ဒီကေန႔ က်င္းပၿပီးစီးခဲ့တဲ့ ထိုင္ဝမ္ေဒသႏၲရ ေ႐ြးေကာက္ပြဲေတြမွာ အတိုက္အခံ ကူမင္တန္ပါတီက အမ်ားစုအႏိုင္ရေနၿပီး လက္ရွိ ထိုင္ဝမ္သမၼတ Tsai Ing-wen အတြက္ေတာ့ ထိခိုက္ဆုံးရႈံးမႈ ျဖစ္ေစပါတယ္။ ဒီေ႐ြးေကာက္ပြဲဟာ တ႐ုတ္ဘက္က ရန္လိုမႈေတြ တိုးလာေနခ်ိန္မွာ ထိုင္ဝမ္အေနနဲ႔ ဒီမိုကေရစီကို ကာကြယ္ဖို႔ အခိုင္အမာ ဆုံးျဖတ္ထားတယ္ဆိုတာကို ကမာၻႀကီးကို ျပသတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္တယ္လို႔ ထိုင္ဝမ္သမၼတ Tsai Ing-wen က ေျပာဆိုထားတာပါ။
ၿမိဳ႕ေတာ္ဝန္ေတြ၊ ခ႐ိုင္အစိုးရ အႀကီးအကဲေတြနဲ႔ ေဒသအလိုက္ ေကာင္စီဝန္ေတြ ေ႐ြးေကာက္တင္ေျမႇာက္တဲ့ ဒီေဒသႏၲရ ေ႐ြးေကာက္ပြဲေတြမွာ ေ႐ြးေကာက္ခံရသူေတြအေနနဲ႔ COVID-19 ကပ္ေဘးနဲ႔ ရာဇဝတ္မႈ ျပႆနာေတြလို ျပည္တြင္းေရးရာ ကိစၥေတြေပၚမွာသာ ၾသဇာသက္ေရာက္ႏိုင္မွာျဖစ္ၿပီး တ႐ုတ္နဲ႔ဆိုင္တဲ့ ထိုင္ဝမ္ရဲ႕ မူဝါဒေတြနဲ႔ ပတ္သက္လို႔ေတာ့ ၾသဇာသက္ေရာက္ႏိုင္မယ့္သူေတြ မဟုတ္ပါဘူး။
ဒါေပမဲ့ သမၼတ Tsai Ing-wen ကေတာ့ ဒီေ႐ြးေကာက္ပြဲေတြဟာ ေဒသႏၲရေ႐ြးေကာက္ပြဲ ဆိုတာထက္ ပိုတယ္လို႔ ေျပာပါတယ္။ ထိုင္ဝမ္ကို သူပိုင္နယ္ေျမအျဖစ္ ေၾကညာထားတဲ့ တ႐ုတ္နဲ႔ စစ္ေရးတင္းမာမႈေတြ ရွိေနခ်ိန္မွာကိုပဲ ထိုင္ဝမ္ျပည္သူေတြဟာ ဒီမိုကေရစီကို ဘယ္လိုကာကြယ္ေနၾကသလဲဆိုတာကို ကမာၻကသိေစမယ့္ ေ႐ြးေကာက္ပြဲေတြလို႔ သူက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ၾသဂုတ္လက အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi ထိုင္ဝမ္ကို လာေရာက္ခဲ့တာကို တ႐ုတ္က ေဒါသထြက္ၿပီး ထိုင္ဝမ္ကြၽန္းအနီး စစ္ေရး ေလ့က်င့္မႈေတြ အရွိန္ျမင့္လုပ္ေဆာင္လာခဲ့သလို၊ အခုခ်ိန္ထိလည္း စစ္ေရးေလ့က်င့္မႈေတြ ဆက္ရွိေနၿပီး ႏွစ္ဘက္တင္းမာေနတာ ျဖစ္ပါတယ္။
==== Unicode ====
ဒီကနေ့ ကျင်းပပြီးစီးခဲ့တဲ့ ထိုင်ဝမ်ဒေသန္တရ ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ကူမင်တန်ပါတီက အများစုအနိုင်ရနေပြီး လက်ရှိ ထိုင်ဝမ်သမ္မတ Tsai Ing-wen အတွက်တော့ ထိခိုက်ဆုံးရှုံးမှု ဖြစ်စေပါတယ်။ ဒီရွေးကောက်ပွဲဟာ တရုတ်ဘက်က ရန်လိုမှုတွေ တိုးလာနေချိန်မှာ ထိုင်ဝမ်အနေနဲ့ ဒီမိုကရေစီကို ကာကွယ်ဖို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်ဆိုတာကို ကမ္ဘာကြီးကို ပြသတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က ပြောဆိုထားတာပါ။
မြို့တော်ဝန်တွေ၊ ခရိုင်အစိုးရ အကြီးအကဲတွေနဲ့ ဒေသအလိုက် ကောင်စီဝန်တွေ ရွေးကောက်တင်မြှောက်တဲ့ ဒီဒေသန္တရ ရွေးကောက်ပွဲတွေမှာ ရွေးကောက်ခံရသူတွေအနေနဲ့ COVID-19 ကပ်ဘေးနဲ့ ရာဇဝတ်မှု ပြဿနာတွေလို ပြည်တွင်းရေးရာ ကိစ္စတွေပေါ်မှာသာ သြဇာသက်ရောက်နိုင်မှာဖြစ်ပြီး တရုတ်နဲ့ဆိုင်တဲ့ ထိုင်ဝမ်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့တော့ သြဇာသက်ရောက်နိုင်မယ့်သူတွေ မဟုတ်ပါဘူး။
ဒါပေမဲ့ သမ္မတ Tsai Ing-wen ကတော့ ဒီရွေးကောက်ပွဲတွေဟာ ဒေသန္တရရွေးကောက်ပွဲ ဆိုတာထက် ပိုတယ်လို့ ပြောပါတယ်။ ထိုင်ဝမ်ကို သူပိုင်နယ်မြေအဖြစ် ကြေညာထားတဲ့ တရုတ်နဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေချိန်မှာကိုပဲ ထိုင်ဝမ်ပြည်သူတွေဟာ ဒီမိုကရေစီကို ဘယ်လိုကာကွယ်နေကြသလဲဆိုတာကို ကမ္ဘာကသိစေမယ့် ရွေးကောက်ပွဲတွေလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကို လာရောက်ခဲ့တာကို တရုတ်က ဒေါသထွက်ပြီး ထိုင်ဝမ်ကျွန်းအနီး စစ်ရေး လေ့ကျင့်မှုတွေ အရှိန်မြင့်လုပ်ဆောင်လာခဲ့သလို၊ အခုချိန်ထိလည်း စစ်ရေးလေ့ကျင့်မှုတွေ ဆက်ရှိနေပြီး နှစ်ဘက်တင်းမာနေတာ ဖြစ်ပါတယ်။