သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္အစိုးရရဲ႕ ကန္႔ကြက္မႈၾကား ကန္လႊတ္ေတာ္ဥကၠ႒ ထိုင္ဝမ္ေရာက္ရွိ 


Nan foto sa a ke Ministe Afe Etranje Taiwan pibliye, Minis Joseph Wu akeyi Lide La Chanm de Reprezantan Etazini Nancy Pelosi apre li rive nan Taipei, Taiwan, Madi 2 Out, 2022.

အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠဌ Nancy Pelosi ဦးေဆာင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္အဖဲြ႔ဟာ ထိုင္၀မ္ကို အဂၤါေန႔ည ၁၁ နာရီေလာက္မွာ ေရာက္ရွိသြားခဲ့ၿပီး သူရဲ႔ခရီးစဥ္ဟာ ထိုင္၀မ္ရဲ႔ အားအင္ျပည့္၀တဲ့ ဒီမိုကေရစီကို အေမရိကန္က ေထာက္ခံအားေပးေၾကာင္း ျပသတာျဖစ္တယ္လို႔ သူ႔ရဲ႔ ေၾကညာခ်က္မွာေဖၚျပပါတယ္။

တ႐ုတ္အစိုးရရဲ႕ ကန္႔ကြက္မႈၾကား ကန္လႊတ္ေတာ္ဥကၠ႒ ထိုင္ဝမ္ေရာက္ရွိ

{{Zawgyi/Unicode}}
တ႐ုတ္ရဲ႔ စစ္ေရးအရပါ တုံျပန္မယ္ဆိုတဲ့ ၿခိမ္းေျခာက္မႈေတြရွိေနတဲ့ၾကားကဘဲ အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠဌ Nancy Pelosi ဦးေဆာင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္အဖဲြ႔ဟာ ထိုင္၀မ္ကို အဂၤါေန႔ည ၁၁ နာရီေလာက္မွာ ေရာက္ရွိသြားခဲ့ၿပီး သူရဲ႕ခရီးစဥ္ဟာ ထိုင္၀မ္ရဲ႕ အားအင္ျပည့္၀တဲ့ ဒီမိုကေရစီကို အေမရိကန္က ေထာက္ခံအားေပးေၾကာင္း ျပသတာျဖစ္တယ္လို႔ သူ႔ရဲ႔ ေၾကညာခ်က္မွာေဖၚျပပါတယ္။

လႊတ္ေတာ္ဥကၠဌ အေနနဲ႔ ထိုင္၀မ္ကို သြားခြင့္ရွိတယ္လို႔ အေမရိကန္ သမၼတ အိမ္ျဖဴေတာ္ အမ်ိဳးသားလုံျခဳံေရ းေကာင္စီေျပာခြင့္ရပုဂၢိဳလ္ John Kirby ကေျပာဆိုပါတယ္။

“လႊတ္ေတာ္ဥကၠဌ အေနနဲ႔ ထိုင္၀မ္ကိုသြားခြင့္ရွိပါတယ္။ အရင္တုန္းကလည္းသြားခဲ့ပါတယ္။ ဒီႏွစ္အပါအ၀င္ အရင္ႏွစ္ေတြကလည္း အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္ေတြသြားခဲ့ပါတယ္။ ဒီခရီးစဥ္ဟာလႊတ္ေတာ္ဥကၠဌရဲ႔ဆုံးျဖတ္ခ်က္နဲ႔ သြားတာပါ။ လႊတ္ေတာ္ဟာ အစိုးရရဲ႔သီးျခားလြတ္လပ္တဲ့အစိပ္အပိုင္းျဖစ္ပါတယ္လို႔” အမ်ိဳးသား လုံျခဳံေရး ေကာင္စီေျပာခြင့္ရ John Kirby ကအဂၤါေန႔ သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုခဲ့တာပါ။

လႊတ္ေတာ္ဥကၠဌ Nacny Pelosi ဟာဗုဒၶဟူးေန႔မွာ ထိုင္၀မ္သမၼတ Tsai Ing-wen အျပင္ လႊတ္ေတာ္တာ၀န္ရွိသူေတြနဲ႔ ေတြ႕ဆုံလိမ့္မယ္လို႔လည္း ခန္႔မွန္းေနၾကပါတယ္။

တ႐ုတ္အစိုးရကေတာ့ လႊတ္ေတာ္ဥကၠဌရဲ႔ ခရီးစဥ္ဟာ လက္ခံႏိုင္စရာမရွိဘဲ၊ တ႐ုတ္ရဲ႔ အခ်ဳပ္အျခာ အာဏာကို ခ်ဳိးေဖါက္ရာက်တယ္လို႔ သတိေပးခဲ့ပါတယ္။ အဂၤါေန႔တုံးကေတာ့ တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီးဌာနေျပာေရး ဆိုခြင့္ရွိသူ Hua Chunying ကေတာ့ မိုက္မဲၿပီး အႏၲရယ္ရွိတဲ့ လုပ္ရပ္ကိုမလိုအပ္ဘဲ လုပ္တာလို႔ သတင္းေထာက္ေတြကို ေျပာဆိုခဲ့သလို၊ ေပက်င္းၿမိဳ႕ေတာ္က အေမရိကန္ သံအမတ္ႀကီးကိုလည္း ဆင့္ေခၚ ကန္႔ကြက္ခဲ့ပါတယ္။

