သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေရးစြမ္းအင္ ပိုျမန္ဆန္ဖြံ႔ၿဖိဳးေရး ကြန္ျမဴနစ္ညီလာခံအဖြင့္ ရွီေျပာၾကား


Opening ceremony of Chinese Communist Party Congress


တ႐ုတ္ႏိုင္ငံရဲ႕ စစ္တပ္ကို ပိုၿပီးျမန္ျမန္ ဖြံ႔ၿဖိဳးတိုးတက္ေအာင္လုပ္ဖို႔နဲ႔ အေမရိကန္နဲ႔ ပတ္သက္တဲ့ တ႐ုတ္ႏိုင္ငံရဲ႕ မူဝါဒေတြမွာ အေျပာင္းအလဲ မရွိဘူးလို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က ဒီေန႔က်င္းပတဲ့ တ႐ုတ္ကြန္ျမဴနစ္ပါတီ ညီလာခံဖြင့္ပြဲမွာ ေျပာၾကားလိုက္ပါတယ္။ ဒါအျပင့္ တ႐ုတ္ႏိုင္ငံရဲ႕ လူမႈအသိုင္းအဝိုင္းနဲ႔ စီးပြားေရးအေပၚ အာဏာရကြန္ျမဴနစ္ပါတီရဲ႕ ထိန္းခ်ဳပ္မႈေတြကိုလည္း ပိုၿပီးေတာ့ တင္းၾကပ္လိုက္ပါတယ္။ ေဘဂ်င္းၿမိဳ႕မွာ ဒီေန႔စတင္တဲ့ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ ႏွစ္စဥ္ပါတီညီလာခံကို ကိုယ္စားလွယ္ ႏွစ္ေထာင္ေက်ာ္ တက္ေရာက္ခဲ့ၿပီး သမၼတရွီက ၁ နာရီ နဲ႔ ၄၅ မိနစ္ၾကာ မိန႔္ခြန္းေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ အနာဂတ္စီးပြားေရးနဲ႔ ႏိုင္ငံေရး ဦးတည္တဲ့လမ္းေၾကာင္းေတြနဲ႔ ပတ္သက္ၿပီး သိႏိုင္ဖို႔အတြက္ ကုမၸဏီေတြ အစိုးရေတြနဲ႔ တ႐ုတ္ျပည္သူလူထုကလည္း အနီးကပ္ေစာင့္ၾကည့္ေနၾကတာ ျဖစ္ပါတယ္။ သမၼတရွီကေတာ့ တ႐ုတ္ႏိုင္ငံကို အားသစ္ေလာင္းတဲ့အေနနဲ႔ တ႐ုတ္စစ္တပ္နဲ႔ နည္းပညာဖြံၿဖိဳးတိုးတက္မႈေတြကို အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

အေမရိကန္အပါအဝင္ အာရွအိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ ကုန္သြယ္ေရး၊ နည္းပညာနဲ႔ လုံၿခဳံေရးဆိုင္ရာကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး တင္းမာမႈေတြျဖစ္ေနၿပီး ၊ စီးပြားေရးက်ဆင္းမႈေတြ ဆိုးဆိုး႐ြား႐ြား ျဖစ္ေနခ်ိန္မွာပဲ အခုလို ပါတီညီလာခံကို က်င္းပတာျဖစ္ၿပီး၊ ဒီပါတီညီလာခံကေန လာမယ့္ ၅ ႏွစ္အတြက္ ေခါင္းေဆာင္ေတြကို ေ႐ြးခ်ယ္သြားမွာ ျဖစ္ပါတယ္။ အစဥ္အလာအရ ပါတီေခါင္းေဆာင္တာဝန္ကို သက္တမ္း ၂ ႀကိမ္ ကန႔္သတ္ထားေပမယ့္၊ ဒီတႀကိမ္မွာေတာ့ သမၼတရွီက်င့္ဖ်င္ဟာ အဲဒီအစဥ္အလာကို ခ်ိဳးေဖာက္ၿပီး ေနာက္တႀကိမ္ သက္တမ္းတိုးသြားမယ္လို႔ ခန႔္မွန္းရပါတယ္။

===== Unicode ====

တရုတ်နိုင်ငံရဲ့ စစ်တပ်ကို ပိုပြီးမြန်မြန် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့နဲ့ အမေရိကန်နဲ့ ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒတွေမှာ အပြောင်းအလဲ မရှိဘူးလို့ တရုတ်သမ္မတရှီကျင့်ဖျင်က ဒီနေ့ကျင်းပတဲ့ တရုတ်ကွန်မြူနစ်ပါတီ ညီလာခံဖွင့်ပွဲမှာ ပြောကြားလိုက်ပါတယ်။ ဒါအပြင့် တရုတ်နိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ စီးပွားရေးအပေါ် အာဏာရကွန်မြူနစ်ပါတီရဲ့ ထိန်းချုပ်မှုတွေကိုလည်း ပိုပြီးတော့ တင်းကြပ်လိုက်ပါတယ်။ ဘေဂျင်းမြို့မှာ ဒီနေ့စတင်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ နှစ်စဉ်ပါတီညီလာခံကို ကိုယ်စားလှယ် နှစ်ထောင်ကျော် တက်ရောက်ခဲ့ပြီး သမ္မတရှီက ၁ နာရီ နဲ့ ၄၅ မိနစ်ကြာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အနာဂတ်စီးပွားရေးနဲ့ နိုင်ငံရေး ဦးတည်တဲ့လမ်းကြောင်းတွေနဲ့ ပတ်သက်ပြီး သိနိုင်ဖို့အတွက် ကုမ္ပဏီတွေ အစိုးရတွေနဲ့ တရုတ်ပြည်သူလူထုကလည်း အနီးကပ်စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ သမ္မတရှီကတော့ တရုတ်နိုင်ငံကို အားသစ်လောင်းတဲ့အနေနဲ့ တရုတ်စစ်တပ်နဲ့ နည်းပညာဖွံဖြိုးတိုးတက်မှုတွေကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန်အပါအဝင် အာရှအိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ နည်းပညာနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး တင်းမာမှုတွေဖြစ်နေပြီး ၊ စီးပွားရေးကျဆင်းမှုတွေ ဆိုးဆိုးရွားရွား ဖြစ်နေချိန်မှာပဲ အခုလို ပါတီညီလာခံကို ကျင်းပတာဖြစ်ပြီး၊ ဒီပါတီညီလာခံကနေ လာမယ့် ၅ နှစ်အတွက် ခေါင်းဆောင်တွေကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အစဉ်အလာအရ ပါတီခေါင်းဆောင်တာဝန်ကို သက်တမ်း ၂ ကြိမ် ကန့်သတ်ထားပေမယ့်၊ ဒီတကြိမ်မှာတော့ သမ္မတရှီကျင့်ဖျင်ဟာ အဲဒီအစဉ်အလာကို ချိုးဖောက်ပြီး နောက်တကြိမ် သက်တမ်းတိုးသွားမယ်လို့ ခန့်မှန်းရပါတယ်။

XS
SM
MD
LG