သုံးရလွယ်ကူစေသည့် Link များ

တိုင်ဝမ်ကျွန်း ဝန်းကျင် တရုတ်စစ်ရေးလေ့ကျင့်မှု တိုးချဲ့


新华社2018年4月12日发布的正在航行中的中国辽宁号航母编队。美联社转发。
新华社2018年4月12日发布的正在航行中的中国辽宁号航母编队。美联社转发。

တရုတ်က ထိုင်ဝမ်ကျွန်းအနီးတဝှိက် စစ်ရေးလေ့ကျင့်မှုတွေကို သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ပြီးသွားပေမယ့် နောက်တနေ့မှာတော့ အဲဒီလို စစ်ရေးလေ့ကျင့်တာကို ထပ်ပြီး တိုးချဲ့လိုက်ပါတယ်။

တိုင်ဝမ်ကျွန်း ဝန်းကျင် တရုတ်စစ်ရေးလေ့ကျင့်မှု တိုးချဲ့

{{Zawgyi/Unicode}}
တရုတ်က ထိုင်ဝမ်ကျွန်းအနီးတဝှိက် စစ်ရေးလေ့ကျင့်မှုတွေကို သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ပြီးသွားပေမယ့် နောက်တနေ့မှာတော့ အဲဒီလို စစ်ရေးလေ့ကျင့်တာကို ထပ်ပြီး တိုးချဲ့လိုက်ပါတယ်။ တရုတ်ဖက်က စစ်ရေးလေ့ကျင့်မှုကို တိုးချဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ Joe Biden ကို ရဲ့ သဘောထားကို သတင်ထောက်တွေက မေးရာမှာ

"ကျနော် မစိုးရိမ်ပါဘူး။ သူတို့အနေနဲ့ ဆက်ပြီး ဒါထက်ပိုပြီး ရှေ့တိုးလုပ်ဆောင်လာမှာကိုတော့ ကျနော် ပူပန်မိပါတယ်။ ဒါပေမယ့် သူတို့ဟာ ဒါထက်ပိုပြီး ဆက်လုပ်ဆောင်လိမ့်မယ်လို့တော့ ကျနော်မထင်ပါဘူး" လို့ သမ္မတ Joe Biden ပြောသွားတာပါ။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ PLA အရှေ့ပိုင်း စစ်ဌာနချုပ်ကနေ ထိုင်ဝမ်ကျွန်းအနီးမှာ လေကြောင်းကနေ စစ်သင်္ဘောတွေကို တိုက်ခိုက်တာ နဲ့ ရေငုတ်သင်္ဘော တိုက်ဖျက်ရေးတို့ကို အဓိကထား လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။ အဲဒီ စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်အနီးဘယ်နေရာမှာ လုပ်မလဲ ဒါမှမဟုတ် ဘယ်လောက်ကြာကြာ လုပ်မှာလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi ထိုင်ဝမ်ကျွန်းကို လာရောက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ကျွန်းအနီး သတ်မှတ်ထားတဲ့နေရာ ၆ ခု မှာ ၄ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို တရုတ်တပ်ဖွဲ့တွေက အပြင်းအထန်လုပ်ဆောင်ခဲ့ပါတယ်။ တရုတ်နိုင်ငံကို ကာလကြာရှည်ကတည်းက ဝေဖန်လာခဲ့တဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဌ Nancy Pelosi သြဂုတ်လ ၂ ရက်နေ့က ထိုင်ဝမ်ကျွန်းကို လာရောက်တာဟာ အချုပ်အခြာ အာဏာကို ချိုးဖောက်ရာရောက်တယ်လို့ တရုတ်အစိုးရက ရှုမြင်နေပါတယ်။

ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း တရုတ်နိုင်ငံရဲ့ စစ်ရေးလေ့ကျင်မှုကို တိုးချဲ့လိုက်တာဟာ နိုင်ငံတကာက ရပ်ဆိုင်းပေးဖို့ တောင်းဆိုထားတာကို လျှစ်လျူရှုရာ ရောက်သလို ၊တမင်တကာ ရန်စတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် ရှုတ်ချပါကြောင်း ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာပါတယ်။

တိုက်ရိုက် လင့်ခ်

......................................................


{{Zawgyi/Unicode}}





XS
SM
MD
LG