အေမရိကန္ လႊတ္ေတာ္ဥကၠ႒ Pelosi ကေတာ့ ထိုင္၀မ္ဘက္က ရပ္တည္ရမွာျဖစ္ေၾကာင္းနဲ႔ အာဏာရွင္ေတြကို အေလွ်ာ႔ေပးမွာ မဟုတ္ေၾကာင္း အေမရိကန္နဲ႔ မဟာမိတ္ေတြ ရွင္းရွင္းလင္းလင္း ျပသရမယ္လို႔လည္း ထိုင္၀မ္ကို ေရာက္တဲ့ေန႔မွာပဲ ဝါရွင္တန္ပို႔စ္ သတင္းစာမွာ သေဘာထားအျမင္ ေဆာင္းပါးေရးသား ေျပာဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................

တရုတ်အစိုးရရဲ့ ကန့်ကွက်မှုကြား ကန်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ရောက်ရှိ

{{Zawgyi/Unicode}}
တရုတ်ရဲ့ စစ်ရေးအရပါ တုံပြန်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေရှိနေတဲ့ကြားကဘဲ အမေရိကန် အောက်လွှတ်တော်ဥက္ကဌ Nancy Pelosi ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်ဝမ်ကို အင်္ဂါနေ့ည ၁၁ နာရီလောက်မှာ ရောက်ရှိသွားခဲ့ပြီး သူရဲ့ခရီးစဉ်ဟာ ထိုင်ဝမ်ရဲ့ အားအင်ပြည့်ဝတဲ့ ဒီမိုကရေစီကို အမေရိကန်က ထောက်ခံအားပေးကြောင်း ပြသတာဖြစ်တယ်လို့ သူ့ရဲ့ ကြေညာချက်မှာဖေါ်ပြပါတယ်။

လွှတ်တော်ဥက္ကဌ အနေနဲ့ ထိုင်ဝမ်ကို သွားခွင့်ရှိတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေ းကောင်စီပြောခွင့်ရပုဂ္ဂိုလ် John Kirby ကပြောဆိုပါတယ်။

“လွှတ်တော်ဥက္ကဌ အနေနဲ့ ထိုင်ဝမ်ကိုသွားခွင့်ရှိပါတယ်။ အရင်တုန်းကလည်းသွားခဲ့ပါတယ်။ ဒီနှစ်အပါအဝင် အရင်နှစ်တွေကလည်း အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေသွားခဲ့ပါတယ်။ ဒီခရီးစဉ်ဟာလွှတ်တော်ဥက္ကဌရဲ့ဆုံးဖြတ်ချက်နဲ့ သွားတာပါ။ လွှတ်တော်ဟာ အစိုးရရဲ့သီးခြားလွတ်လပ်တဲ့အစိပ်အပိုင်းဖြစ်ပါတယ်လို့” အမျိုးသား လုံခြုံရေး ကောင်စီပြောခွင့်ရ John Kirby ကအင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

လွှတ်တော်ဥက္ကဌ Nacny Pelosi ဟာဗုဒ္ဓဟူးနေ့မှာ ထိုင်ဝမ်သမ္မတ Tsai Ing-wen အပြင် လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

တရုတ်အစိုးရကတော့ လွှတ်တော်ဥက္ကဌရဲ့ ခရီးစဉ်ဟာ လက်ခံနိုင်စရာမရှိဘဲ၊ တရုတ်ရဲ့ အချုပ်အခြာ အာဏာကို ချိုးဖေါက်ရာကျတယ်လို့ သတိပေးခဲ့ပါတယ်။ အင်္ဂါနေ့တုံးကတော့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေး ဆိုခွင့်ရှိသူ Hua Chunying ကတော့ မိုက်မဲပြီး အန္တရယ်ရှိတဲ့ လုပ်ရပ်ကိုမလိုအပ်ဘဲ လုပ်တာလို့ သတင်းထောက်တွေကို ပြောဆိုခဲ့သလို၊ ပေကျင်းမြို့တော်က အမေရိကန် သံအမတ်ကြီးကိုလည်း ဆင့်ခေါ် ကန့်ကွက်ခဲ့ပါတယ်။

အမေရိကန် လွှတ်တော်ဥက္ကဋ္ဌ Pelosi ကတော့ ထိုင်ဝမ်ဘက်က ရပ်တည်ရမှာဖြစ်ကြောင်းနဲ့ အာဏာရှင်တွေကို အလျှော့ပေးမှာ မဟုတ်ကြောင်း အမေရိကန်နဲ့ မဟာမိတ်တွေ ရှင်းရှင်းလင်းလင်း ပြသရမယ်လို့လည်း ထိုင်ဝမ်ကို ရောက်တဲ့နေ့မှာပဲ ဝါရှင်တန်ပို့စ် သတင်းစာမှာ သဘောထားအမြင် ဆောင်းပါးရေးသား ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG