သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္၀မ္ကၽြန္းအနီး ေရျပင္မွာ တ႐ုတ္စစ္တပ္ မစ္ဇိုင္းဒုံး ပစ္ခတ္ေလ့က်င့္


(Zawgyi / Unicode)


အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ခရီးစဥ္အၿပီး ေနာက္တရက္မွာပဲ ထိုင္၀မ္ကၽြန္းအနီး ေရျပင္ကို တ႐ုတ္စစ္တပ္က ပဲ့ထိန္းတပ္ မစ္ဇိုင္းဒုံး ၁၁ ခုထက္မနည္း ပစ္ခတ္ခဲ့ပါတယ္။ ထိုင္၀မ္ကၽြန္း အေရွ႕ဖက္၊ ေတာင္ဖက္နဲ႔ ေျမာက္ဖက္ ကမ္း႐ိုးတန္းအနီး ေရျပင္ကို တ႐ုတ္စစ္တပ္က Dongfeng ပဲ့ထိန္းတပ္မစ္ဇိုင္းဒုံးေတြနဲ႔ ၾကာသပေတးေန႔ မြန္းလဲြပိုင္းက ပစ္ခတ္ခဲ့ေၾကာင္း ထိုင္၀မ္ ကာကြယ္ေရး ၀န္ႀကီးဌာနက ေျပာဆိုခဲ့တာပါ။

က်ည္အစစ္ေတြသုံးၿပီး၊ တနဂၤေႏြေန႔အထိလုပ္မယ့္ စစ္ေရးေလ့က်င့္မႈဟာ ထိုင္၀မ္အနီး နယ္ေျမ ၆ ခုကို သက္ေရာက္မႈ ရွိမွာျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံက အေစာပိုင္းမွာ ေၾကညာထားပါတယ္။ ဒါေပမဲ့ ၾကာသပေတးေန႔ကေတာ့ ေနာက္ထပ္နယ္ေျမ တခုကိုပါ တိုးခ်ဲ႕ေလ့က်င့္ခဲ့ၿပီး ေလ့က်င့္မႈေတြ ေနာက္ထပ္ တရက္တိုးလိမ့္မယ္လို႔လည္း ထိုင္၀မ္တာ၀န္ရွိသူေတြက ေျပာပါတယ္။

တ႐ုတ္အစိုးရအာေဘာ္ သတင္းေတြမွာေတာ့ စစ္ေရးေလ့က်င့္မႈမွာ တာေ၀းပစ္ေရာ့ကတ္ေတြနဲ႔ သမား႐ိုးက် မစ္ဇိုင္းဒုံး စမ္းသပ္ေလ့က်င့္မႈေတြ ပါ၀င္ၿပီး ေမွ်ာ္မွန္းထားတဲ့အတိုင္း ေအာင္ျမင္မႈရခဲ့ေၾကာင္း ေဖာ္ျပၾကပါတယ္။ ထိုင္၀မ္ကၽြန္းကေန ၁၂၅ ကီလိုမီတာ အကြာေလာက္မွာရွိတဲ့ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း Fujian ျပည္နယ္ Pingtan ကေန ပစ္ခတ္ခဲ့တဲ့ ဗြီဒီယိုေတြလည္း တ႐ုတ္လူမႈကြန္ရက္ေတြမွာ ေတြ႕ရပါတယ္။

ထိုင္၀မ္ေရလက္ၾကားမွာ တ႐ုတ္ႏိုင္ငံက အင္အားအမ်ားဆုံးနဲ႔ အျပင္းထန္ဆုံး စစ္ေရးေလ့က်င့္မႈအတြင္း က်ည္အစစ္နဲ႔ ေလ့က်င့္တဲ့ နယ္ေျမတခုဟာ ဆိုရင္လည္း ထိုင္၀မ္ကၽြန္းေတာင္ဖက္ ကမ္း႐ိုးတန္းကေန ကီလိုမီတာ ၂၀ ေတာင္ မေ၀းပါဘူး။ ႏွစ္ေပါင္း ၂၅ ႏွစ္အတြင္း အေမရိကန္ရဲ႕ အဆင့္ျမင့္ႏိုင္ငံေရးေခါင္းေဆာင္ တဦးရဲ႕ ခရီးစဥ္အျဖစ္ ေအာက္လႊတ္ေတာ္ဥကၠ႒ Pelosi ရဲ႕ ထိုင္၀မ္ကၽြန္း ခရီးစဥ္ကိုေတာ့ တ႐ုတ္အစိုးရက အျပင္းအထန္ ကန္႔ကြက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ထိုင်ဝမ်ကျွန်းအနီး ရေပြင်မှာ တရုတ်စစ်တပ် မစ်ဇိုင်းဒုံးပစ်ခတ်လေ့ကျင့်

