သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ား စည္းေဝးပြဲကို ကန္ နဲ႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးေတြ တက္မည္


Cambodia ASEAN

ကေမာၻဒီယားႏိုင္ငံမွာ ဒီကေန႔ ႏိုဝင္ဘာ ၂၀ ရက္၊ တနဂၤေႏြေန႔ကေန ၾကာသပေတးေန႔အထိ က်င္းပမယ့္ အေရွ႕ေတာင္အာရွ ကာကြယ္ေရး ဝန္ႀကီးမ်ား တိုးခ်ဲ႕အစည္းအေဝးကို တ႐ုတ္နဲ႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးေတြလည္း တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။

အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd J. Austin III နဲ႔ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး Gen. Wei Fenghe တို႔ ေတြ႔ဆုံဖို႔ ေက်ညာမထားေပမဲ့၊ တနဂၤေႏြေန႔က ထုတ္ျပန္ခဲ့တဲ့ တ႐ုတ္ကာကြယ္ေရး ဝန္ႀကီးဌာန ေက်ညာခ်က္မွာေတာ့ အဲဒီလို ေတြ႔ဆုံဖို႔ ဖြင့္ထားေၾကာင္း ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးႀကီး Col. Tan Kefei က ဆိုပါတယ္။

“အာဆီယံ တိုးခ်ဲ႕အစည္းအေဝးအတြင္း အေမရိကန္နဲ႔ ေဆြးေႏြးဖို႔ တ႐ုတ္က အျပဳသေဘာေဆာင္၊ ဖြင့္ထားတဲ့ သေဘာထား ရွိပါတယ္။ ႏွစ္ႏိုင္ငံလုံးဟာ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဆက္သြယ္ေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးကို သက္ဆိုင္ရာဌာနေတြက ထိန္းသိမ္းလုပ္ေဆာင္ေနၾကပါတယ္” - လို႔ ဗိုလ္မႉးႀကီး Tan က ဆိုပါတယ္။

တ႐ုတ္ရဲ႕ စစ္ေရးစြမ္းရည္က တက္လာေပမဲ့၊ ေရျပင္မွာေတာ့ အေမရိကန္ေရတပ္က လႊမ္းမိုးထားႏိုင္ဆဲ ျဖစ္ပါတယ္။ အေမရိကန္ဟာ ဖိလစ္ပိုင္နဲ႔ လုံၿခဳံေရးဆိုင္ရာ မဟာမိတ္ဖြဲ႔ထားၿပီး ျမန္မာကလြဲလို႔ အာဆီယံႏိုင္ငံအမ်ားစုနဲ႔ ခိုင္မာတဲ့ ဆက္ဆံေရး ရွိေနပါတယ္။ တ႐ုတ္ကေတာ့ ကေမာၻဒီးယားမွာ စစ္ေရးဆိုင္ရာ ဆိပ္ကမ္းတစ္ခုကို တည္ေဆာက္ေနပါတယ္။

အေရွ႕ေတာင္အာရွ ၄ ႏိုင္ငံနဲ႔ တ႐ုတ္အၾကား ေတာင္တ႐ုပ္ပင္လယ္ နယ္ေျမပိုင္ဆိုင္မႈနဲ႔ ပတ္သက္ၿပီး အျငင္းပြါးတာေတြ ရွိေနၾကပါတယ္။ ဒီနယ္ေျမအတြင္း ပဋိပကၡကို ေရွာင္ႏိုင္ဖို႔အတြက္ လိုက္နာရမယ့္ စည္းကမ္းေတြကို ခ်မွတ္ေနၾကေပမဲ့ တိုးတက္မႈက မဆိုစေလာက္သာ ရွိတာပါ။

ႏိုင္ငံတကာနဲ႔ ေဆြးေႏြးညႇိဳႏႈိင္းေဆာင္႐ြက္ေရးကို အေယာင္ျပလို႔၊ အေမရိကန္ဟာ သူ႔အက်ိဳးစီးပြါးကို ျမႇင့္တင္ေနၿပီး တ႐ုတ္ကို ဆန႔္က်င္လာေအာင္ အေရွ႕ေတာင္အာရွ တိုင္းျပည္ေတြကို ေျပာင္းဖို႔ ႀကိဳးစားေနတယ္လို႔ ဗိုလ္ခ်ဳပ္ႀကီး Wei Fenghe က ဒီ ညီလာခံမွာဘဲ ေျပာခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

==== Unicode ====

ကမ္ဘောဒီယားနိုင်ငံမှာ ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့ကနေ ကြာသပတေးနေ့အထိ ကျင်းပမယ့် အရှေ့တောင်အာရှ ကာကွယ်ရေး ဝန်ကြီးများ တိုးချဲ့အစည်းအဝေးကို တရုတ်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd J. Austin III နဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Gen. Wei Fenghe တို့ တွေ့ဆုံဖို့ ကျေညာမထားပေမဲ့၊ တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့တဲ့ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ကျေညာချက်မှာတော့ အဲဒီလို တွေ့ဆုံဖို့ ဖွင့်ထားကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Col. Tan Kefei က ဆိုပါတယ်။

“အာဆီယံ တိုးချဲ့အစည်းအဝေးအတွင်း အမေရိကန်နဲ့ ဆွေးနွေးဖို့ တရုတ်က အပြုသဘောဆောင်၊ ဖွင့်ထားတဲ့ သဘောထား ရှိပါတယ်။ နှစ်နိုင်ငံလုံးဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို သက်ဆိုင်ရာဌာနတွေက ထိန်းသိမ်းလုပ်ဆောင်နေကြပါတယ်” - လို့ ဗိုလ်မှူးကြီး Tan က ဆိုပါတယ်။

တရုတ်ရဲ့ စစ်ရေးစွမ်းရည်က တက်လာပေမဲ့၊ ရေပြင်မှာတော့ အမေရိကန်ရေတပ်က လွှမ်းမိုးထားနိုင်ဆဲ ဖြစ်ပါတယ်။ အမေရိကန်ဟာ ဖိလစ်ပိုင်နဲ့ လုံခြုံရေးဆိုင်ရာ မဟာမိတ်ဖွဲ့ထားပြီး မြန်မာကလွဲလို့ အာဆီယံနိုင်ငံအများစုနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိနေပါတယ်။ တရုတ်ကတော့ ကမ္ဘောဒီးယားမှာ စစ်ရေးဆိုင်ရာ ဆိပ်ကမ်းတစ်ခုကို တည်ဆောက်နေပါတယ်။

အရှေ့တောင်အာရှ ၄ နိုင်ငံနဲ့ တရုတ်အကြား တောင်တရုပ်ပင်လယ် နယ်မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွါးတာတွေ ရှိနေကြပါတယ်။ ဒီနယ်မြေအတွင်း ပဋိပက္ခကို ရှောင်နိုင်ဖို့အတွက် လိုက်နာရမယ့် စည်းကမ်းတွေကို ချမှတ်နေကြပေမဲ့ တိုးတက်မှုက မဆိုစလောက်သာ ရှိတာပါ။

နိုင်ငံတကာနဲ့ ဆွေးနွေးညှိုနှိုင်းဆောင်ရွက်ရေးကို အယောင်ပြလို့၊ အမေရိကန်ဟာ သူ့အကျိုးစီးပွါးကို မြှင့်တင်နေပြီး တရုတ်ကို ဆန့်ကျင်လာအောင် အရှေ့တောင်အာရှ တိုင်းပြည်တွေကို ပြောင်းဖို့ ကြိုးစားနေတယ်လို့ ဗိုလ်ချုပ်ကြီး Wei Fenghe က ဒီ ညီလာခံမှာဘဲ ပြောခဲ့ဖူးပါတယ်။

XS
SM
MD
LG