သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္ဝမ္က တ႐ုတ္နဲ႔ ေစ့စပ္ ေဆြးေႏြးလိုတဲ့ဆႏၵရွိ (ထိုင္ဝမ္ဝန္ႀကီးခ်ဳပ္)


Former premier William Lai, left, Taiwan President Tsai Ing-wen and new premier Su Tseng-chang, right, join hands after a news conference in Taipei, Taiwan, Jan. 11, 2019.

ထိုင္ဝမ္အေနနဲ႔ ခ်စ္ၾကည္ရင္းႏွီးမႈကို ျပသတဲ့အေနနဲ႔ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးကို တံခါးပိတ္မထားလိုဘဲ၊ ေစ့စပ္ေဆြးေႏြးလိုတဲ့ ဆႏၵရွိတယ္လို႔ ထိုင္ဝမ္ဝန္ႀကီးခ်ဳပ္ Su Tseng-chang က ဒီေန႔ ေျပာလိုက္ပါတယ္။ ဒါေပမဲ့ ႏိုင္ငံေရးအရ ႀကိဳတင္သတ္မွတ္ခ်က္ေတြ မပါဘဲ၊ တန္းတူေဆြးေႏြးသြားမွာ ျဖစ္တယ္လို႔ ထိုင္ဝမ္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ထိုင္ဝမ္အစိုးရနဲ႔ တ႐ုတ္အစိုးရၾကား ဆက္ဆံေရးဟာ ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုး႐ြာဆုံး အေျခအေနကို ေရာက္ရွိေနၿပီး၊ ထိုင္ဝမ္အေနနဲ႔ သူတို႔ရဲ႕ အခ်ဳပ္အခ်ာအာဏာပိုင္ဆိုင္မႈကို လက္ခံဖို႔ တ႐ုတ္ႏိုင္ငံဘက္က ႏိုင္ငံေရးအရေရာ စစ္ေရးအရပါ ဖိအားေတြ တိုးေပးေနပါတယ္။

တ႐ုတ္အစိုးရအေနနဲ႔ ထိုင္ဝမ္နဲ႔ ၿငိမ္းခ်မ္းစြာေပါင္းစည္းေရးကို ႀကိဳးပမ္းေဆာင္႐ြက္ေနေပမယ့္ တျခားနည္းလမ္းေတြကိုလည္း ေ႐ြးခ်ယ္စရာနည္းလမ္းေတြအျဖစ္ ဆက္ၿပီးေတာ့ ထားထားတယ္လို႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးက စင္ကာပူမွာလုပ္ေနတဲ့ ရွန္ဂရီလာ လုံၿခဳံေရးထိပ္သီးအစည္းအေဝးမွာ ေျပာလိုက္ပါတယ္။

တန္းတူညီမွ်မႈ၊ အျပန္အလွန္အေပးယူလုပ္မႈရွိၿပီး၊ ႏိုင္ငံေရးအရ ႀကိဳတင္ကန႔္သတ္ခ်က္ေတြ မပါသေ႐ြ႕ကေတာ့ က်ေနာ္တို႔အေနနဲ႔ တ႐ုတ္ႏိုင္ငံနဲ႔ ခ်စ္ၾကည္ရင္းႏွီးစြာ ေဆြးေႏြးသြားဖို႔ ဆႏၵရွိေၾကာင္း ထိုင္ဝမ္သမၼတဆိုင္အင္ဝမ္းရဲ႕ ေျပာၾကားခ်က္ကို ဝန္ႀကီးခ်ဳပ္က ထပ္ေလာင္းေျပာၾကားလိုက္ပါတယ္။

=== Unicode ===

ထိုင်ဝမ်အနေနဲ့ ချစ်ကြည်ရင်းနှီးမှုကို ပြသတဲ့အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို တံခါးပိတ်မထားလိုဘဲ၊ စေ့စပ်ဆွေးနွေးလိုတဲ့ ဆန္ဒရှိတယ်လို့ ထိုင်ဝမ်ဝန်ကြီးချုပ် Su Tseng-chang က ဒီနေ့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအရ ကြိုတင်သတ်မှတ်ချက်တွေ မပါဘဲ၊ တန်းတူဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ထိုင်ဝမ်ဝန်ကြီးချုပ်က ပြောပါတယ်။

ထိုင်ဝမ်အစိုးရနဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးဟာ ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးရွာဆုံး အခြေအနေကို ရောက်ရှိနေပြီး၊ ထိုင်ဝမ်အနေနဲ့ သူတို့ရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုကို လက်ခံဖို့ တရုတ်နိုင်ငံဘက်က နိုင်ငံရေးအရရော စစ်ရေးအရပါ ဖိအားတွေ တိုးပေးနေပါတယ်။

တရုတ်အစိုးရအနေနဲ့ ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပေါင်းစည်းရေးကို ကြိုးပမ်းဆောင်ရွက်နေပေမယ့် တခြားနည်းလမ်းတွေကိုလည်း ရွေးချယ်စရာနည်းလမ်းတွေအဖြစ် ဆက်ပြီးတော့ ထားထားတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးက စင်ကာပူမှာလုပ်နေတဲ့ ရှန်ဂရီလာ လုံခြုံရေးထိပ်သီးအစည်းအဝေးမှာ ပြောလိုက်ပါတယ်။

တန်းတူညီမျှမှု၊ အပြန်အလှန်အပေးယူလုပ်မှုရှိပြီး၊ နိုင်ငံရေးအရ ကြိုတင်ကန့်သတ်ချက်တွေ မပါသရွေ့ကတော့ ကျနော်တို့အနေနဲ့ တရုတ်နိုင်ငံနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးသွားဖို့ ဆန္ဒရှိကြောင်း ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်းရဲ့ ပြောကြားချက်ကို ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားလိုက်ပါတယ်။

XS
SM
MD
LG