဒါသနဲ႔ တုံ႔ျပန္လိုက္ပါတယ္။ ထိုင္ဝမ္လုံျခဳံေရးအတြက္ တိုးျမႇင့္ကူညီမယ့္အေပၚ ထိုင္ဝမ္အစိုးရကေတာ့ ေက်းဇူးတင္ခဲ့ပါတယ္။

အေမရိကန္ ကာကြယ္ေရးအသုံးစရိတ္ NDAA ဥပေဒအေပၚ အလြန္အမင္း မေက်မနပ္ျဖစ္ရၿပီး လုံးဝဆန္႔က်င္တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနက ဒီေန႔ စေနေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ပါတာယ္။ ထိုင္ဝမ္အတြက္ ေဒၚလာ ၁၀ ဘီလ်ံအထိသုံးၿပီး လုံျခဳံေရးဆိုင္ရာ ေထာက္ပံ့ကူညီမႈေတြ လုပ္ဖို႔နဲ႔ ထိုင္ဝမ္အတြက္ ျမန္ျမန္ဆန္ဆန္ လက္နက္ေရာင္းႏိုင္ဖို႔ ခြင့္ျပဳခ်က္ပါဝင္တဲ့ အသုံးစရိတ္ဥပေဒဟာ ထိုင္ဝမ္ေရလက္ၾကားရဲ႕ ၿငိမ္းခ်မ္းေရးနဲ႔ တည္ၿငိမ္ေရးကို အလြန္အမင္း ထိခိုက္ေစတယ္လို႔ တ႐ုတ္က တုံ႔ျပန္ပါတယ္။

ထိုင္ဝမ္ကြၽန္းဟာ သူတို႔ပိုင္ျဖစ္တယ္လို႔ တ႐ုတ္က အၿမဲေျပာေနၿပီး အခုလို စစ္ေရးအရ ကူညီေထာက္ပံ့တဲ့အေပၚ ျပင္းျပင္းထန္ထန္ ကန္႔ကြက္ေလ့႐ွိပါတယ္။

အေမရိကန္ရဲ႕ ကာကြယ္ေရးအသုံးစရိတ္ထဲ ထိုင္ဝမ္အတြက္ပါသုံးဖို႔ ထည့္သြင္းထားတဲ့အေပၚ ေက်းဇူးတင္တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဌာနက ေဖာ္ျပေျပာဆိုခဲ့ၿပီး ဒါဟာ ထိုင္ဝမ္-အေမရိကန္ ဆက္ဆံေရးနဲ႔ ထိုင္ဝမ္ကြၽန္း လုံျခဳံေရး အားေကာင္းဖို႔ ဘယ္ေလာက္ အေရးႀကီးတယ္ဆိုတာ ျပသလိုက္တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

=== Unicode ===

၂၀၂၃ ခုနှစ်အတွက် အမေရိကန်ကာကွယ်ရေး အသုံးစရိတ်ထဲမှာ ထိုင်ဝမ်အတွက် စစ်ရေးထောက်ပံ့စရိတ် တိုးထားတဲ့အပေါ် တရုတ်က ဒေါသနဲ့ တုံ့ပြန်လိုက်ပါတယ်။ ထိုင်ဝမ်လုံခြုံရေးအတွက် တိုးမြှင့်ကူညီမယ့်အပေါ် ထိုင်ဝမ်အစိုးရကတော့ ကျေးဇူးတင်ခဲ့ပါတယ်။

အမေရိကန် ကာကွယ်ရေးအသုံးစရိတ် NDAA ဥပဒေအပေါ် အလွန်အမင်း မကျေမနပ်ဖြစ်ရပြီး လုံးဝဆန့်ကျင်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက ဒီနေ့ စနေနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတာယ်။ ထိုင်ဝမ်အတွက် ဒေါ်လာ ၁၀ ဘီလျံအထိသုံးပြီး လုံခြုံရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ လုပ်ဖို့နဲ့ ထိုင်ဝမ်အတွက် မြန်မြန်ဆန်ဆန် လက်နက်ရောင်းနိုင်ဖို့ ခွင့်ပြုချက်ပါဝင်တဲ့ အသုံးစရိတ်ဥပဒေဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အလွန်အမင်း ထိခိုက်စေတယ်လို့ တရုတ်က တုံ့ပြန်ပါတယ်။

ထိုင်ဝမ်ကျွန်းဟာ သူတို့ပိုင်ဖြစ်တယ်လို့ တရုတ်က အမြဲပြောနေပြီး အခုလို စစ်ရေးအရ ကူညီထောက်ပံ့တဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်လေ့ရှိပါတယ်။

အမေရိကန်ရဲ့ ကာကွယ်ရေးအသုံးစရိတ်ထဲ ထိုင်ဝမ်အတွက်ပါသုံးဖို့ ထည့်သွင်းထားတဲ့အပေါ် ကျေးဇူးတင်တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဌာနက ဖော်ပြပြောဆိုခဲ့ပြီး ဒါဟာ ထိုင်ဝမ်-အမေရိကန် ဆက်ဆံရေးနဲ့ ထိုင်ဝမ်ကျွန်း လုံခြုံရေး အားကောင်းဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ပြသလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG