သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီးသစ္နဲ႔ ကန္၀န္ႀကီး ၂ ႏိုင္ငံဆက္ဆံေရးေဆြးေႏြး


FILE - This combination photo shows U.S. Secretary of State Antony Blinken in Washington, Dec. 15, 2022, and then-director of the Foreign Ministry Information Department of China Qin Gang, now foreign minister, in Beijing, Dec. 25, 2013.

အေမရိကန္ နုိင္ငံျခားေရး၀န္ႀကီးနဲ႔ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီးသစ္ Qin Gang တို႔ တနဂၤေႏြေန႔က တယ္လီဖုန္းနဲ႔ ေျပာဆို ေဆြးေႏြးခဲ့ၾကတယ္လို႔ ၀န္ႀကီး Antony Blinken က တြစ္တာ လူမႈစာမ်က္ႏွာ မွာေရးပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီးသစ္နဲ႔ ကန္၀န္ႀကီး ၂ ႏိုင္ငံဆက္ဆံေရးေဆြးေႏြး

{{Zawgyi/Unicode}}
အေမရိကန္ နုိင္ငံျခားေရး၀န္ႀကီးနဲ႔ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီးသစ္ Qin Gang တို႔ တနဂၤေႏြေန႔က တယ္လီဖုန္းနဲ႔ ေျပာဆို ေဆြးေႏြးခဲ့ၾကတယ္လို႔ ၀န္ႀကီး Antony Blinken က တြစ္တာ လူမႈစာမ်က္ႏွာ မွာေရးပါတယ္။ အေမရိကန္ဆုိင္ရာ တ႐ုတ္သံအမတ္ တာ၀န္ယူခဲ့ဖူးသူ Qin Gang ကို ႏုိင္ငံျခားေရး၀န္ႀကီးအျဖစ္ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ခန္႔အပ္ခဲ့ၿပီးတဲ့ေနာက္ ၀န္ႀကီးႏွစ္ဦး ခုလို ဖုန္းဆက္စကားေျပာဆိုခဲ့ၾကတာျဖစ္ပါတယ္။

အေမရိကန္-တ႐ုတ္ ႏွစ္ႏုိင္ငံဆက္ဆံေရး နဲ႔ ပြင့္လင္းတဲ့ ဆက္သြယ္ေဆာင္ရြက္မႈေတြ ဆက္လက္ထားရွိေရး ေျပာဆိုေဆြးေႏြးခဲ့တယ္လို႔ ၀န္ႀကီး Blinken ကေျပာပါတယ္။

တရုတ္နဲ႔ အေမရိကန္ၾကား မေျပမလည္ျဖစ္ေနတဲ့ ဆက္ဆံေရးေတြ တိုးတက္လာေအာင္ ၂ ႏိုင္ငံ ႀကိဳးပမ္းေနခ်ိန္မွာပဲ သမၼတ ရွိီက်င့္ဖ်င္ ရဲ ႔ ယုံၾကည္ရတဲ့ အႀကံေပးျဖစ္သူ တရုတ္သံအမတ္ႀကီး ကို ႏုိင္ငံျခားေရး၀န္ႀကီးသစ္အျဖစ္ ၿပီးခဲ့တဲ့ေသာၾကာေန႔မွာ ခန္႔အပ္လိုက္တာပါ။

ဆယ္စုႏွစ္တခုတာ ႏုိင္ငံျခားေရး၀န္ႀကီး တာ၀န္ယူခဲ့သူ Wang Yi ကေတာ့ တ႐ုတ္ႏုိင္ငံရဲ ႔ အာဏာရကြန္ျမဴနစ္ပါတီ ေပါလစ္ဗ်ဴ႐ို အဖြဲ႔၀င္အျဖစ္ ေအာက္တိုဘာလမွာပါ ရာထူးတိုးျမႇင့္ တာ၀န္ေပးလိုက္ၿပီး၊ တရုတ္ရဲ႔ ႏုိင္ငံျခားေရးမူ၀ါဒမွာ အေရးပါတဲ့ အခန္းက႑မွာ တာ၀န္ယူလိမ့္မယ္လို႔လည္း ခန္႔မွန္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

တရုတ်နိုင်ငံခြားရေး ဝန်ကြီးသစ်နဲ့ ကန်ဝန်ကြီး ၂ နိုင်ငံဆက်ဆံရေးဆွေးနွေး

{{Zawgyi/Unicode}}
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် Qin Gang တို့ တနင်္ဂနွေနေ့က တယ်လီဖုန်းနဲ့ ပြောဆို ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီး Antony Blinken က တွစ်တာ လူမှုစာမျက်နှာ မှာရေးပါတယ်။ အမေရိကန်ဆိုင်ရာ တရုတ်သံအမတ် တာဝန်ယူခဲ့ဖူးသူ Qin Gang ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ခန့်အပ်ခဲ့ပြီးတဲ့နောက် ဝန်ကြီးနှစ်ဦး ခုလို ဖုန်းဆက်စကားပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေး နဲ့ ပွင့်လင်းတဲ့ ဆက်သွယ်ဆောင်ရွက်မှုတွေ ဆက်လက်ထားရှိရေး ပြောဆိုဆွေးနွေးခဲ့တယ်လို့ ဝန်ကြီး Blinken ကပြောပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား မပြေမလည်ဖြစ်နေတဲ့ ဆက်ဆံရေးတွေ တိုးတက်လာအောင် ၂ နိုင်ငံ ကြိုးပမ်းနေချိန်မှာပဲ သမ္မတ ရှီကျင့်ဖျင် ရဲ့ ယုံကြည်ရတဲ့ အကြံပေးဖြစ်သူ တရုတ်သံအမတ်ကြီး ကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ပြီးခဲ့တဲ့သောကြာနေ့မှာ ခန့်အပ်လိုက်တာပါ။

ဆယ်စုနှစ်တခုတာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့သူ Wang Yi ကတော့ တရုတ်နိုင်ငံရဲ့ အာဏာရကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်အဖြစ် အောက်တိုဘာလမှာပါ ရာထူးတိုးမြှင့် တာဝန်ပေးလိုက်ပြီး၊ တရုတ်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ တာဝန်ယူလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

XS
SM
MD
LG