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ခရီးစဉ်အပြီး နောက်တရက်မှာပဲ ထိုင်ဝမ်ကျွန်းအနီး ရေပြင်ကို တရုတ်စစ်တပ်က ပဲ့ထိန်းတပ် မစ်ဇိုင်းဒုံး ၁၁ ခုထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။ ထိုင်ဝမ်ကျွန်း အရှေ့ဖက်၊ တောင်ဖက်နဲ့ မြောက်ဖက် ကမ်းရိုးတန်းအနီး ရေပြင်ကို တရုတ်စစ်တပ်က Dongfeng ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးတွေနဲ့ ကြာသပတေးနေ့ မွန်းလွဲပိုင်းက ပစ်ခတ်ခဲ့ကြောင်း ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောဆိုခဲ့တာပါ။

ကျည်အစစ်တွေသုံးပြီး၊ တနင်္ဂနွေနေ့အထိလုပ်မယ့် စစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်အနီး နယ်မြေ ၆ ခုကို သက်ရောက်မှု ရှိမှာဖြစ်ကြောင်း တရုတ်နိုင်ငံက အစောပိုင်းမှာ ကြေညာထားပါတယ်။ ဒါပေမဲ့ ကြာသပတေးနေ့ကတော့ နောက်ထပ်နယ်မြေ တခုကိုပါ တိုးချဲ့လေ့ကျင့်ခဲ့ပြီး လေ့ကျင့်မှုတွေ နောက်ထပ် တရက်တိုးလိမ့်မယ်လို့လည်း ထိုင်ဝမ်တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်အစိုးရအာဘော် သတင်းတွေမှာတော့ စစ်ရေးလေ့ကျင့်မှုမှာ တာဝေးပစ်ရော့ကတ်တွေနဲ့ သမားရိုးကျ မစ်ဇိုင်းဒုံး စမ်းသပ်လေ့ကျင့်မှုတွေ ပါဝင်ပြီး မျှော်မှန်းထားတဲ့အတိုင်း အောင်မြင်မှုရခဲ့ကြောင်း ဖော်ပြကြပါတယ်။ ထိုင်ဝမ်ကျွန်းကနေ ၁၂၅ ကီလိုမီတာ အကွာလောက်မှာရှိတဲ့ တရုတ်နိုင်ငံအရှေ့ပိုင်း Fujian ပြည်နယ် Pingtan ကနေ ပစ်ခတ်ခဲ့တဲ့ ဗွီဒီယိုတွေလည်း တရုတ်လူမှုကွန်ရက်တွေမှာ တွေ့ရပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်နိုင်ငံက အင်အားအများဆုံးနဲ့ အပြင်းထန်ဆုံး စစ်ရေးလေ့ကျင့်မှုအတွင်း ကျည်အစစ်နဲ့ လေ့ကျင့်တဲ့ နယ်မြေတခုဟာ ဆိုရင်လည်း ထိုင်ဝမ်ကျွန်းတောင်ဖက် ကမ်းရိုးတန်းကနေ ကီလိုမီတာ ၂၀ တောင် မဝေးပါဘူး။ နှစ်ပေါင်း ၂၅ နှစ်အတွင်း အမေရိကန်ရဲ့ အဆင့်မြင့်နိုင်ငံရေးခေါင်းဆောင် တဦးရဲ့ ခရီးစဉ်အဖြစ် အောက်လွှတ်တော်ဥက္ကဋ္ဌ Pelosi ရဲ့ ထိုင်ဝမ်ကျွန်း ခရီးစဉ်ကိုတော့ တရုတ်အစိုးရက အပြင်းအထန် ကန့်ကွက်နေပါတယ်။

XS
SM
MD
LG