သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္ဝမ္ေရလက္ၾကားမွာ ကန္ စစ္သေဘၤာျဖတ္သန္း


USA-CHINA/TAIWAN-MILITARY

အေမရိကန္ စစ္သေဘၤာႏွစ္စင္းဟာ ဒီကေန႔ တနဂၤေႏြေန႔ မွာ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းေနတယ္လို႔ အေမရိကန္ေရတပ္က ေျပာပါတယ္။ ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ ဥကၠဌ နန္စီ ပလိုစီ သြားေရာက္ၿပီးကတည္းက ဒါဟာ အေမရိကန္စစ္သေဘၤာေတြ ျဖတ္သန္းတာ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

အေမရိကန္ အမွတ္ (၇) ေရတပ္က စစ္သေဘၤာေတြ ျဖစ္ၾကတဲ့ USS Antietam နဲ႔ USS Chancellorsville တို႔က ထိုင္ဝမ္ေရလက္ၾကားကို ပုံမွန္ျဖတ္ေနက်အတိုင္း ျဖတ္သြားၾကတာ ျဖစ္ပါတယ္လို႔ အေမရိကန္ေရတပ္က ဆိုပါတယ္။ ႏိုင္ငံတကာေရျပင္ကေန ျဖတ္သြားတာျဖစ္တယ္လို႔လည္း ေျပာပါတယ္။ တ႐ုတ္နဲ႔ ထိုင္ဝမ္ ကမ္းေျခအၾကားက ထိုင္ဝမ္ေရလက္ၾကားဟာ ၁၆၀ ကီလိုမီတာ က်ယ္ဝန္းပါတယ္။

အေမရိကန္ ေအာက္လႊတ္ေတာ္ဥကၠဌက ထိုင္ဝမ္ကို သြားေရာက္လည္ပတ္ၿပီးတဲ့အခါ တ႐ုတ္ဟာ စစ္သေဘၤာေတြ၊ ေလယာဥ္ေတြအျပင္ တာေဝးပစ္ ဒုံးက်ည္ေတြကိုပါ အသုံးျပဳၿပီး ထိုင္ဝမ္ ေရလက္ၾကားနဲ႔ ကမ္းေျခ တေလွ်ာက္မွာ စစ္ေရးေလ့က်င့္တာေတြ လုပ္ခဲ့ပါတယ္။ တ႐ုတ္က ထိုင္ဝမ္ကို သူ႔အခ်ဳပ္အျခာပိုင္ နယ္ေျမတစ္ခုအျဖစ္ သတ္မွတ္ထားၿပီး၊ ထိုင္ဝမ္က သီးျခားႏိုင္ငံအျဖစ္ ခြဲထြက္ေၾကညာမွာကို သည္းမခံေၾကာင္း ေၾကညာထားၿပီး ျဖစ္ပါတယ္။

အေမရိကန္က တ႐ုတ္တစ္ႏိုင္ငံတည္း မူဝါဒကို လက္ခံထားေပမဲ့ ထိုင္ဝမ္နဲ႔ အလြတ္သေဘာ ဆက္ဆံေရးကိုလည္း တည္ေဆာက္ထားတာပါ။ ထိုင္ဝမ္ရဲ႕ အနာဂတ္ကို ထိုင္ဝမ္မွာ ေနထိုင္သူေတြကသာ ဆုံးျဖတ္ရမယ္လို႔ အေမရိကန္က ေျပာပါတယ္။

=== Unicode ====

အမေရိကန် စစ်သင်္ဘောနှစ်စင်းဟာ ဒီကနေ့ တနင်္ဂနွေနေ့ မှာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းနေတယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။ ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီ ပလိုစီ သွားရောက်ပြီးကတည်းက ဒါဟာ အမေရိကန်စစ်သင်္ဘောတွေ ဖြတ်သန်းတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

အမေရိကန် အမှတ် (၇) ရေတပ်က စစ်သင်္ဘောတွေ ဖြစ်ကြတဲ့ USS Antietam နဲ့ USS Chancellorsville တို့က ထိုင်ဝမ်ရေလက်ကြားကို ပုံမှန်ဖြတ်နေကျအတိုင်း ဖြတ်သွားကြတာ ဖြစ်ပါတယ်လို့ အမေရိကန်ရေတပ်က ဆိုပါတယ်။ နိုင်ငံတကာရေပြင်ကနေ ဖြတ်သွားတာဖြစ်တယ်လို့လည်း ပြောပါတယ်။ တရုတ်နဲ့ ထိုင်ဝမ် ကမ်းခြေအကြားက ထိုင်ဝမ်ရေလက်ကြားဟာ ၁၆၀ ကီလိုမီတာ ကျယ်ဝန်းပါတယ်။

အမေရိကန် အောက်လွှတ်တော်ဥက္ကဌက ထိုင်ဝမ်ကို သွားရောက်လည်ပတ်ပြီးတဲ့အခါ တရုတ်ဟာ စစ်သင်္ဘောတွေ၊ လေယာဉ်တွေအပြင် တာဝေးပစ် ဒုံးကျည်တွေကိုပါ အသုံးပြုပြီး ထိုင်ဝမ် ရေလက်ကြားနဲ့ ကမ်းခြေ တလျှောက်မှာ စစ်ရေးလေ့ကျင့်တာတွေ လုပ်ခဲ့ပါတယ်။ တရုတ်က ထိုင်ဝမ်ကို သူ့အချုပ်အခြာပိုင် နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး၊ ထိုင်ဝမ်က သီးခြားနိုင်ငံအဖြစ် ခွဲထွက်ကြေညာမှာကို သည်းမခံကြောင်း ကြေညာထားပြီး ဖြစ်ပါတယ်။

အမေရိကန်က တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ခံထားပေမဲ့ ထိုင်ဝမ်နဲ့ အလွတ်သဘော ဆက်ဆံရေးကိုလည်း တည်ဆောက်ထားတာပါ။ ထိုင်ဝမ်ရဲ့ အနာဂတ်ကို ထိုင်ဝမ်မှာ နေထိုင်သူတွေကသာ ဆုံးဖြတ်ရမယ်လို့ အမေရိကန်က ပြောပါတယ်။

XS
SM
MD
LG